အပိုင်း ၂၉၃
"သခင်လေး ဒီဆေးက အလုပ်ဖြစ်မယ်လို့ထင်လား"
ချီဟန်က မေးသည်။
ချီရှောက်ရုန်က သက်ပြင်းရှိုက်ပြီးပြော၏။
"ငါ့ရဲ့အရင်အစီစဉ်တိုင်းဆိုရင် ဒီဝက်ဝံကို ၂ရက်လောက်တော့ အကောင်းဆုံး အခြေအနေ ရောက်အောင် ထားမလို့ပဲ၊ ဒါပေမဲ့ အခု သူ့ အခြေအနေ ကြည့်ရတာ မလိုအပ်တော့ဘူးထင်တယ်"
"၂ရက်လောက် အကောင်းဆုံးအခြေအနေရောက်အောင် ထားမယ်ဟုတ်လား၊ ဒီအရူးဝက်ဝံက ငါတို့စခန်းဆီကို ရောက်လာလိမ့်မယ်"
ကျော့ယွန်ဖေးက ပြောသည်။
ချီဟန်က တွေးတောပြီးနောက် ထိတ်လန့်စွာပြောလာ၏။
"ဒီဝက်ဝံက ဒီနေရာမှာအနေများတော့ တခြား ကုန်သည်တွေကလည်း ထိတ်လန့်ပြီး ထွက်ပြေးကုန်ကြပြီ၊ သူတို့က ဒီနေရာမှာ တော်ဝင်သားရဲရှိနေတာကို သိသွားကြတယ်"
ကျော့ယွန်ဖေးက မျက်မှောင်ကျုံ့ပြီးပြောသည်။
"အဲဒီကောင်တွေ အရမ်း ဥာဏ်ကောင်းလွန်းနေတာ မဟုတ်လား၊ တော်ဝင် မကောင်းဆိုးဝါးသားရဲ ရှိတယ်ဆိုတာနဲ့ ထွက်ပြေးသွားကြပြီ တကယ်တော့ ဒါကရွှေပြားတွေဆိုတာ သူတို့ သိသင့်တာ"
ချီဟန်က ကျော့ယွန်ဖေးကို ကြည့်ပြီးပြောလာသည်။
"ဒါကမထူးဆန်းဘူးလေ၊ တော်ဝင်သားရဲဆိုတာက အဆင့်၉သားရဲထက် ပိုတောင် အဆင့်မြင့်နေသေးတာ။ သူတို့မှ မနိုင်တာ နောက်ပြီး မင်းတို့လည်း မနိုင်ဘူးလေ"
ကျော့ယွန်ဖေးက ခေါင်းညိတ်သည်။
"ဒါလည်း ဟုတ်တာပဲ"
"အခုဆိုရင် ကြောက်ပြီးပြေးသွားကြတဲ့ ကုန်သည်တွေ တော်တော်များနေပြီ"
ကျော့ယွန်ဖေး၏မျက်နှာက မည်းမှောင်သွားသည်။
"ဒီလိုကိစ္စငယ်လေးနဲ့တောင် ထွက်ပြေးသွားတဲ့သူတွေနဲ့ နောက်တစ်ခါစီးပွားရေး တွဲမလုပ်သင့်ဘူး"
ချီဟန် "..."
ချီရှောက်ရုန်က အပြာရောင်ဆေးရည်ကို ဝိုင်အိုးထဲသို့ထည့်သည်။ ကျော့ယွန်ဖေးက ဝိုင်အိုးကိုကြည့်ပြီး သံသယအပြည့်ဖြင့် မေးသည်။