Unicode
အပိုင်း(၂၀၁)"မင်းပြောတော့ ဟိုင်လင်းက ပင်လယ်မျိုးနွယ်ဝင်သားဆို ဒါဆိုရင် ဒီအယ်လီဆိုတာကလည်း..."
"ဟုတ်တယ်။သူမ ကြည့်ရတာ ရေသူမျိုးနွယ်က ဖြစ်လောက်တယ်။ပြောရရင် ပင်လယ်နယ်မြေမှာ ရေသူမျိုးနွယ်ရဲ့ အဆင့်အတန်းက မနိမ့်ကျဘူး"
"ဒါဆိုရင် ဘာလို့ ဒီလောက်လှတဲ့ ရေသူမကို ဟိုင်လင်းက ငြင်းတာလဲ"
ချီရှောက်ရုန် နားမလည်နိုင်တော့ပေ။
ပိုင်လျိုယွန် မေးစေ့ကို ပွတ်ကာ တွေးသည်။
"သူတို့က မျိုးနွယ်အစဥ်အဆက်လက်ထပ်နေကြပဲ၊ အခုကျမှ ဘာဖြစ်လို့ ငြင်းတာလဲ"
ချီဟန်က ချီရှောက်ရုန်နှင့် ပိုင်လျိုယွန်ကို ကြည့်ကာ ပြောသည်။
"အဲဒီအမျိုးသမီးက အမှားလုပ်ထားလို့ ဖြစ်ရမယ်။ ကျွန်တော်က ဟိုင်လင်း လျိုယွန်အပေါ်ထားတဲ့ ဆန္ဒကို ပိုပြီး စိတ်ဝင်စားတယ်"
ပိုင်လျိုယွန်က ချီဟန်ကိုကြည့်သည်။
"အားဟန် မင်းဘာတွေ ပြောနေတာလဲ"
ချီဟန်က ပြောသည်။
"မင်းပဲ ဒါမျိုးကို သဘောကျတာ မဟုတ်လား"
ပိုင်လျိုယွန်"..."
...
ချီရှောက်ရုန်က မြို့အရှင်စံအိမ်၏ ကိစ္စအားလုံးကို လွှဲထားနိုင်လေရာ တစ်လမကြာခင်အချိန်တွင် စံအိမ်က ပြီးပြည့်စုံစွာ တည်ဆောက်ပြီးသွားခဲ့သည်။အလုပ်တွေအားလုံး အလျင်မီရန် အလို့ငှာ ချီရှောက်ရုန်က ပိုက်ဆံအများအပြားထုတ်သုံးခဲ့ရသေးသည်။
ထိုကျွင်းဟောင်က လူအယောက်တစ်ရာနီးပါးကို ကိုင်တွယ်ကာ ဦးစီးညွှန်ကြားခဲ့သည်။ မြို့အရှင်စံအိမ်က ကန္တာရကဲ့သို့ တိတ်ဆိတ်နေ၍ မရသည့်အတွက် လူပေါင်းများစွာလည်း ငှားရမ်းခဲ့ရသေးသည်။
ချီရှောက်ရုန်က မြေအောက်ဓာတ်ခွဲခန်းအတွင်းသို့ ဝင်ကာပြောလိုက်သည်။
"ဘယ်လိုနေလဲ"
ကျွင်းဟောင်ကပြောသည်။
"အဆင်ပြေမှာပါ"
ကျွင်းဟောင်က အလင်းတန်းအနည်းငယ် ပို့လွှတ်လိုက်ရုံမျှဖြင့် ထိုအလှကုန်ဘူးအပေါ် လွှမ်းခြုံသွားပြီးနောက် ထိုအလှကုန်က လင်းလက်တောက်ပလာသည်။ ချီရှောက်ရုန်က အနားသို့သွားကာ ကြည့်လိုက်သည်။
"ကောင်းပြီ ငါ စမ်းကြည့်မယ်။ရေဓာတ် အနည်းငယ်ရသလိုပဲ"
ပင်လယ်မျိုးနွယ်ဝင်များထံသို့ အလှကုန်များကို ရောင်းချရန်အတွက် ရေစိုခံအလှကုန်များကို ပြုလုပ်ပေးနိုင်ရန် လိုအပ်သည်။
ရေအခြေပြုပညာရှင်တစ်ယောက်ကို သွားရှာမည်ဆိုလျင် ပစ္စည်းတစ်ခုချင်းစီတိုင်းအတွက် ပေးချေနေရမည်ဖြစ်သည်။ကံကောင်းစွာဖြင့်ပင် ကျွင်းဟောင်က ရှိနေခဲ့သည်။သူက ထူးခြားသည့် အစီအစဥ်အခင်းအကျင်းတစ်ခုကို လုပ်ထားသဖြင့် ထိုအောက်တွင် အလှကုန်ပစ္စည်းများကို ထည့်လိုက်ရုံမျှဖြင့် ထိုရေစိုခံသည့် သဘာဝကို ရရှိပြီးသားဖြစ်သွားသည်။ ထို့ကြောင့် ဒီကိစ္စက ဖြေရှင်းပြီးသား ဖြစ်သွားခဲ့၏။
မူလက ချီရှောက်ရုန်က ထိုသို့လုပ်ရန် မဖြစ်နိုင်ဟု ခန့်မှန်းမိသည့်တိုင်အောင် ကျွင်းဟောင်ကမူ ကောင်းမွန်စွာဖြင့် လုပ်ဆောင်ပေးနိုင်ခဲ့သည်။
"မင်းက ဒီလိုလုပ်နိုင်စွမ်း ရှိမယ်လို့ မထင်ထားမိဘူး"
ချီရှောက်ရုန်က ချီးကျူးလိုက်သည်။
ကျွင်းဟောင်က ပြုံး၏။
"ငါသိတဲ့ အရာတွေ အများကြီးရှိနေသေးတယ်။မင်းနားမလည်တာရှိရင် ငါ့ကိုလာမေးလို့ရတယ်။ငါနဲ့ များများအဆက်အသွယ် လုပ်လေလေ ငါ့အကြောင်း ပိုသိလာလေလေ ဖြစ်လာမှာပေါ့"
ချီရှောက်ရုန်"..."
ကျွင်းဟောင် ဒီကောင် ကြုံတုန်းကြွားနေတာလား။နည်းနည်းလေး မြှောက်ပေးလိုက်တာနဲ့ ကောင်းကင်ကို ထိုးတက်သွားတော့မယ်ထင်တယ်။
"ငါ ပင်လယ်ဘက်ကိုသွားမလို့"
ကျွင်းဟောင်၏ မျက်လုံးများက မှေးကျဥ်းသွားကာ ချီရှောက်ရုန်ကို ကြည့်သည်။
"မင်းက ဘာသွားလုပ်မှာလဲ"
"ဒီအတိုင်း ခရီးတိုလေးပေါ့"
ကျွင်းဟောင်က ခေါင်းညိတ်သည်။
"ငါလည်း လိုက်မယ်"
"ဘာလဲ မင်းငါ့ကိုမတားဘူးလား"
မင်း ဒီလောက်သွားချင်နေတာ ငါသိတာကို ဘာလို့တားရမှာလဲ။ ငါက မင်းနဲ့အတူ လိုက်ခဲ့မယ့်သူလေ"
ကျွင်းဟောင်က ထိုသို့ပြော၏။
ချီရှောက်ရုန်"..."
...
