Part 275

1K 117 1
                                    

အပိုင်း ၂၇၅

"မင်းသမီး... မင်းသားတွေ ပြန်လာပါပြီ"

မင်းသမီးယွဲ့ထင်က အလွန်အံ့ဩသွားပုံရကာပြော၏။

"မင်းသားတွေ ပြန်လာကြပြီလား"

"ဟုတ်ကဲ့"

မင်းသမီးယွဲ့ထင်က မထင်ထားသည့်ပုံဖြင့် ပြောသည်။

"ဒီလောက်အများကြီး ပြန်လာကြတယ်၊ ဘယ်သူက နိုင်မှာလဲ"

"မင်းသားထန်းထျန်းယင်က မင်းသားလီယင်နဲ့အတူ ပြန်လာခဲ့တာပါ"

"သေချာပေါက် သူတို့နှစ်ယောက်ရဲ့အစောင့်တွေက အရမ်းတော်တာကိုး၊ ကျွင်းဟောင်နဲ့ ကျော့ယွန်ဖေးတို့ မဟုတ်လား"

"မင်းသမီး ဘယ်သူ့ကို ရွေးချယ်မှာပါလဲ၊ ထန်းထျန်းယင်လား၊ လီယင်လား"

ယွဲ့ထင်က မျက်မှောင်ကြုတ်သည်။ သူမ၏မျက်ဝန်းထဲ အထင်သေးမှုများက လင်းလက်သွားကာ ပြော၏။

"သူတို့က မတော်ဘူး၊ ကျွင်းဟောင်နဲ့ကျော့ယွန်ဖေးတို့ မရှိရင် သူတို့က ဘာလုပ်နိုင်မှာလဲ၊ တကယ်ပဲ ငါ ရှက်မိတယ်"

အစောင့်က မင်းသမီးကိုကြည့်ကာပြော၏။

"မင်းသမီး မင်းသမီး အမိန့်ထုတ်ပြီးသွားတော့ သေချာပေါက် တစ်ယောက်ကို ရွေးချယ်ရမှာပါ"

ယွဲ့ထင်က စိတ်မရှည်သလို ဖြစ်သွားကာပြော၏။

"ဧကရာဇ်က တကယ်ကိုစိတ်လောလွန်းတယ်၊ သူ အမြဲတမ်း စိတ်မရှည်ဖြစ်နေတာပဲ၊ ငါက ငယ်သေးတာပဲ၊ ဘာလို့ ဒါကိုစိုးရိမ်နေရမှာလဲ"

"မင်းသမီးပြောရရင် ထန်းထျန်းယင်နဲ့လီယင်တို့ကလည်း ကောင်းမွန်ကြပါတယ်"

အစောင့်အရှောက်က ပြောသည်။

မင်းသမီးယွဲ့ထင်က ရယ်၏။

"ဟုတ်လား၊ ဘယ်နေရာက ကောင်းတာလဲ"

...

ချီရှောက်ရုန်နှင့်ကျွင်းဟောင်တို့က သူတို့၏အိပ်ဆောင်ထဲတွင် အတူထိုင်ကာ စစ်တုရင် ကစားနေကြသည်။ ချီဟန်ကလည်း အနားတွင် ဝင်ထိုင်ကာ စောင့်ကြည့်နေ၏။

"သခင်လေး စတုတ္ထမင်းသားနဲ့လီယင်တို့က နန်းတော်ထဲကို ဝင်သွားကြပြီ၊ မင်းသမီးက ဘယ်သူ့ကို ရွေးချယ်မယ်လို့ထင်လဲ"

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Where stories live. Discover now