272 01
အပိုင်း ၂၇၂
ကျော့ယွန်ဖေးက ချီဟန်ကို လှည့်ကြည့်ကာ ပြော၏။
"ဘာလို့ မစားတာလဲ"
"စားချင်စိတ် မရှိဘူး"
ကျော့ယွန်ဖေးက ခေါင်းကို ခါသည်။ အလွန်အမင်း ကောင်းမွန်ဟန် ရသော ဟင်းလျာများကို ကြည့်ပြီးနောက် ပြော၏။
"ဘာလို့ စားချင်စိတ် မရှိတာလဲ"
ချီဟန်က ကျော့ယွန်ဖေးကို ကြည့်သည်။
"ဘာလို့လဲဆိုတော့ မင်းငါ့အနားမှာ ထိုင်နေတယ်လေ။ စားချင်စိတ်ကို မရှိတော့ဘူး"
"ဘယ်လို ဖြစ်နိုင်မှာလဲ။ မင်း နောက်နေတာပဲ။ လူအများစုက ငါနဲ့ စကားပြောခွင့် ရဖို့တောင် မနည်းကြိုးစားနေကြတာ"
ကျော့ယွန်ဖေးက သဘောမတူနိုင်ပေ။
ချီဟန်ကလည်း အသက်ပြင်းပြင်း ရှူကာ ပြော၏။
"ဒီစားစရာတွေက ဘာစကားမှ မများဘူး။ မင်းကတော့ ဆိုးရွားတဲ့စကားတွေ ဆက်တိုက်ပြောနေတာလေ။ ပါးစပ်ပိတ်ထားလို့ ရမလား"
ကျော့ယွန်ဖေး"..."
...
ချီရှောက်ရုန်က ချီဟန်၏အနားသို့ ကပ်သွားကာ မေးလိုက်၏။
"အားဟန် မင်းနဲ့ ကျော့သခင်လေးတို့ အခြေအနေ ဘယ်လိုရှိလဲ"
ချီဟန်က သူ့ကို ကြည့်သည်။
"ကျွန်တော် မသိဘူး။ အဲဒီကောင်က ရူးနေတာ ဖြစ်မယ်။ သူ ဘာလုပ်ချင်နေမှန်း နားမလည်နိုင်ဘူး"
ချီရှောက်ရုန်က ပြုံးကာ ပြော၏။
"ငါထင်တာ မမှားဘူးဆိုရင် ကျော့သခင်လေးက မင်းကို သဘောကျနေတာပဲ ဖြစ်ရမယ်"
ချီဟန်က နှာခေါင်းရှုံ့သည်။
"ဘယ်လို ဖြစ်နိုင်ပါ့မလဲ"
"သူ မနာလိုနေတာ သိသာကြီးပဲလေ"
"ဘာကို မနာလိုတာလဲ"
ချီရှောက်ရုန်က လက်ကို ပိုက်ထားကာ ချီဟန်ကို စသလို ကြည့်သည်။ ချီဟန်က မျက်နှာကို လှည့်၏။ သူက ပင်လယ်ပြင်ကို ကြည့်သည်။ သူက ပြော၏။