230 01
အပိုင်း ၂၃၀
မော့ယွန်နန်က ပြုံးသည်။
"ငါ နဂိုက ကျွင်းဟောင်နဲ့ ချီရှောက်ရုန်တို့က ဆက်ဆံရေးမကောင်းဘူးလို့ ကြားထားတာ၊ ကြည့်ရတာတော့ မဟုတ်တဲ့ပုံပဲ"
"ဘယ်သူကများ မကောင်းဘူးလို့ ပြောရဲတာလဲ"
"ငါကြားတာတော့ ချီရှောက်ရုန်ဘေးက တစ်ယောက်က ပင်လယ်ထဲက ရွှေရေသူမရဲ့ မျိုးဆက်ပဲ"
မော့ယွန်နန်က ပြောသည်။
ထိုလူအိုကြီးက မျက်မှောင်ကြုတ်၏။
"ဒါက ကောလာဟလပါပဲ၊ နားလည်မှုလွဲတာ တစ်ခုခုရှိနေတဲ့ပုံပါပဲ"
မော့ယွန်နန်းက ခေါင်းခါသည်။ သူက လမ်းကိုကြည့်ကာပြော၏။
"ငါ သိတယ်၊ ဒါက ကောလာဟလ မဟုတ်လောက်ဘူး၊ ဟိုင်လင်း အဲဒီလူအပေါ် ဆက်ဆံပုံက သာမန်မဟုတ်ဘူး၊ အဲဒီထဲမှာ ချစ်ခြင်းတရားတွေတောင် ပါဝင်နေလောက်တယ်"
ရှန်းယွမ်နှင့်ချီရှောက်ဖူတို့က မြို့အရှင်စံအိမ်တွင်သာ နေကြသည်။ အကြောင်းမူကား ချီရှောက်ဖူနှင့်အခြားသူများက အကူအညီဆိုသည့် နာမည်အောက်တွင် ရောက်လာခဲ့ခြင်းရှိလေရာ ချီရှောက်ရုန်က ချီရှောက်ဖူနှင့်အခြားသူများကို ချီဟန်၏လက်အောက်တွင် အလုပ်လုပ်စေသည်။
ရှင်းလင်းစွာပင် ချီရှောက်ဖူက ကူညီရခြင်းဖြစ်သည့်တိုင်အောင် ချီဟန်ထံမှ အထင်သေးခံရခြင်း မရှိပေ။ ချီရှောက်ဖူနှင့်ပတ်သက်ပြီး မကျေနပ်စရာမရှိပေ။ ချီရှောက်ဖူနှင့် ပါလာသည့် ကလေးအနည်းငယ်က ထိုကဲ့သို့သော အလုပ်ကြမ်းကို လုပ်ရသည့်အတွက် မကျေမနပ် ဖြစ်သည့်တိုင်အောင် ချီရှောက်ရုန်ကို မပြောရဲကြပေ။ ထို့ကြောင့် စိတ်ထဲတွင်သာ မကျေမနပ် ဖြစ်ကြသည်။
"ကျွင်းသခင်လေး တစ်ယောက်ယောက် ခိုးဝင်လာတယ်"
ငါးမန်းနက်က ကျွင်းဟောင်ကို ပြောသည်။
"ခင်ဗျား မသွားလိုက်ဘူးလား"
"ဒီအတိုင်း ညလမ်းလျှောက်သူပါပဲ၊ ပင်လယ်မျိုးနွယ်က ကျော်ကြားတဲ့သူပေါ့၊ ကျွန်တော် ဘယ်လိုများတားရမလဲ"