Part 309

877 81 0
                                    


အပိုင်း၃၀၉


ထိုနေရာတွင် သူတို့၏မှော်စွမ်းအားများနှင့် တိုက်ခိုက်နိုင်စွမ်းအား အကန့်အသတ်ရှိသည်။ ထို့ကြောင့် ဖရက်သာ သက်သာလာမည်ဆိုရင် သူတို့ကို ကူညီနိုင်မည်ဖြစ်သည်။ ဟန့်လေက ဝင်လာသည်။ သူက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

"ဆေး အသင့်ဖြစ်ပြီလား"

"အင်း ခဏစောင့်ပါဦး"

ဟန့်လေက ခေါင်းညိတ်ကာ မျက်မှောင်ကျုံ့၏။ ချီရှောက်ရုန်က ဟန့်လေကို ကြည့်ပြီးနောက် မေးလိုက်၏။

"မင်းရဲ့စိတ်ထဲ ဘာတွေ တွေးနေတာလဲ ဝမ်းနည်းနေတဲ့ပုံပဲ"

"ဘာမှ မတွေးပါဘူး"

"တကယ်လား"

"ငါ့အစ်ကိုရဲ့ စေ့စပ်ထားတဲ့ဇနီးလောင်းက ဂျက်စီနဲ့လက်ထပ်တော့မှာတဲ့၊ ငါ ငါ့အစ်ကိုကို တွေ့တဲ့အချိန်ကျရင် ဒီအကြောင်းကို ဘယ်လိုပြောရမလဲ"

ဟန့်လေက ပြောသည်။

ချီရှောက်ရုန်က ဟန့်လေကို ကြည့်၏။

"မင်းအစ်ကိုနဲ့ စေ့စပ်ထားတဲ့ဇနီးလောင်းက တခြားသူနဲ့လက်ထပ်တော့မယ်ဟုတ်လား၊ အိုး ဒါက သတင်းဆိုးပဲ။ ဒါပေမဲ့ အခြားတဖက်ကကြည့်ရင်တော့ သူ ပျောက်ကင်းသွားပြီး တစ်ယောက်တည်း ပြန်ဖြစ်သွားတာကောင်းတယ်၊ ဒီေတာ့ သူ ဒီထက်ချောတဲ့သူတွေကို လိုက်လို့ရတာပဲ"

"ငါ့အစ်ကိုက မေးလ်ကို ကြိုက်တာ"

ဟန့်လေက ပြောသည်။

ချီရှောက်ရုန်က နှုတ်ခမ်းများကော့တက်သွားအောင် ပြုံးနေ၏။

" အဲဒီသူက စွန့်ပစ်သွားတယ်ဆိုတည်းက မကောင်းတဲ့သူပဲ၊ ဒါကို ကြိုတင်သိရတာက မကောင်းဘူးလား"

ဟန့်လေ "..."

"ဆေးက အဆင်သင့်ဖြစ်ပြီ ယူသွားလိုက်"

"ကောင်းပါပြီ"

ဟန့်လေက ဖရက်၏ဂူထဲသို့ ဝင်သွားပြီး သိပ်မကြာခင်မှာပင် မောင်းထုတ်ခံလိုက်ရ၏။

"မင်းအစ်ကို ဆေးသောက်လိုက်လား"

ဟန့်လေက ခေါင်းခါသည်။

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Tempat cerita menjadi hidup. Temukan sekarang