Part 286

1K 115 1
                                    

အပိုင်း ၂၈၆

သူက သက်ပြင်းရှိုက်သည်။ ကျန်းရှင်းတုံး ဒီအရူးကောင်၊ ဒီတစ်ကြိမ်မှာ သူ့ကြောင့်နဲ့ ဒုက္ခရောက်တော့မယ်။

ကျော့ယွန်ဖေး သည်နေ့ပြောသွားသည့်စကားအရ သူ မျက်နှာပျက်သွားခဲ့သည်မှာ သေချာပေသည်။ သူနှင့်ကျော့ယွန်ဖေးကြားမှ ဆက်ဆံရေးက ကောင်းမွန်ခဲ့သော်လည်း သည်တစ်ကြိမ်တွင်မူ တစ်ဖက်သူက သူ့ကို မည်သို့မြင်လာမည်မှန်း မသိနိုင်တော့ပေ။

"ကျန်းရှင်းတုံး မျိုးမစစ်ကောင် ဒီလောက်အရေးကြီးတဲ့ကိစ္စကို အချိန်အကြာကြီး ဖုံးကွယ်ထားရဲသေးတယ်၊ ငါတို့ရဲ့ကျန်းမိသားစုတစ်ခုလုံး သူ့ကြောင့်နဲ့ ဒုက္ခရောက်သွားတော့မယ်"

ကျန်းချင်းရှင်းက မပျော်မရွှင်ပြောသည်။

ကျန်းဟယ်က ကျန်းချင်းရှင်းကို ကြည့်ပြီးပြောလာသည်။

"ဒါတွေအားလုံးက ကျန်းရှင်းတုံးကြောင့်ဖြစ်လာတာပဲ၊ သူ့ကိုပဲ ရှင်းခိုင်းရအောင်"

ကျန်းချင်းရှင်းက ခေါင်းကိုငုံ့ထားသည်။ သူက သက်ပြင်းရှိုက်၏။ ထို့နောက် ပြန်မော့ကြည့်လာချိန်တွင်မူ သူက ကျန်းဟယ်ကို ကြည့်လိုက်သည်။

"အစ်ကို နင် ကျော့ယွန်ဖေးနဲ့ ဒီနေ့သွားတွေ့ချင်လား"

ကျန်းဟယ် ကြောင်သွားကာ မေးလာ၏။

"ဘာလို့လဲ ငါ ဒီနေ့ သွားတွေ့ခဲ့ပြီးပြီ"

"သူက ချီဟန်ကို အရမ်းသဘောကျတဲ့ပုံစံပေါက်နေလား"

ကျန်းချင်းရှင်းက အနည်းငယ်တုံ့ဆိုင်းနေသည်။

ကျန်ဟယ်က ပြုံးလိုက်သော်လည်း ပြန်မဖြေပေ။

ကျန်းဟယ်က ကျန်းချင်းရှင်း၏ ပခုံးကိုတစ်ချက်ပုတ်ပြီးနောက်ပြော၏။

"ညီမ ဒီလောကမှာ တချို့သူတွေက ရေစက်မပါဘူးဆိုရင် ဆုံစည်းနိုင်မှာ မဟုတ်ဘူး၊ ဖိအားမပေးပါနဲ့"

ကျန်းချင်းရှင်း ကျော့ယွန်ဖေးကို မည်သို့တွေးကြောင်း ကျန်းဟယ်လည်း သိသည်။ သူတို့နှစ်ယောက် အဆင်ပြေသွားမည်ဆိုလျှင် သူတို့မိသားစုအတွက်လည်း အကျိုးအမြတ်ရသည်။ သူ့ညီမလည်း ပျော်ပေလိမ့်မည်။ သို့သော် ကျော့ယွန်ဖေးက ဆန္ဒမရှိလျှင်မူ သူက အတင်း တိုက်တွန်းလိမ့်မည်မဟုတ်ပေ။

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Where stories live. Discover now