အပိုင်း ၂၅၁
ထန်းထျန်းယင်က ပြုံးကာ ပြော၏။
"လူအများစုက သူ့ကို လိုချင်နေကြတာပဲလေ။ ဒီတော့ ငါရဖို့ မလွယ်ပါဘူး"
ကျွင်းဟောင်က ထန်းထျန်းယင်၏ ပခုံးကို ပုတ်သည်။
"စိတ်ဓာတ် မကျပါနဲ့ မင်းသားလေး။ မင်းကလည်း တော်ပါတယ်"
"သခင်လေးကျွင်းရဲ့ ပါးစပ်က ဒီလိုစကားမျိုးကို ကြားရတာ ထူးခြားတာပဲ။ ကံဆိုးတာက ယွန်တိုင်းပြည်ရဲ့ တော်ဝင်မိသားစုရဲ့ လိုအပ်ချက်က မြင့်မားလွန်းနေခဲ့တယ်။ တကယ်လို့ မင်းသာ ဆိုရင်တော့ အဆင်ပြေနိုင်မှာပဲ"
ထန်းထျန်းယင်က ပြောသည်။
ကျွင်းဟောင်က ထန်းထျန်းယင်ကို ကြည့်ကာ ပြော၏။
"ငါက နိမ့်ကျပါတယ်၊ မင်းသမီးက ငါ့ကို စိတ်မဝင်စားလောက်ဘူး"
"ဒီလိုဆိုမှ မင်းနဲ့ ရှောက်ရုန်တို့ ဘယ်တော့ လက်ထပ်မှာလဲ"
ထန်းထျန်းယင်က မေးသည်။
"ရှောက်ရုန်က ဒါကို မတွေးချင်သေးတဲ့ ပုံပဲ"
ကျွင်းဟောင် သက်ပြင်းချသည်။
ထန်းထျန်းယင်က ကျွင်းဟောင်ကို ပခုံးပုတ်ကာ ပြော၏။
"ခရီးက ရှည်ပါသေးတယ်"
ကျွင်းဟောင်က ထန်းထျန်းယင်ကို ကြည့်သည်။
"ငါ့ ကိစ္စကို စိတ်မဝင်စားစမ်းပါနဲ့၊ မင်းသာ အဲဒီ မင်းသမီးကို ဘယ်လို ရအောင်ယူမလဲ စဥ်းစားထား"
ထန်းထျန်းယင်က ပြုံးကာ ပြော၏။
"ကံကြမ္မာက အကောင်းဆုံးပဲ။ မရရင်တော့ လွှတ်လိုက်ရုံပေါ့"
ကျွင်းဟောင်"..."
"ကြည့်ရတာ ဒီအမျိုးသမီးရဲ့ ပထမဆုံး လိုအပ်ချက်က မြင့်တယ်။
တောင်ထိပ်ကို တက်ပြီး အဲဒီ အနီရောင် ပန်းကို ခူးရမယ်။ လူဘယ်လောက်တောင်များ ဒီလမ်းကြောင်းမှာ သေလိမ့်မလဲ"
ထန်းထျန်းယင်က ပြောသည်။
ထိုပန်းနှင့် ပက်သက်ပြီး ထူးခြားသော ဒဏ္ဍာရီက ရှိခဲ့သေးသည်။ ကျန်းရှန်းခိုင်က သူ့မိန်းမကို ကိစ္စငယ်လေးတစ်ခုကြောင့် ရန်စမိပြီး သူ့မိန်းမကို ကျေနပ်စေရန် အလို့ငှာ ထိုတောင်သို့ တက်ကာ ပန်းကို ခူးရန် ကြိုးစားခဲ့ရာမှ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားခဲ့သည်။ အဆုံးတွင် သူက ပန်းကို ခူးလာခဲ့ပြီး သူ့မိန်းမထံသို့ ပြန်ရောက်လာခဲ့သည့်အတွက် သူ့ဇနီးမယား၏ နှလုံးသားကို ရရှိခဲ့၏။ ဒီနည်းအားဖြင့် ဒါကို အချစ်သက်သေပန်းအဖြစ် အသိအမှတ် ပြုလာကြသည်။
![](https://img.wattpad.com/cover/344407063-288-k81310.jpg)