အပိုင်း ၂၅၄
"အားဟန် မင်းနဲ့ ကျော့ယွန်ဖေးနဲ့ ဘယ်လိုပတ်သက်တာလဲ"
ချီရှောက်ရုန်က ရှောင်ဟန်ကို ကြည့်ကာ မေးသည်။
ကျွင်းဟောင်၏ မျက်ဝန်းများကလည်း ပြူးကျယ်နေကာ တောက်ပနေ၏။ သူကလည်း ချီရှောက်ရုန်ကဲ့သို့ သိချင်နေသည်မှာ သေချာပေသည်။ ချီဟန်က သူ့ကို ကြည့်နေသည့် ကျားတစ်ကောင်ကဲ့သို့သော အကြည့်များကို ကြည့်ကာ ဆွံ့အသွား၏။
"သူ နေမကောင်းတဲ့အချိန်မှာ တွေ့ခဲ့ရုံပါပဲ"
"တကယ်ပဲ သူ ပြောတဲ့အတိုင်း ဖြစ်ခဲ့တာလား"
ကျွင်းဟောင်က ကူကယ်ရာမဲ့စွာဖြင့် မေးသည်။
ချီရှောက်ရုန် ကြောင်သွား၏။ ချီဟန်၏အကြည့်ကို ကြည့်မည်ဆိုလျှင် ထိုအဖြစ်အပျက်က မှန်ကန်နေလောက်သည်။ ချီဟန်က တစ်ဖက်သူကို သည်အခြေအနေတွင် အခွင့်ကောင်းယူခဲ့ခြင်းလည်း ဖြစ်လောက်သေး၏။
ကျွင်းဟောင်က မကျေမနပ်ပြောသည်။
"မင်းက ကုပေးတယ်ဆိုရင်တောင်မှ ဒီလိုမျိုးမဖြစ်ခဲ့သင့်ဘူး"
ချီဟန်က မျက်တောင်ခတ်ကာ ပြောသည်။
"ကျွန်တော် သူနဲ့တွေ့တော့ သူက သေခါနီးဖြစ်နေပြီ၊ လေဓါတ်ကို သုံးပြီး သူ့ကို ဆွဲဆန့်ပေးခဲ့တယ်၊ နောက်ပြီး အဲဒီလူက လူကောင်းတစ်ယောက်ဆိုတာ သိပြီး သူ့ခန္ဓာကိုယ်က ကောင်းမွန်တယ်ဆိုတာ သိခဲ့ရတယ်။ ဆေးသက်ရောက်မှုက အိမ်မှာလောက် ပြင်းထန်အောင် ပါဝင်ပစ္စည်းတွေ ဖြည့်စွက်လို့ မရခဲ့ဘူး၊ နောက်ပြီး ကျွန်တော် ကုသပေးတဲ့နည်းလမ်းတွေကလည်း အကောင်းအတိုင်းမဟုတ်ဘူး"
"မင်းက ဘယ်လိုနည်းလမ်းကို သုံးခဲ့လို့လဲ၊ အဲ့ဒီနည်းလမ်းတွေက သိပ်ကောင်းမဲ့ပုံတော့ မရဘူး"
ချီရှောက်ရုန်က ပြောသည်။
ချီဟန်က တွေးပြီးနောက်ပြော၏။
"အများကြီးပဲ၊ ကျွန်တော် ကိုယ်တိုင်တောင် မမှတ်မိတော့ဘူး"
"ဒါဆို ဒီအကြောင်း ပြောရအောင်"
"ကျွန်တော် သူ့ကို နေပူထဲ ထုတ်လှန်း ထားခဲ့တယ်"
