Unicode
အပိုင်း ၁၉၇
ဟိုင်လင်းက ပြုံးနေသည်။ သူက ပြောလိုက်၏။
“ဟုတ်တယ် ဒါပေမဲ့ဘယ်လိုသိတာလဲ”
“ဒါက လျှို့ဝှက်ချက်မှမဟုတ်တာ။ အထူးသဖြင့် ချီရှောက်ရုန်ရဲ့နောက်လိုက်ထဲက တေးဆိုသူတစ်ယောက်ကိုပေါ့”
ပိုင်လျှိုယွန်က ပြုံးသည်။
“ကြည့်ရတာ ကျွန်တော်က အရမ်းကျော်ကြားနေတယ်ထင်ပါတယ်”
“ပိုင်သခင်လေးရဲ့မျက်နှာက ပြိုင်ဘက်ကင်းတော့ လူတွေက တစ်ခါမြင်ဖူးတာနဲ့ ဘယ်မေ့လွယ်ပါတော့မလဲ”
ဟိုင်လင်းကလည်း ဆက်လက်ချီးကျူးနေသည်။
ပိုင်လျှိုယွန်က ဟိုင်လင်းကို ကြည့်နေပြီးနောက်ပြောသည်။
“ဟုတ်လား ကျွန်တော်က ဟိုင်သခင်လေးကိုမှ အလှလေးလို့ထင်နေတာ၊ ကျွန်တော့်ထက်တောင်မှ ပိုပြီးတော့ သာနေပါသေးတယ်’
ပင်လယ်မျိုးနွယ်၏အလှတရားက လူသားမျိုးနွယ်ထက် သာသည်။ ရေသူမမျိုးနွယ်များဆိုလျှင် အလွန်အမင်းလှပချောမောသည်ဟု ကျော်ကြားကာ ထိုသူများပေးသည့်ဖိအားက ဟိုင်လင်းထက် နိမ့်ကျလိမ့်မည်မဟုတ်ပေ။ ထို့အပြင် ဟိုင်လင်းက ခွန်အားကလည်း အလွန်ကြီးမားသေး၏။ ဟိုင်တော်၀င်မိသားစုဟာ ပင်လယ်မျိုးနွယ်မှ အလှတရားတိုင်းတွင် ထိပ်တန်းအဆင့်ဟု သတ်မှတ်ရအောင် ကျော်ကြားလွန်းလှပေသည်။
------
ချီရှောက်ရုန် တံခါးကို ဖွင့်လိုက်သည့်အခါ ဆံပင်အပြာရောင် ဆယ်ကျော်သက်မျက်နှာနှင့် ပြည့်ဖောင်းနေသည့်ပါးဖောင်းဖောင်းကိုပိုင်ဆိုင်ထားသည့်လူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုသူက ခေါင်းကိုမော့ကာ လက်ကိုနောက်ပစ်လျက် ဆက်လျောက်လာ၏။
ထိုလူငယ်က အရပ်ပုကာ ၀သည်။ ချီရှောက်ရုန်က တစ်ဖက်သူကို မြင်လိုက်သည်နှင့် ဘောလုံးကြီးလိမ့်လာသည်ဟုပင် ခံစားလိုက်ရ၏။
ချီရှောက်ရုန်က အလွန်အမင်း တက်ကြွနေပုံရသည့် ထိုဆယ်ကျော်သက်လေးကို ကြည့်ကာ ပြောလိုက်သည်။
“ဘယ်က သခင်လေးရောက်လာပြီး ဘာလုပ်ချင်လို့လဲ”
ထိုဆယ်ကျော်သက်လေးက မတ်တတ်ထရပ်လိုက်ကာ ချီရှောက်ရုန်ကို စုန်ချည်ဆန်ချည်ကြည့်ပြီး မနှစ်မြို့သလိုပြောသည်။
“မင်းက ရုပ်ဆိုးလိုက်တာ”
ချီရှောက်ရုန် “…”
ဘယ်က ကန်းနေတဲ့ကလေးက ရောက်လာတာလဲ။
“မင်းက မြို့အရှင်ဆိုဟုတ်လား”
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“ဟုတ်တယ်”
“မင်းရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားက မြို့အရှင်နေရာကိုထိုင်ချင်တယ်ဆိုရင် တော်တော်လေးကို သနားဖို့ကောင်းနေပြီ”
တစ်ဖက်သူက အထင်သေးမှုအပြည့်ဖြင့် ပြောသည်။
ချီရှောက်ရုန် တစ်ဖက်သူ၏ဝိုင်းနေသည့်ဗိုက်ကြီးကို ကြည့်ကာ ပြောလိုက်သည်။
“ဒါက လူပုံပန်းသွင်ပြင်ရော ဟုတ်ရဲ့လား”
“သခင်လေးက ဘာတွေကို စိုးရိမ်နေတာလဲ”
ချီရှောက်ရုန်က ပြောသည်။
“မင်းရဲ့ဗိုက်က တော်တော်ပြားနေတာ။ အသားလည်းမရှိဘူး။ အရှင်သခင်အများစုက ဗိုက်က ဖောင်းကားနေတာပဲ။ မင်းကြည့်ရတာ သူတို့နဲ့ယှဉ်ရင် အရမ်းကိုအားနည်းလွန်းတယ်”
ဆယ်ကျော်သက်လေးက မျက်မှောင်ကြုတ်ပြန်သည်။
ချီရှောက်ရုန် “….”
ဘယ်က ကန်းနေတဲ့နတ်ဆိုးက ထပ်လာပြီးတော့ သူ့ကိုစိုးရိမ်နေတာလဲ။
ထိုလူနှင့်ပါလာသည့်အစောင့်က ချောင်းဟန့်ကာပြောသည်။
“သခင်လေး သခင်လေး စီးပွားရေးကိစ္စကို မနှောင့်နှေးပါနဲ့။ သခင်မလေးဘိသန်က စောင့်နေပါပြီ”
ထိုသူက အစောင့်အရှောက်၏စကားကို ကြားသည့်အခါ မျက်နှာက နီရဲသွားသည်။ ဆယ်ကျော်သက်လေးက ခေါင်းကိုမော့ကာ ချီရှောက်ရုန်ကို ကြည့်သည်။
“ဟေး ငါ ကြားထားတဲ့အတိုင်းဆိုရင် မင်းကအလှကုန်စီးပွားရေးလုပ်ငန်းကို လုပ်တယ်ဆို။ ပြီးတော့ အရည်အသွေးအမြင့်ဆုံး အလှကုန်တွေလို့ပြောသံကြားတယ်။ ငါ မင်းကို ဆယ်နှစ် သက်တမ်းရှိတဲ့အဘိုးအိုကြီးကို ပေးလိုက်မယ်။ ငါ့ကို အစုံအများကြီး ထည့်ပေးလိုက်”
ချီရှောက်ရုန် “…”
ဒီ၀တုတ်က ဘာတွေ လာပြောနေတာလဲ။ ဘယ်ကအဘိုးကြီးလဲ။
“ငါပြောချင်တာက အလှကုန်တွေ ငါ လိုချင်တယ်”
“အလှကုန်တွေ လိုချင်တယ်လို့ ပြောတာလား။ မင်းမှာပိုက်ဆံမရှိဘူးဆိုရင်တော့ စိတ်မရှိပါနဲ့ ပြန်လို့ရပါပြီ”
ချီရှောက်ရုန်ကလည်း အထင်တသေး ပြန်ပြောလိုက်သည်။
ဆယ်ကျော်သက်လေးက သူ၏လုံးဝိုင်းနေသည့်ဗိုက်ကြီးကိုပွတ်သည်။ သူက မနှစ်မြို့သလိုပြော၏။
“ဘယ်ကငကြောင်လဲ မင်းရဲ့ဦးလေးကို လာပြီးအထင်သေးနေတာလား”
တစ်ဖက်သူက လက်ရမ်းလိုက်ရုံမျှဖြင့် ကြီးမားလှသည့်အ၀တ်ထုတ်ကြီးကို ဆုပ်ကိုင်ပြီးသား ဖြစ်သွားသည်။ ချီရှောက်ရုန်က သွေးနီရောင်တောက်ပကာ နီရဲနေသည့် ပုတီးလုံးများကို မြင်လိုက်ရသည်။ သူက မျက်မှောင်ကြုတ်၏။
“ဒါကဘာလဲ။ သန္တာကျောက်ပြားတွေလား။ ဒီသန္တာကျောက်ပြား အနည်းငယ်လောက်နဲ့ ငါ့ရဲ့အလှကုန်တွေနဲ့ လဲချင်နေတယ်ပေါ့ မင်း ရူးနေတာလား”
ထိုဆံပင်အပြာရောင်နှင့်လူငယ်က ချီရှောက်ရုန်ကိုဒေါသတကြီး ကြည့်ကာပြော၏။
“မင်းကမှ အရူးကွ ဒါက ဖန်သားလို သန္တာကျောက်တန်းတွေမဟုတ်ဘူး”
“ဒါဆိုဘာဖြစ်လို့ အဲဒီလို ပုံဖြစ်နေတာလဲ”
“လက်ခံတယ် သခင်လေး သူနဲ့လဲလိုက်ပါ”
ပိုင်လျှိုယွန်က ၀င်လာကာပြောသည်။
ဆံပင်အပြာရောင်နှင့်လူက နှာခေါင်းရှုံ့ကာပြောသည်။
“ကြည့်ရတာ အနည်းဆုံးတော့ ပစ္စည်းကောင်းရဲ့တန်ဖိုးကိုသိတဲ့သူ ရှိနေသေးတာပဲ”
ဆံပင်အပြာရောင်နှင့်၀တုတ်က ထိုသွေးနီရောင်ပုတီးလုံးများစွာ အထုပ်လိုက်ချပေးလိုက်ကာ အလှကုန်အထုပ်လိုက် ပြန်ကိုင်ပြီး ထွက်သွားသည်။
“လျှိုယွန် မင်း ပြန်လာပြီလား”
ပိုင်လျှိုယွန်က ခေါင်းညိတ်သည်။
“အင်း စံအိမ်ပြုပြင်တဲ့ကိစ္စကတော့ မနက်ဖြန်စကြပါလိမ့်မယ်”
“ဒါဆိုရင် ဒီကိစ္စကို မင်းနဲ့ပဲလွှဲထားလိုက်ပြီ”
ချီရှောက်ရုန်က ဂုဏ်ယူမှုအပြည့်ဖြင့်ပြောသည်။
ချီရှောက်ရုန်က ထိုပုတီးစေ့တစ်စေ့ကို ကောက်ကိုင်ကာပြောသည်။
“ဒါကဘာလဲ ဘယ်နေရာမှာသုံးရမှာလဲ”
“ဒါကသွေးပုလဲလေ၊ သွေးတွေကပဲ ထုတ်ပေးနိုင်တဲ့ပုလဲအမျိုးအစားပေါ့။ ပုလဲထဲမှာတောင်မှ သိပ်ကိုရှားပါးတဲ့ရတနာပဲ။ ဒီလိုအရာမျိုးက ခန္ဓာကိုယ်ကို ခွန်အားတိုးစေပြီး သွေးလည်ပတ်မှုအား ကောင်းစေတယ်။ ဒီပုလဲကို အမှုန့်ကြိတ်ချေပြီး ရေနဲ့ဖျော်သောက်ဖို့ အဆင်ပြေတယ်”
လျှိုယွန်က ပြောသည်။
...
