260 01
အပိုင်း (၂၆၀)
သူတို့က အချိန်တိုအတွင်းမှာပင် ပင်လယ်ပြင်အတွင်းပိုင်းသို့ ရောက်သွားကြကာ အဖွဲ့များ ခွဲလိုက်ကြသည်။ ချီဟန်က ထန်းထျန်းယင်အဖွဲ့မှ လိုက်ကာ တောင်ပေါ်သို့တက်ပြီး ပန်းများကို သွားရှာမည်ဖြစ်သည်။ ချီရှောက်ရုန်နှင့် ကျွင်းဟောင်တို့ကမူ အခြားသူများကို ဦးဆောင်ကာ ခေါ်သွားလိုက်ကြသည်။
"ဒီလူတွေကို ဘယ်လောက်ခေါ်သွားနိုင်မလဲ ငါမသိဘူး၊ ဘာလို့ အင်ပါယာလေးခုလုံးက လူတွေကို ငါတို့နောက်ကိုပဲ လိုက်နေကြတာလဲ"
ကျွင်းဟောင်က ပြောသည်။
"ငါလည်းမသိတော့ဘူး၊ ဒါပေမဲ့ အားဟန်တို့နောက်ကို မလိုက်သွားရင် ပြီးတာပါပဲ"
ထိုတစ်ခဏတွင် ကျွင်းဟောင်နှင့်ချီရှောက်ရုန်တို့ အားလုံးဆီသို့ တိုက်ကွက်များ ကျရောက်လာခဲ့သည်။
"ငါ အခု အစိုးရိမ်ဆုံးက အခြားသူတွေကြောင့် ငါတို့ရဲ့အခြေအနေပဲ"
ကျွင်းဟောင်က ခါးသီးစွာပြုံးပြ၏။
ချီရှောက်ရုန်က သည်လို အခြေအနေမျိုးတွင်ပင် သူ၏ လက်အောက်ငယ်သားအတွက် စိုးရိမ်နေသေးသည်။
"ငါ နားလည်ပါပြီ"
ချီရှောက်ရုန်က လှေကို ပြင်းထန်စွာမောင်းပြီးနောက် ဆက်တိုက် ထွက်ပြေးသည်။ ရုတ်တရက် ကြီးမားသော ပူဖောင်းများက ပင်လယ်ထဲတွင် ထွက်ပေါ်လာခဲ့၏။
"ဒါက ဒီပူဖောင်းသားရဲရဲ့ ပိုင်နက်နယ်မြေ ဖြစ်လောက်တယ်"
ကျွင်းဟောင်က ပြောသည်။
"ပူဖောင်းသားရဲ ဒါက ဘာသားရဲလဲ၊ ငါ တစ်ခါမှ မကြားဖူးဘူး၊ ကြားရတဲ့အတိုင်းဆိုရင် ချစ်စရာလေး ဖြစ်လောက်တယ်"
ချီရှောက်ရုန်က ပြောသည်။
ကျွင်းဟောင်က မျက်မှောင်ကြုတ်၏။
"ဘယ်က ချစ်စရာကောင်းရမှာလဲ၊ ရုပ်ဆိုးတယ်"
နာမည်က ချစ်စဖွယ်ကောင်းသော်လည်း ထိုသားရဲမှာ အလွန်အမင်း ရုပ်ဆိုးပေသည်။ ပင်လယ်ထဲမှ ကြီးမားလှသော အားလှိုင်းကြီးများနှင့်အတူ မိကျောင်းပုံသဏ္ဍာန်ရှိသော အကောင်ကြီးက ထွက်ပေါ်လာခဲ့၏။ ထိုအကောင်က မိကျောင်းထက်ပင် ကြီးမားနေသေး၏။