Part 243

1.4K 177 1
                                    

အပိုင်း ၂၄၃

ဟိုင်လင်းသည် ဟိုင်လုံမျိုးနွယ်မှ အကြီးမားဆုံး စီးပွားရေး လုပ်ငန်းစုကြီး၏ ပိုင်ရှင်ဖြစ်သည်။ ဟိုင်လုံတွင်လည်း ကျွမ်းကျင်ပညာရှင်များစွာ ရှိ၏။ ဟိုင်လုံနန်းတော်မှာ အလွန်အမင်း ခမ်းနားကာ ဇိမ်ခံပစ္စည်းများ အပြည့်ပင် ရှိသည်။

ပိုင်လျှိုယွန်သည် အချို့သော ပင်လယ်နဂါး ဆယ်ကျော်သက်များကို မြင်လိုက်ရသည်။

"ဒါက အစ်ကိုဟိုင်လင်း ကြိုက်တယ်ဆိုတဲ့ လူလား"

"သူက လူလား၊ ရေသူမျိုးနွယ်လား"

"သူက ဝလိုက်တာ"

ပိန်ပါးသော ဟိုင်လုံမျိုးနွယ် တစ်ယောက်က ပြောသည်။

ပိုင်လျှိုယွန်၏ မျက်နှာမှာ မည်းမှောင်သွား၏။ သူသည် ထိုလူကို သေလူကဲ့သို့ စိုက်ကြည့်လိုက်သည်။ ပိုင်လျှိုယွန်သည် ထိုပိန်ပါးသော ဟိုင်လုံမျိုးနွယ် လူသားလေး အနားသို့ ကပ်သွားကာ အမြီးမှနေပြီး ဇောက်ထိုး ဆွဲထားလိုက်၏။

သို့သော် ဟိုင်လင်းက ဘေးကနေ တားလိုက်သည်။

"ဟိုင်လုံမျိုးနွယ်တွေရဲ့အ မြီးတွေကို မထိတာကောင်းတယ်"

ပိုင်လျှိုယွန်မှာ နှာခေါင်းရှုံ့လိုက်ပြီး သူ ဖမ်းမိထားသည့် ထိုသူကို ကြည့်လိုက်၏။ ထို့နောက် သူသည် ခက်ထန်သော လေသံဖြင့် ပြောလိုက်၏။

"ကလေး မင်းဝတယ်ဆိုတဲ့ သူက မင်းကို ညှစ်သတ်လို့ ရတယ်ဆိုတာ ယုံလား"

ဟိုင်လင်းက အနားသို့ရောက်လာကာ ပိုင်လျှိုယွန်ကို တားလိုက်၏။

"သူက ငယ်ပါသေးတယ်၊ ဘာလို့ သူ့ကို ဂရုစိုက်နေတာလဲ"

ပိုင်လျှိုယွန်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

"ငယ်ငယ်ကြီးကြီး ဒီအရွယ်ကတည်းက သေချာသင်ထားတာ ကောင်းတာ မဟုတ်ဘူးလား၊ အနာဂါတ်ကျရင် သူ့ကို ဘယ်လို ထိန်းတော့မလဲ"

ဟိုင်လင်း "..."

"ဟိုင်လုံလူမျိုးတွေရဲ့ အမြီးက အန္တရာယ်များတယ် ဆိုတော့ ထိလိုက်ရင် ဘာဖြစ်မှာလဲ"

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Where stories live. Discover now