Part 282

1K 72 1
                                    

အပိုင်း ၂၈၂

တည်းခိုဆောင်တွင်...

ချီရှောက်ရုန်က နိုးတစ်ဝက်အနေအထားဖြင့် အပြင်သို့ထွက်လာပြီးနောက် ကျွင်းဟောင်ကို ကြည့်ကာ ပြောလိုက်၏။

"အစောကြီးရှိသေးတယ်"

"မစောတော့ဘူး၊ ကျော့ယွန်ဖေးတို့အဖွဲ့တောင် ထွက်သွားကြပြီ"

"ဘာ"

ချီရှောက်ရုန်က ချက်ချင်းထသည်။

"ချီဟန်လည်း လိုက်သွားတယ်"

ချီရှောက်ရုန်က မျက်လုံးကြည်သွားကာ မကျေမနပ်ပြောသည်။

"သူတို့ ဘာလို့ အစောကြီးထွက်သွားရတာလဲ၊ ငါ အားဟန်နဲ့တောင် မနှုတ်ဆက်လိုက်ရဘူး"

ချီရှောက်ရုန်ကို ကြည့်ပြီးနောက် သူက တိတ်ဆိတ်စွာတွေး၏။

မင်းသာ အိပ်ရာထ နောက်မကျနေရင် နှုတ်ဆက်ဖို့ အချိန်ရမှာပဲ။

"မင်း စိတ်အခြေအနေ ပြောင်းသွားမှာကို စိုးရိမ်လို့ သူတို့ စောစောထွက်သွားတာဖြစ်မှာပေါ့"

ချီရှောက်ရုန်က သူ့ကိုကြည့်၏။

"မင်း ကျော့ယွန်ဖေးကို အရမ်းဂရုစိုက်နေတာ မဟုတ်လား"

"ငါ့ကို ယုံစမ်းပါ၊ ချီဟန်ကို ကျော့ယွန်ဖေးနဲ့သာထားလိုက်၊ ဒါက အကောင်းဆုံးရွေးချယ်မှုပဲ"

ချီရှောက်ရုန်က ကျွင်းဟောင်ကိုကြည့်သည်။

"မင်း ဘယ်တုန်းက ကျော့ယွန်ဖေးကို အမြင်ကောင်းရှိသွားတာလဲ"

ကျွင်းဟောင်က ပြုံးသည်။

"ဘာလို့ဆို သူက လူကောင်းလေ"

ကျော့ယွန်ဖေး ဒီကောင် ချီဟန်ကို သူ့အနားကနေ ခေါ်ထုတ်သွားပေးတယ်၊ အရူးကောင် ဟိုင်လင်းနဲ့ယှဥ်ရင် အရမ်းကောင်းတယ်။

"ချီဟန်က သူ့ကို သဘောကျတဲ့ပုံ မရှိဘူး"

"ချီဟန်က နည်းနည်း အနေခက်နေတာပါ၊ အခု သူတို့ အတူ ရှိနေပြီဆိုတော့ သူတို့ အဆင်ပြေသွားပါလိမ့်မယ်"

ချီရှောက်ရုန် "..."

"လကျောင်းတော်ရဲ့မင်းသမီးက ခင်ပွန်းလောင်း ရွေးချယ်ပြီးသွားပြီဆိုတော့ ငါတို့လည်း တိုင်းပြည်ကို ပြန်သွားလို့ရပြီ၊ ငါ မသိတာက ဒီတစ်ကြိမ် ငါပြန်သွားတဲ့ အချိန်ကျရင် ဧကရာဇ်က ဘယ်လိုထပ်ပြီး အမိန့်ချအုံးမလဲ မသိနိုင်သေးဘူး"

ချီရှောက်ရုန် အလွန်စိုးရိမ်လာသည်။ ထို့အပြင် သူက တစ်စုံတစ်ရာကို တွေးမိကာ ဆက်ပြော၏။

"စတုတ္ထမင်းသားအတွက်လည်း အခြေအနေ မကောင်းနိုင်ဘူး"

ကျွင်းဟောင်က ပြုံးကာပြောသည်။

"မင်း ဒါကို စိုးရိမ်ဖို့ မလိုအပ်ဘူး၊ စတုတ္ထမင်းသားက နဂိုကတည်းက ထူးချွန်တဲ့သူ ဖြစ်ပြီးသားပဲ၊ အခြေအနေအားလုံးကို သူ ကောင်းကောင်းနားလည်နိုင်တယ်၊ အခုဆိုရင် သူ အပျော်ဂေဟာကိုတောင် ရောက်နေပြီ၊ မနက်အစောက သူ ပြောခဲ့သေးတယ်၊ ယွန်တိုင်းပြည်က အလှလေးတွေက ရှားပါးလှတဲ့ ရတနာလေးတွေလို့ ပြောသွားတယ်၊ နောက်ပြီး သူတို့က အနုပညာကို သီးသန့်ကိုရောင်းချတဲ့သူမျိုးတွေ၊ အပျော်ဂေဟာမှာဆိုရင် မရေမတွက်နိုင်တဲ့အလှတွေ ပြည့်နေတယ်ဆိုပြီးတော့တောင် ငါ့ကို ခေါ်နေခဲ့သေးတာ"

ချီရှောက်ရုန် "..."

"စတုတ္ထမင်းသားက တကယ် ဒီလိုလူမျိုးလား၊ အရင်ဆုံးပြန်ရအောင်၊ ငါ ကျင်းတိုင်းပြည်ကို နောက်ကျရင် သွားဖို့လည်းရှိနေသေးတယ်၊ မဟုတ်ရင် ငါ စိတ်အေးတော့မှာမဟုတ်ဘူး၊ ဒီတစ်ခါ ဘုရင်ဘက်ကသာ ဒီဆိုးရွားတဲ့အမိန့်မျိုးကို ချမလာခဲ့ရင် ငါ ကျင်းတိုင်းပြည်ကို သွားလို့ရပြီ"

ချီရှောက်ရုန်က ပြောသည်။

ကျွင်းဟောင်က လှည့်ကြည့်ကာပြော၏။

"မင်း ဘာမှ စိုးရိမ်ဖို့မလိုပါဘူး၊ ကျော့ယွန်ဖေးက ချီဟန်ကို တစ်စုံတစ်ရာ ဆိုးရွားတာတွေ လုပ်ခွင့်ပြုမှာ မဟုတ်ဘူး၊ နောက်ပြီး ပင်လယ်ဘက်က အခြေအနေတွေကလည်း ကောင်းမွန်နေတာပဲ၊ စီးပွားရေးလုပ်ငန်းစုကလည်း အဆင်ပြေနေပြီ၊ အခြားတစ်ဖက်က ကြည့်မယ်ဆိုရင် အင်အားစုတစ်ခုလုံးက အသီးသီးအထောက်အပံ့တွေ ရသွားကြပြီ၊ မင်း အနေနဲ့ကြည့်မယ်ဆိုရင် တိုင်းပြည်အသီးသီးမှာ မင်းရဲ့စီးပွားရေးလုပ်ငန်းစုတွေ အောင်မြင်လာတယ်လို့တောင် ပြောရအုံးမယ်"

ချီရှောက်ရုန်က အသက်ပြင်းပြင်းရှူကာ ပြော၏။

"ဒါတော့မှန်ပါတယ်၊ ဒါပေမဲ့ ..."

"ကလေးလို လုပ်မနေနဲ့၊ သူ့မှာလည်း ကိုယ်ပိုင်ဘဝရှိတယ်၊ ထည့်ပြောဖို့ မလိုလောက်အောင် မင်းက သူ့အဖေမဟုတ်ဘူး၊ အမြဲတမ်းကြီး သူများတွေကို စိုးရိမ်နေလို့မရဘူး၊ ထားလိုက်ပါ၊ သူတို့ကိစ္စကို သူတို့ ကိုင်တွယ်ပါစေ"

ချီရှောက်ရုန်က ကျွင်းဟောင်ကို ကြည့်သည်။

"..."

...

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Nơi câu chuyện tồn tại. Hãy khám phá bây giờ