268 01
အပိုင်း (၂၆၈)
ချီရှောက်ရုန်က ပြုံးသည်။
"အို အပြန်အလှန်ပဲ၊ အားဟန် မင်းလည်း ငါ့ကို သဘောကျသလို ငါလည်း အရမ်း သဘောကျတာပဲလေ"
"သခင်လေးက အရမ်း တော်တာပဲ။ လူတိုင်း သခင်လေးကို သဘောကျကြတယ်"
ချီဟန်ကလည်း ပြုံးသည်။
"ငါ့အထင် မင်းက ကျော့ယွန်ဖေးလို လူမျိုးကို ကြိုက်မယ်လို့ ထင်နေတာ"
ချီရှောက်ရုန်က သက်ပြင်းချ၏။ ချီရှောက်ရုန်က ကျော့ယွန်ဖေး၏ အကြောင်းကို ထည့်ပြောလာသည့် အခါ ချီဟန် မျက်နှာ ပျက်သွားပြန်သည်။
ချီရှောက်ရုန်က ချီဟန်ကို ကြည့်၏။
"ဘာဖြစ်လို့လဲ"
"ဘာရယ် မဟုတ်ပါဘူး၊ ဒီအတိုင်း သူက အရမ်း မသက်မသာ ဖြစ်စေလို့ပါ။ သခင်လေး၊ သခင်လေး အတွေးများနေပြီ"
ချီရှောက်ရုန်ကလည်း နားလည်သည်။ ထို့ကြောင့် မပြောတော့ပေ။
"သူ မင်းကို အပြစ် ပြုမိတာများရှိလို့လား"
"မရှိပါဘူး"
ချီဟန်က သူ့မျက်နှာကိုပင် မကြည့်တော့ပေ။ သူ ဒီအကြောင်းအရာကိုပင် ဆက်ပြောချင်တော့ပုံ မရပေ။
"..."
ကျန်းချင်းက သူတို့အဖွဲ့နှင့်အတူ ထိုင်နေကာ ကျန်းချင်း၏ မျက်နှာကို ကြည့်ကာ မေး၏။
"ချင်းရှင်း ဘာဖြစ်တာလဲ"
ကျန်းချင်းရှင်း၏ နှလုံးသားထဲ မသက်မသာ ဖြစ်နေခဲ့ကာ ခေါင်းကိုခါသည်။
"ဘာမှ မဖြစ်ပါဘူး"
ကျော့ယွန်ဖေးက မရေမတွက်နိုင်သော အမျိုးသမီးများ၏ ကမ်းလှမ်းမှုများကို ငြင်းဆန်ခဲ့ပြီးသား ဖြစ်သည်။ ကျန်းချင်းရှင်း အနေဖြင့် သူ့တွင်လည်း အခွင့်အရေး မရှိမှန်း နားလည် ထားသည့်တိုင်အောင် အနည်းငယ် ကံကောင်းသည်ဟု ခံစားမိနေသည်။ အကြောင်းမူကား သူတို့ ကျန်းမိသားစုများက ကျော့ယွန်ဖေး၏ အနားတွင် ရှိနေနိုင်သေးသောကြောင့် ဖြစ်သည်။ သို့သော် နောက်ဆုံးတွင်မူ ချီဟန်ကို မယှဥ်နိုင်ခဲ့ပေ။