အပိုင်း ၃၁၅
"သမားတော် သာ့ရှီအဖွဲ့က သူတွေက သမားတော်ကို တွေ့ချင်နေကြတယ်"
ဟန့်လေက ပြောသည်။
ချီရှောက်ရုန်က ကြည့်လိုက်၏။
"ငါ့ကို တွေ့ချင်တယ် ဘာကြောင့်လဲ"
"တိုက်ခိုက်ခံရပြီးတဲ့နောက်မှာ သူတို့ အဖွဲ့မှာ ဒဏ်ရာရသူတွေ အများအပြားရှိတယ်။ နောက်ပြီး အထူးသဖြင့် အမျိုးသမီးတွေပဲ။ ဒါကြောင့် သူတို့ကို ကုသပေးစေချင်နေတာ"
ချီရှောက်ရုန်က ပြုံးသည်။
"ငါ့ကို လူကောင်းလို့ ထင်နေတာလား၊ သူတို့ လာပြီး အာရုံနောက်မယ်ဆိုရင် အားလုံးကို သတ်လိုက်မယ်လေ"
ဟန့်လေက တုံ့ဆိုင်းစွာ ပြောသည်။
"တကယ်တော့ သာ့ရှီအဖွဲ့ ခေါင်းဆောင်က ကုသခ ပေးနိုင်တယ်လို့ ပြောပါတယ်"
"သူတို့က ဘာပေးနိုင်လဲ"
"သွေးပုလဲ"
"ဒါက ဘာသုံးလို့ ရလဲ"
"ဒါက ခန္ဓာကိုယ်ရဲ့ သွေးတွေကို ကုစားနိုင်စွမ်း ရှိတဲ့ ပစ္စည်းကောင်းပါပဲ၊ ဒါက လခြမ်းကြာစေ့နဲ့ အာနိသင်ချင်း အတူတူလောက်ပဲ။ ဒီလို ကပ်ဘေးကြောင့်သာ မဟုတ်ရင် သာ့ရှီအဖွဲ့ရဲ့ ခေါင်းဆောင်က ဒါမျိုးကို ထုတ်လာမှာ မဟုတ်ဘူး"
ချီရှောက်ရုန်က မမျှော်လင့်ထားစွာ တွေးသည်။
"ထူးဆန်း မနေဘူးလား"
"ဘာကို ထူးဆန်းတာလဲ"
ဟန့်လေက မေးသည်။
"သွေးပုလဲက မင်းပြောတဲ့အတိုင်း စွမ်းအားကြီးမားတယ်ဆိုရင် သာ့ရှီအဖွဲ့ ခေါင်းဆောင်က ကျားပျံအဖွဲ့နဲ့ လဲလှယ်ဖို့ ပြောဆိုခဲ့သင့်တာလေ"
ဟန့်လေကလည်း တွေးတောပြီးနောက် ပြောသည်။
"သာ့ရှီအဖွဲ့ ခေါင်းဆောင်က ကျားပျံ အဖွဲ့ခေါင်းဆောင်ကိုတောင် မယုံကြည်ခဲ့လို့ ဖြစ်မယ်"
ချီရှောက်ရုန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
"ဟုတ်လား၊ ကျားပျံအဖွဲ့ ခေါင်းဆောင်ကိုလည်း သူက မယုံဘူး၊ ဒါပေမဲ့ ငါ့ကို ယုံတယ်ပေါ့"
