Unicode
အပိုင်း ၁၈၉
ထိုအချိန်တွင် တံခါးခေါက်သံကို ကြားလိုက်ရသည်။ သွားဖွင့်ပေးသည့်အခါ ကျွင်းဟောင်ကို မြင်ရ၏။
“မင်း လာတာလား”
ကျွင်းဟောင်က ချီရှောက်ရုန်၏လက်ထဲမှ အမိန့်စာကိုကြည့်ကာ မျက်မှောင်ကြုတ်သည်။
“အဲဒါ ငါ့ကို ပြလို့ရမလား”
“ရတာပေါ့”
ချီရှောက်ရုန်က ထိုအမိန့်စာကို ကျွင်းဟောင်ထံသို့ ပစ်ပေးလိုက်သည်။ ကျွင်းဟောင်က ကောက်ယူပြီးနောက် ချီရှောက်ရုန်ကိုကြည့်၏။
“ပိုင်ဟိုင်ပြင်ကျယ်က အခြေအနေကို မင်းနားလည်ရဲ့လား”
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“နည်းနည်းပါးပါးပေါ့”ကျွင်းဟောင်က အသက်ပြင်းပြင်းရှူသည်။ သူကပြော၏။
“ပိုင်ဟိုင်ပြင်ကျယ်ကို တာ၀န်ပေးခံရတဲ့သူအများစုက အမျိုးမျိုးသော နည်းလမ်းတွေနဲ့ သေသွားကြတယ်။ အများစုကတော့ ပင်လယ်ပြာပြင်ကျယ်က သူတွေ လက်ချက်ကြောင့် သေသွားရတာပဲ။ အချို့ကတော့ လုပ်ကြံသတ်ဖြတ်ခံရတာ”
ချီရှောက်ရုန်က ပြုံးသည်။
“ကောင်းတဲ့အချက်က…”ကျွင်းဟောင်က သူ့လက်မောင်းကိုဖမ်းဆွဲကာပြောသည်။
“အချို့အရှင်သခင်တွေ အဲဒီကို ရောက်သွားတဲ့အချိန်ကျရင် သူတို့ရဲ့အဆင့်အတန်းကို နှိမ့်ချပြီး သူတို့ရဲ့အင်အားစုထဲကို ၀င်ရောက်ရတယ်။ ဒီလိုမှပဲ သူတို့ အသက်နည်းနည်း ပိုရှည်နိုင်ကြတယ်”“ကြားရတာ အန္တရာယ် အရမ်းများမဲ့ပုံပဲ”
ချီရှောက်ရုန်က ပြောသည်။ကျွင်းဟောင်က ခေါင်းညိတ်၏။
“ဟုတ်တယ် မင်းတကယ်ပဲ အဲဒီကိုသွားချင်တယ်ဆိုရင် ငါ လိုက်မှရမယ်”ချီရှောက်ရုန်က ကျွင်းဟောင်ကိုကြည့်ကာ စိတ်၀င်စားသွား၏။
“ငါက အဲဒီကို အရှင်သခင်အဆင့်အတန်းနဲ့ သွားမှာနော်။ သခင်လေးကျွင်းကသာ လိုက်မယ်ဆိုရင် ဘယ်လိုအဆင့်အတန်းမျိုးနဲ့လဲ”ကျွင်းဟောင်က သူ့ကို ကြည့်သည်။ အတန်ကြာ စိုက်ကြည့်ပြီးနောက် ပြုံးကာပြော၏။
