အပိုင်း ၂၂၃
"ဒါက နက်ရှိုင်းတဲ့ ပင်လယ်ပြင်မှာပဲရှိတဲ့ထူးခြားတဲ့ အရင်းအမြစ်တစ်ခုပဲ၊ ငါ သိထားတဲ့အတိုင်းဆိုရင် အဲဒါက ဂျယ်လီငါးမိသားစု ပိုင်နက်နယ်မြေထဲမှာ ရှိလိမ့်မယ်"
ကျွင်းဟောင်က ပြောသည်။
"ဂျယ်လီငါးမိသားစုက ပင်လယ်နယ်မြေက အရမ်းထူးခြားတဲ့မိသားစုပဲ၊ သူတို့က အရမ်းလျှို့ဝှက် ဆန်းကြယ်တယ်၊ သူတို့က ခန္ဓာကိုယ်ကို ပျော့ခွေနိုင်တယ်၊ နောက်ပြီး အဆိပ်လည်း ရှိသေးတယ်၊ ဒီတော့ လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ အတော်ဆုံးတွေပဲ"
ချီရှောက်ရုန် မပျော်တော့ပေ။
"ဟမ့် အရှင်မင်းကြီးက ငါ့အပေါ် ကောင်းတာ ဘယ်တော့မှ အမိန့်မပေးနိုင်မှန်း သိထားသားပဲ၊ သူ ဘယ်တော့မှ ကိစ္စကောင်းတွေကို မတွေးနိုင်ဘူး၊ ဆိုးရွားတဲ့ကိစ္စဆိုတာနဲ့ ငါ့ကို တွေးတောမိပုံပဲ၊ သူက ငါ့ကို ရှန်းယွမ်ကို လွှတ်ပြီး တမင်သက်သက် လုပ်ကြံသတ်ဖြတ်ခိုင်းတာထင်ပါတယ်"
ကျွင်းဟောင်က ပြုံးသည်။
"တကယ်လို့ ငါတို့ ရှန်းယွမ်ကို သတ်လိုက်မယ်ဆိုရင်တောင်မှ အခြားတစ်ယောက်ကို ထပ်လွှတ်ပြီး ဒီမစ်ရှင်းကို လုပ်ခိုင်းအုံးမှာပဲ"
ချီရှောက်ရုန် "..."
ကျွင်းဟောင်က ချီရှောက်ရုန်၏ မဲမှောင်သွားသည့်မျက်နှာကို ကြည့်ကာ ပြောသည်။
"ငါတို့ ဒီနေ့ပဲ ပင်လယ်ဈေးကွက်ကိုသွားပြီး လျှောက်ကြည့်တဲ့အချိန်မှာ အခြေအနေတွေ စုံစမ်းကြည့်ကြရအောင်လေ"
ချီရှောက်ရုန်က ပြုံးသည်။
"ကောင်းပြီလေ၊ ငါ အဝတ်အစားလဲပြီး ရုပ်ဖျက်ထားရမယ်၊ ဒါမှ လူတွေကို သီးသန့်ဆွေးနွေးနိုင်မှာ"
ချီရှောက်ရုန်က မေးစေ့ကို ပွတ်သည်။
သူ ပထမဆုံး လာလာချင်းတုန်းက ဟိုင်လူမျိုးစုတွေက သူ့အပေါ် ကောင်းကောင်းမဆက်ဆံခဲ့ကြဘူး၊ ဒါပေမဲ့ အခုဆိုရင် သူ့ကိုမြင်တာနဲ့ ပြုံတိုးပြီး ဝင်လာနိုင်တယ်။
"ဟုတ်သားပဲ ငါတို့ ရုပ်ဖျက်ထားရမယ်၊ မဟုတ်ရင် ငါတို့ဆီက လုယက်နိုင်သေးတယ်"