242 01
အပိုင်း ၂၄၂
ချီရှောက်ရုန်သည် အပြင်ဘက် ထွက်လာသည့်အခါ ပိုင်လျှိုယွန်ကို ခေါင်းမိုးပေါ်တွင် မြင်လိုက်ရသည်။
"ဘာလို့ အိမ်ထဲမှာ မအိပ်ဘဲ ခေါင်မိုးပေါ် တက်နေတာလဲ" ချီရှောက်ရုန်က မေးလိုက်သည်။
ပိုင်လျှိုယွန်က "ဒီအတိုင်း အိပ်မပျော်လို့ အပြင်ထွက်နေတာပါ" ခပ်ပြုံးပြုံး ပြောလိုက်၏။
"ရေသူမျိုးနွယ်က အကြီးအကဲတွေ မင်းကို ထပ်ပြီး လာတွေ့ပြန်ပြီ မဟုတ်လား"
ချီရှောက်ရုန် ထပ်မံ၍ မေးလိုက်ပြန်သည်။
ပိုင်လျှိုယွန်က ခေါင်းညိတ်၏။
"နှစ်ဖွဲ့လာကြတယ်၊ တစ်ဖွဲ့ကတော့ ကျွန်တော် မိသားစုကို ပြန်ပြီး ကာကွယ်ပေးရမယ်လို့ ပြောတယ်၊ အခြားတစ်ဖွဲ့ကတော့ ကျွန်တော်က လူသားလို့ ထင်ကတည်းက မှော်တုတ်တံကို ကိုင်ထားခွင့်မရှိဘူးလို့ ပြောလာတယ်"
"အဲဒီရေသူမျိုးနွယ်က မင်းကို ခက်ရင်းခွ ပြန်ပေးခိုင်းနေတာလား" ချီရှောက်ရုန်က မကျေမနပ် ပြောသည်။
"ဟုတ်တယ်"
"အာ အဲဒီလူတွေ နေ့ခင်းကြောင်တောင်ကြီး အိပ်မက်မက်နေတာပဲဖြစ်မယ်" ချီရှောက်ရုန်က မပျော်မရွှင်ပြောသည်။
ပိုင်လျှိုယွန်က "ဟုတ်တယ်၊ ကျွန်တော် ရေသူမျိုးနွယ်ရဲ့ ကယ်တင်ရှင်ဖြစ်ဖို့ စိတ်မဝင်စားဘူး၊ နောက်ပြီး လူကောင်းတစ်ယောက်ဖြစ်ဖို့လည်း စိတ်မဝင်စားဘူး" ဟု ဆို၏။
ပင်လယ်ဘုရင် ခက်ရင်းခွဆိုသည်မှာ သေဆုံးခြင်း နတ်ဘုရားနယ်မြေမှ ထွက်လာခဲ့ခြင်း ဖြစ်သည်။ လူအိုကြီးများစွာက ထွက်လာခဲ့ကာ အလကားနေရင်း ပြန်ယူချင်မည် ဆိုလျှင်ပင် ပိုင်လျှိုယွန်က ပေးလိမ့်မည် မဟုတ်ပေ။ ပိုင်လျှိုယွန်သည် အသက်ပြင်းပြင်းရှူကာ ဆက်ပြောလိုက်သည်။
"ကျွန်တော် ဒီမှာနေရင် သခင်လေးကိုပါ ပြဿနာတွေ တက်စေမယ်ထင်တယ်"
ချီရှောက်ရုန်က "ငါက ပြဿနာတွေကို ကြောက်လို့လား၊ ပြဿနာတွေရှိရင် ငါတို့က လမ်းရှင်းရမယ်လေ" အပြုံးမပျက် ပြန်ပြောလိုက်၏။