အပိုင်း ၃၁၁
သူတို့ လမ်းခွဲလိုက်ကြသည်။
"ဟုတ်တော့ မဟုတ်သေးဘူး၊ ဟန့်လေ ပြောတဲ့အတိုင်းဆိုရင် သူ သမားတော်နဲ့တွေ့ခဲ့တယ်လို့ မပြောခဲ့ဘူးလား၊ သမားတော်ဆိုတော့ သေချာပေါက် ပတ်ဝန်းကျင်မှာ စစ်သည်တော်တွေ ဝိုင်းနေမှာပဲလေ"
ဂျက်စီ၏ အနားတွင်ရှိသော စစ်သည်တော်တစ်ယောက်က ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိကာ ပြောလိုက်သည်။
ဂျက်စီက ခေါင်းကိုငုံ့သွား၏။
"ဖရက်က ကံကောင်းလွန်းတယ်၊ သူက ကုသခံရရုံတင်မကဘူး မေးလ်ကိုလည်း ကယ်လိုက်တယ်"
မေးလ်က ဂျက်စီကို သူ လမ်းဆက်မလျှောက်နိုင်တော့ကြောင်း ပြောလိုက်သည်။ ဂျက်စီက သူမကို ကျောပိုးသွား၏။ သို့ရာတွင် ဂျက်စီ၏မျက်နှာက ပျက်ယွင်းနေခဲ့ရာ သူမ စကားမပြောလိုတော့ပေ။
...
ကျွင်းဟောင်တို့က အသာအယာပင် တောအုပ်ထဲမှ ပြန်ရောက်လာခဲ့သည်။ ဖရက်က ကျွင်းဟောင်နားသို့ ရောက်လာကာ ပြောလိုက်၏။
"မင်းရဲ့ခွန်အားက ထပ်ပြီး တိုးတက်လာတာပဲ"
ကျွင်းဟောင်က ပြုံးလိုက်သည်။
"မင်းရော အဆင်ပြေလား"
ဖရက်၏ မျက်ဝန်းထဲ ထူးခြားသော အလင်းများလက်သွား၏။ ကျွင်းဟောင်၏ ခွန်အားနှင့် သူ့အဖွဲ့က လုပ်ဆောင်နိုင်စွမ်းများက မြင့်မားလွန်းလှသည်။ သို့ရာတွင် ကျွင်းဟောင်၏ ခွန်အားက ဆက်တိုက်တိုးတက်လာနေခဲ့ခြင်းဖြစ်သည်။ သူ့အဖွဲ့မှ လူများပင် ကျွင်းဟောင်ကို နောက်ပိုင်းတွင် လိုက်မှီနိုင်တော့မည်မထင်ပေ။
ရီဖန်၏ ကိုယ်က လေထဲတွင် လွင့်မြောနေသည်။ ရောင်စုံမြွေက သူ့ကို လွှမ်းခြုံထား၏။ ဖရက်က ရီဖန်၏ လုပ်ဆောင်မှုကို မျက်မှောင်ကြုတ်ကာ ကြည့်သည်။ ထိုငါးရောင်ခြယ်မြွေက လူအများစု ရှောင်ရှားလာသော မြွေကြီးဖြစ်သည်။ ဖရက်က သမားတော်နှင့်ပါလာသော ထိုလူကို သဘောကျနှစ်သက်ပြီး ထိုလူက အဆိပ်ရှိမြွေများကို သဘောကျကြောင်းတွေ့ခဲ့ရသည်။ ရီဖန်က ပထမဆုံးအကြိမ် အဆိပ်ရှိမြွေများကို ဖမ်းခြင်းမဟုတ်ပေ။ ရီဖန် မြွေဖမ်းခြင်းကို သူ မြင်သည့်အချိန်တိုင်း မသက်မသာ ခံစားနေခဲ့ရသည်။