Part 192

1.8K 245 3
                                    

Unicode

အပိုင်း ၁၉၂

“ဟေး မင်း ကြားသေးလား၊ ဒီနေရာကို အရှင်သခင်တစ်ယောက် ပို့တော့မှာတဲ့၊ ငါကြားထားတဲ့အတိုင်းဆိုရင် မျက်နှာသစ်လေးဆိုပဲ”
ကျောပြင်တွင် ဂဏာန်းခွံကဲ့သို့ အခွံကြီးကို ပိုင်ဆိုင်ထားသည့် လူသားပုံစံ အခြားတစ်ယောက်က လူသားပုံစံ ဧည့်သည်တော်တစ်ယောက်ကို ပြောသည်။
“ငါလည်းမသိဘူး၊ အဲဒီအရှင်သခင်က ဘယ်လိုလူမျိုးလဲ၊ နောက်ဆုံးအရှင်သခင်က ရေသူမတစ်ယောက်ကို ဖမ်းပြီးရောင်းဖို့ ကြိုးစားရင်းနဲ့ သေသွားရတာပဲ”
အခြားသော သူတောင်းစားပုံသဏ္ဍာန် လူတစ်ယောက်က ပြောသည်။
ရေသူမများက အလွန်လှပကြသည်။ သူတို့၏သီချင်းဆိုသံကလည်း အလွန်အမင်းသာယာ၏။ အထက်တန်းလွှာများဟာ ထိုကဲ့သို့သော အလှတရားမျိုးကို တောင့်တကြသည်။ သို့ရာတွင် ရေသူမများက ပင်လယ်မျိုးနွယ်ဝင်မှ တော်ဝင်မိသားစုများ ဖြစ်နေသည့်အလျောက် သူတို့ကို တွေ့ဆုံရန်က ခက်ခဲလွန်းသည်။ ထို့ကြောင့် လိုချင်လျှင် အမှောင်ဈေးကွက်တွင်သာ ဝယ်ယူရမည်ဖြစ်သည်။ ရေသူမများ၏ တန်ကြေးကလည်း အလွန်အမင်းမြင့်၏။
“ငါ ကြားတာတော့ ဒီတစ်ကြိမ်ပို့လိုက်တဲ့ အရှင်သခင်က ချင်းချန်အလှကုန်ဆိုင်ပိုင်ရှင်တဲ့”
“ဟုတ်လား၊ အဲဒီပစ္စည်းတွေက တကယ်ကောင်းတယ်ဆိုပဲ၊ ရေသူမျိုးနွယ်မှာ အရမ်းလှတဲ့သူတွေ အပြည့်ပဲလေ၊ ဒါပေမဲ့ ဒီအလှကုန်တွေက ရေစိုမခံဘူး၊ ဒီတော့ ငါတို့အတွက် အဆင်မပြေဘူးပေါ့”
ပင်လယ်မျိုးနွယ်ဝင်သား တစ်ယောက်က ပြောသည်။

ချီရှောက်ရုန်က ထိုစကားများကို နားထောင်နေပြီး သက်ပြင်းချလိုက်သည်။
ပင်လယ်ပြာပြင်ကျယ်တွင် အုတ်မြစ်ယူချင်လျှင် သည်နေရာတွင် ဆိုင်တစ်ခုဖွင့်မှ ဖြစ်ပေလိမ့်မည်။ သူ ဖွင့်ရန်အဆင်ပြေနိုင်၏။ ပင်လယ်လူမျိုးများက ထိုအလှကုန်များကို အလွန်သဘောကျကြသည်။ သို့ရာတွင် သူ ထိုသို့ ရောင်းချင်မည်ဆိုလျှင် စိုးရိမ်ရမည့်ကိစ္စများစွာက ရှိနေသေး၏။
“ဘာဖြစ်လို့လဲ”
ကျွင်းဟောင်က သူ့ကိုမေးသည်။
“ငါ အလှကုန်အကြောင်း တွေးနေတာ၊ ရေစိုဒဏ်ခံအောင် ဘယ်လိုလုပ်ရမလဲ”
“လွယ်ပါတယ်၊ အလှကုန်ရဲ့အပေါ်မှာ ရေစွမ်းအင်အကွာအကွယ်လွှာတစ်ခုကို ခင်းကျင်းလိုက်လေ”
ချီရှောက်ရုန်က ခေါင်းလှည့်ကာ ကျွင်းဟောင်ကို ကြည့်သည်။
“မင်းက ဉာဏ်ကောင်းလိုက်တာ”
ကျွင်းဟောင်က ပြုံးသည်။
“သေချာတာပေါ့”
ချီရှောက်ရုန်နှင့် ကျွင်းဟောင်တို့ လမ်းခဏလျှောက်ပြီးနောက် ပြန်လိုက်ကြသည်။ ချီဟန်နှင့် ပိုင်လျှိုယွန်တို့ကလည်း ပြန်လာကြ၏။
“သခင်လေး ဘာတွေရှာတွေ့ခဲ့လဲ”
ချီဟန်က ချီရှောက်ရုန်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်သည်။
ချီရှောက်ရုန်က ခေါင်းညိတ်ကာ ပြော၏။
“ငါတို့ လျှောက်ပတ်ကြည့်ပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့ပစ္စည်းတွေ့လို့ ဝယ်လာခဲ့တယ်”
ချီရှောက်ရုန်က သူ ဝယ်လာသမျှကို စားပွဲပေါ်သို့ ခင်းလိုက်သည်။ ပိုင်လျှိုယွန်က ပြော၏။
“သခင်လေးက အမှိုက်တွေ ဝယ်လာတာပဲ”
ချီရှောက်ရုန် “…”
“အမှိုက်တွေ ဟုတ်လား”
ချီရှောက်ရုန် မျက်မှောင်ကြုတ်သည်။
ပိုင်လျှိုယွန်က ခေါင်းလှည့်ကာ ပြော၏။
“ဟုတ်တယ်၊ ကျွန်တော် ကြားဖူးတဲ့အတိုင်းဆိုရင် ပင်လယ်သတ္တဝါတွေက သူတို့တွေအတွက် အသုံးမဝင်တဲ့အမှိုက်တွေကို ကောက်ပြီး လူသားလောကကို ရောင်းတယ်တဲ့”
ချီရှောက်ရုန် “…”
ဆိုတော့ သူက အသုံးမကျတဲ့သူပေါ့။
“ဒီလိုပြောမနေပါနဲ့၊ အဓိကက ငါတို့ရဲ့ချင်းချန်အလှကုန်ဆိုင်က ဒီမှာ ဈေးကွက်ကြီးတစ်ခု ဖြစ်လာနိုင်တယ်ဆိုတာပဲ၊ ချင်းချန်အလှကုန်ဆိုင်ကို ဒီမှာ ဆိုင်ခွဲအနေနဲ့ဖွင့်လိုက်မယ်ဆိုရင် စီးပွားရေး လုပ်ငန်းက အရမ်းကောင်းမှာ သေချာတယ်၊ ကြည့်ရတာ နတ်ဘုရားက ငါ့ကို ကြွယ်ဝဖို့အတွက် ဒီနေရာကို စေလွှတ်လိုက်တာပဲ ဖြစ်ရမယ်”
ပိုင်လျှိုယွန်က ချီရှောက်ရုန်ကို ကြည့်သည်။
“သခင်လေး သခင်လေးကို နတ်ဘုရားက ပို့လိုက်တာမဟုတ်ပါဘူး၊ အရှင်မင်းကြီးကပါ”
ချီရှောက်ရုန် “…”
...

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Where stories live. Discover now