262 01
အပိုင်း ၂၆၂
တောင်အလယ်တွင်မူ ကျန်းချင်းရှင်းတို့နှင့် အခြားသူများက စောင့်ဆိုင်းနေကြချိန်တွင် ချီဟန်တို့အားလုံးကို မြင်လိုက်ရသဖြင့် အံ့ဩသွားကြသည်။
"ချီဟန် ဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာလဲ"
ကျန်းချင်းက မေးသည်။
ချီဟန်က ကျန်းချင်းရှင်းကို ကြည့်ကာ အေးစက်စွာပြော၏။
"ငါက ဘာလို့ ဒီနေရာကို မရောက်ရမှာလဲ"
ကျန်းချင်းရှင်းက အနောက်မှပါလာသော ကျော့ယွန်ဖေးကို ကြည့်ကာ ပြုံးလိုက်သည်။ ဒါပေါ့ ငါ ခံစားချက်ဆိုးရွားနေတာ အံ့ဩစရာမရှိတော့ဘူးပဲ၊ ချီရှောက်ရုန်နဲ့ ကျွင်းဟောင်တို့က အခြားနေရာကိုသွားတယ်၊ ဟန်သခင်လေးကတော့ ဒီနေရာကို ရောက်လာခဲ့တယ်၊ ဆိုတော့ သူတို့က လမ်းနှစ်လမ်း ခွဲသွားတာပဲ။
ချီဟန်က ကျန်းချင်းရှင်းတို့ကို ကြည့်ကာ ပြန်မဖြေပေ။
ကျန်းချင်းရှင်းက ကျော့ယွန်ဖေးကို မြင်လိုက်ပြီးနောက်ပြောသည်။
"မင်း နောက်ကျန်နေခဲ့တာပဲ"
ကျော့ယွန်ဖေးက ချီဟန်ကို ကြည့်ကာ ကျန်းချင်းရှင်း၏ နှုတ်ဆက်မှုကို အာရုံပင်မစိုက်ပေ။ ကျန်းချင်းရှင်းရင်ထဲ မသက်မသာဖြစ်သွားခဲ့၏။ သူ စိုးရိမ်လာရသည်။
အခြားတစ်ယောက်က ကျော့ယွန်ဖေးကို ကြည့်သည်။ ထို့နောက် ချီဟန်ကို ကြည့်ကာ ထူးခြားသောခံစားချက်မျိုးကို ရလာခဲ့၏။
ကံကောင်းသည်မှာ ထန်းထျန်းယင်က အခြားသူများကို မြင်သည့်အခါ မသက်မသာဖြစ်သွားသည်။
"ငါတို့ အခုသွားတော့မှာလား"
ကျင်းကောဟွမ်စီ(ကျင်းလီ)ဆိုသော မင်းသားက ကျော့ယွန်ဖေးကို မေးသည်။
"သွားတော့"
ကျော့ယွန်ဖေးက အသာအယာ ပြောလိုက်သော်လည်း သူ၏ အကြည့်က ချီဟန်ထံတွင်သာ ရှိနေခဲ့၏။
ချီဟန်က မလှုပ်ပေ။ ထို့ကြောင့် ကျော့ယွန်ဖေးကလည်း ရွေ့လျားခြင်း မရှိပေ။