အပိုင်း၃၀၀
ကျင်းတိုင်းပြည်နှင့် ဟိုင်မျိုးနွယ်စုက အလွန်ဝေးကွာသည်။ ကံကောင်းသည်မှာ သူတို့က အလျင်မလိုကြပေ။ သူတို့က အသာအယာပင် ဖြည်းဖြည်းချင်းသာ သွားလေ့ရှိကြ၏။ အမှန်စင်စစ်ဆိုရသော် ကျေ့အိမ်တော်မှ မငြိမ်းချမ်းမှုကြောင့် အားလုံး ထွက်လာကြခြင်းဖြစ်သည်။
ချီရှောက်ရုန်က ကျွင်းဟောင်နှင့် ကျော့ယွန်ဖေးရှိရာဖက်သို့ကြည့်ကာ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
"သူတို့ တိုက်ခိုက်နေကြပြန်ပြီ"
ချီဟန်ကလည်း ခေါင်းညိတ်သည်။
"ဟုတ်တယ် ကျွင်းသခင်လေးပြောတာတော့ ကျော့ယွန်ဖေးရဲ့နယ်မြေကို ရှာဖွေဖို့ တိုက်ခိုက်ပေးမှ ဖြစ်မှာတဲ့"
"ဒါလည်းဟုတ်တာပဲ"
ကျွင်းဟောင်၏နယ်မြေက ပြင်းထန်စွာ တိုက်ခိုက်ရင်းမှ အတွေ့အကြုံရလာခဲ့ခြင်းဖြစ်လေရာ ကျော့ယွန်ဖေးကလည်း ထိုနည်းလမ်းဖြင့် အလုပ်ဖြစ်လောက်သည်။
သို့ရာတွင် တစ်စုံတစ်ရာက လွဲမှားနေသလိုခံစားနေခဲ့ရ၏။ အတိတ်အချိန်က ချီဟန်က သူခွန်အားဖြင့် ရုန်းကန်ခဲ့ရသည်။ သည်တစ်ကြိမ်တွင်မူ ကျော့ယွန်ဖေးက ကျွင်းဟောင်ကိုမနိုင်တော့ပေ။
ချီရှောက်ရုန်က မေးစေ့ကို ပွတ်ထားကာပြောလိုက်၏။
"ကျော့ယွန်ဖေးက ကျွင်းဟောင်ကို ရန်စမိသေးလား"
ချီဟန်က ခေါင်းခါသည်။
"ကျွန်တော် မသိဘူး"
ချီရှောက်ရုန်က ထိုနှစ်ယောက် တိုက်ခိုက်နေရာဘက်သို့ကြည့်ပြီးနောက် ခေါင်းကိုခါလိုက်သည်။
"တစ်ခုခုတော့ မှားနေသလိုပဲ မင်းရဲ့မိသားစုကလူက သူ့ကိုတောင် မနိုင်ဘူးထင်တယ်"
ချီဟန် "..."
ကျော့ယွန်ဖေးနှင့်ကျွင်းဟောင်က လမ်းတစ်လျှောက်လုံးနီးပါးတိုက်ခိုက်နေခဲ့ကြသည်။ ချီရှောက်ရုန်က ကျော့ယွန်ဖေး၏ လုပ်နိုင်စွမ်းကိုပင် လေးစားလာခဲ့၏။ သူက ထပ်ခါထပ်ခါ အရိုက်ခံရသည်။ ခဏနားပြီး တိုက်ခိုက်ကြပြန်၏။ ချီရှောက်ရုန်က ချီဟန်၏ ကျော့ယွန်ဖေးကို ကုသခဲ့သော နည်းလမ်းက ရက်စက်လွန်းသည်ဟုထင်သည်။ ယခုအခါမှသာ အခြားအကြံရလာခဲ့သ့ည်။