အပိုင်း ၂၉၆
"ဦလေး သူတို့ နှစ်ယောက်က အရမ်းတော်တာပဲလား"
ကော့ခယ်က ပြောသည်။
"တော်တာပေါ့၊ သူတို့ထဲက တစ်ယောက်ဆိုရင် တော်ဝင် သူတော်စင်နယ်မြေ အဆင့်ကိုတောင် ရောက်တော့မှာ။ သူတို့နှစ်ယောက်က အရမ်း ငယ်ကြသေးတယ်။ သူတို့နှစ်ယောက်က ဘယ်ကလာမှန်း ငါတောင် မသိနိုင်ဘူး"
ကော့ဟုန်က သက်ပြင်းချသည်။
ကော့ယာက သက်ပြင်းချပြီးနောက် ခါးသီးစွာ ပြုံးလိုက်၏။
ထိုနှစ်ယောက်က စွမ်းအား ကြီးမားလွန်းလှကာ သူမပင် မယှဉ်နိုင်ပေ။
ချီရှောက်ရုန်နှင့် ကျွင်းဟောင်တို့က သိုင့်လန်မြို့မှ ယီကျားစားသောက်ဆိုင်တွင် ထိုင်နေခဲ့သည်။
"မီးအရှင်ရဲ့ သင်္ချိုင်း ကိစ္စကို ငါတို့ လက်လျှော့သင့်လား"
ကျွင်းဟောင်က ခေါင်းခါသည်။
"ငါတော့ လက်မလျှော့သင့်ဘူးလို့ထင်တယ်၊ အခြေအနေ စောင့်ပြီး ကြည့်ရအောင်"
ချီရှောက်ရုန် ခေါင်းညိတ်သည်။
"ငါလည်း အဲဒီလိုပဲ ထင်တယ်။ ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲ"
"မှော်မျှော်စင်ကို သွားကြမလား"
ကျွင်းဟောင်က အကြံပြုသည်။
သိုင့်လန်မြို့မှ မှော်မျှော်စင်က လှပရုံသာ မက မှော်ဂါထာများစွာ မှတ်တမ်းတင်ထားကာ ရှေးဟောင်း မှော်ပညာရှင်များ၏ အတွေ့အကြုံများကိုလည်း မှတ်သားရယူနိုင်သည်။
တစ်စုံတစ်ယောက်ကသာ ထိုမျှော်စင်အတွင်းသို့ ဝင်ရောက်လိုလျှင် မျှော်စင်အစောင့်များထံသို့ ရွှေပြားများ ပေးချေရပေလိမ့်မည်။ သာမန် မှော်မျှော်စင် အတွင်းသို့ ဝင်ရောက်လိုလျှင် ရွှေပြား (၆၇)သန်းခန့် လိုအပ်လောက်ပြီး အဆင့်မြင့်သော အပိုင်းသို့ ဝင်ရောက်လိုလျင် သန်းပေါင်းများစွာ ကုန်ကျပေလိမ့်မည်။
ကျွင်းဟောင်က ခုနှစ်ရောင်ခြယ် မှော်မျှော်စင်ထဲသို့ ဝင်ရောက်မည် ဖြစ်သည်။ သူက ပြော၏။