226 01
အပိုင်း ၂၂၆
ရေသူမျိုးနွယ်နန်းတော်။
"မင်းသမီး ကရာတာ ပြန်လာပါပြီ"
အစေခံတစ်ယောက်က အယ်လီကိုပြောသည်။
အယ်လီက ထိုအစေခံကို ကြည့်ကာ ပြော၏။
"သူ ပြန်လာပြီ၊ သူ ပိုင်လျှိုယွန်ကို ဖြေရှင်းနိုင်ခဲ့လား"
အစေခံက ခေါင်းခါသည်။
"မဖြေရှင်းနိုင်ခဲ့ပါဘူး"
"ငါသိသားပဲ၊ အဲဒီကောင်က အသုံးမှမကျတာ"
အယ်လီက မကျေမနပ်ပြောသည်။
အစေခံက အယ်လီကို ကြည့်ကာ အကြံပေး၏။
"ကရာတာက အကောင်းဆုံးကြိုးစားခဲ့ပါတယ်၊ သူ ပြောပြတာတွေကို မင်းသမီး နားထောင်မယ်လို့ မျှော်လင့်တယ်"
အယ်လီက ဒေါသထွက်လာသည်။
"ဘာကိုအကောင်းဆုံးကြိုးစားခဲ့တာလဲ၊ ခွန်အားကသာ အရေးအကြီးဆုံးပဲ"
အစေခံက အယ်လီကို ကြည့်ကာ ပြော၏။
"မင်းသမီး အထင်မှားတာ ဖြစ်နိုင်ပါတယ်၊ ဟိုင်လင်းက ဟိုင်လုံမျိုးနွယ်ဝင်ပဲလေ၊ သူက မင်းသမီးကို ဘယ်လိုများ အထင်သေးရဲမှာလဲ"
"ငါကတော့ မကျေနပ်နိုင်ဘူး"
အယ်လီက လက်သီးကို ဆုပ်သည်။ သူမ၏မျက်ဝန်းထဲ အရှက်ရမှုတွေက ပြည့်နှက်နေခဲ့၏။
တစ်နေ့တွင် ဟိုင်လင်းငြင်းတာ ခံရလိမ့်မည်ဟု အယ်လီ မထင်ထားခဲ့ပေ။ ဟိုင်လင်း၏ မပြောင်းလဲသည့်မျက်နှာကို ကြည့်ပြီး အယ်လီ၏နှလုံးသားက ရင်ကွဲနာကျသကဲ့သို့ ခံစားရ၏။ ဒါက ပို၍ဒေါသထွက်စေသည်။
"အဲဒီလူသားတွေက ငါတို့ ပင်လယ်မျိုးနွယ်ဝင်ထက် အားနည်းနေတာ အသိသာကြီးပဲ၊ သူတို့ တမင်သက်သက် လှည့်စားထားတာပဲဖြစ်ရမယ်"
အယ်လီက မဲမှောင်စွာပြောသည်။
.......
"မင်း ဘာဖြစ်နေတာလဲ"
ချီရှောက်ရုန်က ပိုင်လျှိုယွန်ကို မေးသည်။
ပိုင်လျှိုယွန်က ပြုံးလိုက်၏။