Part 215

1.3K 169 1
                                    

အပိုင်း ၂၁၅

"အရှင် အရှင် အရှင့်ရဲ့ပြဿနာတွေက မသေးဘူးပဲ"

အနက်ရောင်ဝတ်စုံနှင့်လူက ရှင်းပြသည်။

ချီရှောက်ရုန်က ပြုံးလိုက်၏။

"အဆင်ပြေပါတယ်"

"ပင်လယ်မျိုးနွယ်ဝင်တွေကြားမှာ အရမ်းကျော်ကြားနေတာကိုး"

ချီရှောက်ရုန်က စပ်စုလိုက်သည်။

"ဘယ်လိုကျော်ကြားတာလဲ"

"ကောလာဟလတော့ ဟိုင်လုံမျိုးနွယ်ရဲ့ရတနာက မြို့ရဲ့အရှင်သခင်စံအိမ်မှာ ရှိနေတယ်တဲ့"

"ပေါက်ကရတွေ ပြောနေတာပဲ၊ ဟိုင်လုံမျိုးနွယ်ဝင်ရတနာက ဟိုင်လုံမျိုးနွယ်စုမှာပဲ ရှိနေမှာပေါ့"

အနက်ရောင်ဝတ်ရုံနှင့်လူက ပြောသည်။

"ဟိုင်ဝမ်ကျူက ဟိုင်လုံမျိုးနွယ်တွေ ပိုင်တဲ့အရာပဲ၊ ငါ အဲဒါမျိုးကို စိတ်မဝင်စားဘူး၊ ဒါပေမဲ့ စိတ်ဝင်စားတဲ့လူတွေကတော့ အများကြီးပဲ၊ ဒီတော့ မင်း ဂရုစိုက်ရင် ကောင်းမယ်။"

ချီရှောက်ရုန်က ခေါင်းညိတ်သည်။

"စီနီယာ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ကျွင်းဟောင်က မျက်မှောင်ကြုတ်သည်။ သူ သိထားသည့်အတိုင်းဆိုလျှင် အလွန်အင်အားကြီးသည့် တစ်စုံတစ်ယောက်က ဟိုင်ဝမ်ကျူက မြို့အရှင်သခင်ထံတွင် ရှိနေကြောင်း သတင်လွှင့်လိုက်၍ ဖြစ်ပေလိမ့်မည်။ တစ်ဖက်သူကိုပင် ကျွင်းဟောင် ခန့်မှန်းမိသည့်တိုင်အောင် သူ ဘာမှမလုပ်နိုင်ပေ။

..

အနက်ရောင်ဝတ်စုံနှင့်လူက အခန်းအတွင်းသို့ ဝင်သွားပြီးနောက် ချီရှောက်ရုန်က ပြော၏။

"ဒီခုတင်ပေါ်မှာ လှဲလိုက်ပါ"

ကျွင်းဟောင် စိတ်အချဉ်ပေါက်သွားသည်။ သည်အခန်းက သူ့အတွက်ဖြစ်သင့်သည်။ အနာဂတ်တွင်သူတို့ သည်နေရာတွင် လှိမ့်နိုင်၏။ ဒါက ပြဿနာမရှိပေ။ သို့သော် အခြားအလွန်ဝသည့်သူတစ်ယောက်ကို သည်ခုတင်တွင် အိပ်ခိုင်းခြင်းက ...။

ကံဆိုးစွာဖြင့်ပင် ချီရှောက်ရုန်က ဒီခုတင်ကို သဘောမကျသည့်အတွက် လူတိုင်းကို အသုံးပြုရန် ပေးနေခြင်းလည်းဖြစ်သည်။ ရလဒ်အနေဖြင့် ယခုလိုဖြစ်ခဲ့ရ၏။

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Where stories live. Discover now