274 01
အပိုင်း ၂၇၄
ချီရှောက်ရုန်က ပါးများ နီရဲနေသော ချီဟန်ကိုကြည့်ကာ မေးသည်။
"အားဟန် အဆင်ပြေရဲ့လား"
ချီဟန်က ခေါင်းခါသည်။
"အဆင်ပြေပါတယ်"
"ကျော့ယွန်ဖေး မင်းကို တစ်ခုခုများ လုပ်လိုက်လို့လား"
ချီရှောက်ရုန်က မေးသည်။
ချီဟန်က ခေါင်းခါ၏။
"မလုပ်ပါဘူး"
ကျွင်းဟောင်က ချီဟန်၏ မျက်နှာကို ကြည့်ကာ ပြောလိုက်သည်။
"ချီဟန် မင်းရဲ့မျက်နှာက နီရဲနေတာပဲ"
ချီဟန်က သူ့မျက်နှာသူ တစ်ချက်ပြန်စမ်းကြည့်ပြီးနောက် ပြောသည်။
"ဟုတ်လား၊ နေအရမ်း ပူလို့ဖြစ်မှာပါ"
ချီရှောက်ရုန် "..."
ကျွင်းဟောင်က ချီဟန်ကို ကြည့်ကာ ဆက်ပြောသည်။
"မင်းကို ကျော့ယွန်ဖေး ပန်းအနီပေးတာကို တွေ့လိုက်တယ်၊ သူ မင်းကို ဖွင့်ပြောလိုက်တာ မဟုတ်လား"
ချီဟန်က ကျွင်းဟောင်ကို တစ်ချက်ကြည့်ကာ မည်းမှောင်သွားပြီးနောက် ပြောသည်။
"မဟုတ်ပါဘူး၊ သခင်လေးကျွင်း ဘာလို့ စကားအရမ်းများနေတာလဲ၊ နောက်ပြီး အတွေးအရမ်းလွန်နေတယ်"
ကျွင်းဟောင်က မျက်လုံးလှန်၏။
"..."
ငါ ဒီအတိုင်း ကျော့ယွန်ဖေးက ပုံမှန်ထက် လွန်လွန်ကဲကဲပြုမူနေတယ်လို့ ခံစားရရုံပါပဲ။
လီယင်က ကျော့ယွန်ဖေးရှိရာဘက်သို့ ကြည့်ကာပြောသည်။
"ကျော့သခင်လေးနဲ့ဟန်သခင်လေးတို့ရဲ့ ဆက်ဆံရေးက တော်တော် ထူးခြားတဲ့ပုံပဲ"
"ဟုတ်တယ်"
ကျော့ယွန်ဖေး၏ အပြုအမူက အေးစက်သည်ဟု ထင်ရသည့်တိုင်အောင် ကျော့ယွန်ဖေးက အလွန်ထူးချွန်ကာ တော်သည့်လူတစ်ယောက်ဖြစ်သည်။ ထိုသူက စွမ်းအားကြီးမားလွန်းလှကာ သူနှင့် အနီးကပ်ဆုံးလူတွေဆိုလျှင် သူ့အကြောင်းကို ကောင်းစွာနားလည်ထားလောက်ပေ၏။ ထို့အပြင် ကျော့ယွန်ဖေးက ချီဟန်အပေါ် အလွန်ကောင်းမွန်လွန်းနေခဲ့သည်။