Part 271

833 103 1
                                    

အပိုင်း (၂၇၁)

ကျွင်းဟောင်နှင့် ကျော့ယွန်ဖေးတို့ တိုက်ပွဲ ပြီးသည့်နောက်တွင် သင်္ဘောပေါ်သို့ ပြန်ဆင်းလာခဲ့သည်။

"သခင်လေးကျော့က တကယ် တော်တာပဲ။ ကျော်ကြားမှုနဲ့ ထိုက်တန်ပါတယ်။ ကောလာဟလတွေထက်တောင် ပိုပြီး ကျော်ကြားနေပါသေးတယ်"

"သခင်လေးကျွင်းလိုတော့ ဘယ်လုပ်နိုင်ပါ့မလဲ။ သခင်လေးကျွင်းက သားရဲသခင်ဆိုတော့ ပိုပြီး လုပ်ုနိုင်စွမ်းအား မြင့်မားတာပေါ့"

"ကျွန်တော်က စွမ်းအားနည်းတဲ့ သူတွေနဲ့ ရင်ဆိုင်လိုက်ရရုံပါပဲ"

"ကျွင်းသခင်လေးကတော့ နောက်နေပြန်ပါပြီ"

...

ချီရှောက်ရုန်က အပြန်အလှန် ချီးမွမ်းကာ ရယ်နေကြသည့် ထိုနှစ်ယောက်ကို ကြည့်ကာ ပြောလိုက်၏။

"ကောင်းပြီ ကောင်းပြီ၊ အချင်းချင်း ထပ်ပြီး ချီးမွမ်း မနေကြနဲ့တော့။ နှစ်ယောက်လုံး စွမ်းအားကြီးမားပါတယ်။ ဟုတ်ပြီလား။ ငါ ဗိုက်ဆာနေပြီ၊ စားကြရအောင်"

ချီဟန်က စားပွဲသို့ လျှောက်လာသည်။ သို့သော် ကျော့ယွန်ဖေးက အခြားသို့ ဆွဲခေါ်သွား၏။

"မင်း ဘာလုပ်တာလဲ"

ချီဟန်က မကျေမနပ်ပြောသည်။

ကျော့ယွန်ဖေးက ပြုံးကာ ပြော၏။

"ကျွင်းဟောင်ရဲ့ စွမ်းအားက တကယ်ပြင်းထန်တယ်"

ချီဟန်က အသက်ပြင်းပြင်း ရှူကာ ပြော၏။

"ဟုတ်တယ်။ မင်းလည်း စွမ်းအား ကြီးပါတယ်။ ဒါပေမဲ့ ကျွင်းသခင်လေးကို မီဖို့ အများကြီး လိုသေးတယ်"

"ကျွင်းဟောင်က ဒီလောက် စွမ်းအား ကြီးမားနေတယ်။ ငါတောင် မယှဉ်နိုင်ဘူး။ ဒါပေမဲ့ မင်း ချီရှောက်ရုန်ကို ကြိုက်နေတယ်။ ကျွင်းဟောင် ဆီကနေ မင်းဘယ်လိုများ လုမှာလဲ"

ချီဟန်က ရယ်ရသည်ဟု ခံစားရသည်။

"စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ကျော့ယွန်ဖေးက ချီဟန်ကို ကြည့်ကာပြော၏။

"မင်း သိထားရမယ်။ ငါသာ ချီရှောက်ရုန်ဆို သေချာပေါက် ကျွင်းဟောင်ကိုပဲ ရွေးမှာ"

ချီဟန်"..."

ကျော့ယွန်ဖေးနှင့် ချီဟန်တို့က တစ်ခဏခန့် စကားနိုင် လုနေပြီးသည့် နောက်တွင် ထမင်းဝိုင်းက အဆင်သင့် ဖြစ်သွားသည်။ ချီရှောက်ရုန်၏ ဘေးတွင် နှစ်ခုံသာ လွတ်နေ၏။

ချီဟန်က ချီရှောက်ရုန်၏ အနားတွင် ဝင်ထိုင်လိုသော်လည်း ကျော့ယွန်ဖေးက ဦးစွာ ဝင်ထိုင်လိုက်သည်။

ချီရှောက်ရုန်က ကျော့ယွန်ဖေးကို ကြည့်ပြီးနောက် မျက်နှာက မသက်မသာ ဖြစ်သွား၏။

"သခင်လေးကျွင်းက စွမ်းအားကြီးတယ် မဟုတ်လား"

ကျော့ယွန်ဖေးက အနားသို့ ကပ်ကာ ချီရှောက်ရုန်ကို ပြုံးပြီး ကြည့်ကာ ပြောသည်။

ချီရှောက်ရုန်က ခေါင်းညိတ်ကာ ပြော၏။

"ဟုတ်တယ်"

"ကျွင်းသခင်လေးလို ပါရမီရှင်က ချီသခင်လေးလို တကယ်လိုက်တာပဲ။ နှစ်ယောက်လုံးက တကယ်ကို လိုက်ဖက်ညီတယ်။ လိုက်ဖက်ညီလွန်းလို့ အခြားသူတွေ မနာလိုအားကျ အဆုတ်အသဲတွေ နာကျင်ပြီး ပေါက်ကွဲသေဆုံး ရတော့မတတ်ပဲ"

ကျော့ယွန်ဖေးက ပြောသည်။

ချီရှောက်ရုန်"..."

ကျွင်းဟောင်က မည်းမှောင်သော မျက်နှာထားဖြင့် ကျော့ယွန်ဖေးကို ကြည့်ကာ ပြောလိုက်၏။

"ဟင်း ရယ်ရတယ်"

"မင်းနဲ့ ကျွင်းသခင်လေးတို့ ဘယ်တော့ လက်ထပ်မှာလဲ"

ကျော့ယွန်ဖေးက မေးသည်။

"ငါ မသိဘူး"

"ချီသခင်လေး ကျွင်းသခင်လေးလို ပါရမီရှင်မျိုးကို မြန်မြန် မဆွဲထားရင် အခြားသူတွေ လက်ထဲကို ပါသွားမှ နောင်တ ရလိမ့်မယ်။ ဒီလိုလူမျိုးကို ပြန်ရှာတွေ့ဖို့က မလွယ်နိုင်ဘူး"

ကျွင်းဟောင်က နှာခေါင်းကို ပွတ်သည်။ ကျော့ယွန်ဖေး ပြောသည်မှာ မှန်ကန်သည်ဟု သူခံစားရ၏။ သူ ကျော့ယွန်ဖေး အပေါ် အမြင်ကောင်းပင် ရှိလာသည်။

...

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

3/3/2024 ကနေ 6/3/2024အထိ ပိုရိုမိုးရှင်း ရှိပါတယ်။

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Where stories live. Discover now