အပိုင်း (၂၅၆)
ချီရှောက်ရုန်က ထန်းထျန်းယင်နှင့် တွေ့ပြီး ပြန်ထွက်လာချိန်တွင် စားပွဲထိုးက တားလာသည်။
"ဟန်သခင်လေး တစ်စုံတစ်ယောက်က သခင်လေးကို ရှာနေပါတယ်"
"ကျော့ယွန်ဖေးလား"
"မဟုတ်ပါဘူး၊ ကျန်းမိသားစုက လူတွေပါ"
"ကျန်းမိသားစုကလား၊ ကောင်းပြီလေ သွားတွေ့ရမှာပေါ့"
ချီဟန်က ခန်းမအတွင်းသို့ ဝင်သွားသည့်အခါ လူအချို့ စောင့်ဆိုင်းနေကြောင်း မြင်လိုက်ရသည်။
"ချီသခင်လေး၊ သခင်လေး အဲဒီ ရွှေမင်တုံး အကြောင်းကို တကယ် သိထားတာလား"
တစ်စုံတစ်ယောက်က မေးသည်။
ချီဟန်က ခေါင်းညိတ်လိုက်၏။
"သိထားတယ်"
ကျန်းဟယ်က ပြုံးလိုက်သည်။ သန့်စင်သော ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူက ဒီနေ့ခေတ်တွင် တွေ့မြင်ရန် အလွန် ခဲယဥ်းနေချေပြီ။ သဘာဝကျကျပင် ဒါက သာမန်မဟုတ်နိုင်လောက်ပေ။ ထို့အပြင် ကျော့ယွန်ဖေးနှင့်လည်း ပတ်သက်နေသေး၏။ ဒီနှစ်ယောက်က ထူးခြားသည့် ပတ်သက်မှု ရှိနေလောက်သည်။
"ကျွန်တော် ဘာကြောင့်မှန်း မသိပေမဲ့ ချီသခင်လေးက ကျွန်တော့် မိသားစုက အကြီးအကဲ တစ်ယောက်နဲ့ ရုပ်ဆင်တယ်လို့ ခံစားမိတယ်"
ကျန်းချင်းက ပြောသည်။
"မအံ့ဩပါနဲ့၊ ငါက အရင်က ကျန်းမိသားစုက လူ ဖြစ်ခဲ့တယ်"
"အရင်က ဟုတ်လား"
"ဟုတ်တယ်။ ငါ့အသက် ခြောက်နှစ်တုန်းက ကျန်းမိသားစုက နှင်ထုတ်လိုက်ကြတယ်။ ကျန်းမိသားစုနဲ့ ငါက အခုအချိန်မှာ ဘာမှ ပတ်သက်မှု မရှိတော့ဘူး"
ကျန်းချင်းက ချီဟန်ကို ကြည့်ကာ သူ၏ နှလုံးသားက အေးစက်သွား၏။ သို့သော် သန့်စင်သော ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် သူကို မိသားစုက နှင်ထုတ်ခဲ့သည်။ သူ့မိသားစုက လူများ မည်သည်ကို တွေးနေမှန်းကို သူ မသိတော့ပေ။
"ဘာလို့ နှင်ထုတ်ခဲ့တာလဲ"
"ဘာလို့ဖြစ်ရမှာလဲ။ ငါက မိသားစုပိုင် ပစ္စည်းတွေကို ပိုက်ဆံနဲ့ လဲဖို့ သွားရောင်းမိလို့လေ။ ဒါကြောင့် ငါက အများကြီး ခိုးမိတယ်ဆိုပြီး နှင်ထုတ်လိုက်ကြတာပေါ့"