Part 211

1.4K 191 3
                                    

အပိုင်း ၂၁၁

ပိုင်လျှိုယွန်က လှည့်ကြည့်ကာ လူတိုင်းကို ကြည့်ပြီးနောက် အသက်ပြင်းပြင်းရှူကာ ပြောသည်။

"တကယ်တော့ ဟိုင်ဝမ်ကျူက ကျွန်တော့်လက်ထဲမှာပါ"

ကျွင်းဟောင်က လက်ပိုက်ကာ ပိုင်လျှိုယွန်ကိုကြည့်သည်။ ဟိုင်လုံ၏ရတနာက ဟိုင်လုံမိသားစုနှင့် ရေသူမျိုးနွယ်၏ သင်္ကေတတစ်ရပ် ဖြစ်သည်။ ဟိုင်ဝမ်ကျူဟာ ပိုင်လျှိုယွန်လက်ထဲတွင် ရှိနေကတည်းက ပိုင်လျှိုယွန်တွင် ပင်လယ်မျိုးနွယ်နှင့် ဆက်ဆံရေးကောင်း တစ်ခု ရှိနေပေလိမ့်မည်။

ချီရှောက်ရုန်က စိတ်လှုပ်ရှားသွား၏။

"ဟိုင်ဝမ်ကျူကို ငါ အမြဲတမ်းကြားနေရပေမဲ့ မင်းဆီမှာ ရှိနေမယ်လို့ မထင်ဘူး၊ ဒီလိုဆိုတော့ လျှိုယွန် မင်း ဟိုင်လုံမျိုးနွယ်ကို လက်ထပ်ရတော့မှာပဲ၊ ငါ ဟိုင်လုံမျိုးနွယ်ဝင်အကြောင်းကို သိပ်မသိဘူး၊ အဲဒီကောင်က ပင်လယ်နဂါးမျိုးနွယ်ရဲ့ သခင်လေး ဟိုင်လင်းသာ ဖြစ်နေမယ်ဆိုရင်တော့ တော်တော်လေးကို အဆင်ပြေတယ်၊ မင်းအနေနဲ့ မနစ်နာစေရပါဘူး"

ပိုင်လျှိုယွန်က ချီရှောက်ရုန်ကို ကြည့်သည်။

"သခင်လေး သခင်လေး ဘာကို ပြောချင်တာလဲ"

ချီရှောက်ရုန်က ပြုံးသည်။

"လျှိုယွန် မင်း ဟိုင်ဝမ်ကျူကို ဘယ်က ရလာတာလဲ"

"ကျွန်တော့်အမေ ပေးခဲ့တာ"

ပိုင်လျှိုယွန်က စကားကို ရပ်ပြီးနောက် ဆက်ပြော၏။

"ကျွန်တော်တို့ မျိုးရိုးမျိုးဆက်မှာ အခြားမောင်နှမဝမ်းကွဲတွေမရှိတော့ အဲဒီဘုရင် သေသွားတာနဲ့ အမေက တစ်ဦးတည်းသော ဆက်ခံမဲ့သူပဲ၊ ဒါပေမဲ့ ကျွန်တော့်အမေက အားနည်းပြီး ရေသူမျိုးနွယ်အကြီးအကဲတွေက သဘောမကျကြလို့ ဒီပလ္လင်က လက်ရှိ ရေသူဘုရင်လက်ထဲကို ရောက်သွားခဲ့တာပဲ၊ အပြင်လူပေါ့"

"ဒီဟိုင်ဝမ်ကျူဆိုတာက ရေသူမျိုးနွယ်ရဲ့ရတနာပဲ၊ ဒါပေမဲ့ ကျွန်တော့်မိခင်က ဟိုင်ဝမ်ကျူကို အရမ်းသဘောကျလွန်းလို့ ဦးရီးတော်က ပေးခဲ့တာ၊ အရင်ဘုရင်ပေါ့၊ ဟိုင်ဝမ်ကျူဆိုတာက ကျွန်တော့်မိခင် ဆော့ကစားနေကြ ပစ္စည်းတစ်ခုပဲ"

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Where stories live. Discover now