အပိုင်း ၂၁၂
ကျွင်းဟောင်က သူ့ခေါင်းကိုရိုက်ကာ ချီရှောက်ရုန်ကို ကြည့်သည်။
"သူတို့နှစ်ယောက် အပြင်ထွက်ပြီး ဆိုင်ကို သွားကြည့်တယ်ဆိုမှတော့ ငါတို့နှစ်ယောက် အေးအေးဆေးဆေး နေလို့ရပြီပေါ့"
"မင်း တစ်ချိန်လုံး အေးအေးဆေးဆေးနေဖို့ပဲ စဉ်းစားနေတာပဲ၊ တက်တက်ကြွကြွကို မရှိဘူး"
ချီရှောက်ရုန်က အလေးအနက်ပြောသည်။
ကျွင်းဟောင် "..."
ချီရှောက်ရုန်နှင့်ကျွင်းဟောင်တို့ လမ်းပေါ် လျှောက်ထွက်သွားချိန်တွင် တောက်ပသည့် ယူနီကွန်လေးကလည်း အနားတွင်ပါလာသည်။
"ဒီဝတုတ်ကို မင်းနဲ့အတူ ခေါ်သွားတာက အဆင်ပြေရဲ့လား"
ကျွင်းဟောင်က မေးသည်။
ယူနီကွန်လေးက တဖြည်းဖြည်း ဝသထက်ဝလာခဲ့ကာ သူ၏ဝတ်စုံက မျက်စိဖမ်းစားလွန်းသည်။ သူကလည်း မော်ကြွားစွာဖြင့် ခေါင်းနှင့်အမြီးကို ဆက်တိုက်ခါယမ်းနေခဲ့၏။
ချီရှောက်ရုန်က ခေါင်းခါသည်။
"အဆင်ပြေပါတယ်"
"ဘာလို့လဲ"
"ပင်လယ်မျိုးနွယ်က သူတွေက ငါ့ကို သဘောကျပုံမရဘူးလေ၊ ဒီတော့ ငါ ယူနီကွန်ကို ထုတ်ထားတော့မှ သူတို့အားလုံးက ငါ့ကို မျက်နှာသာ ပေးတော့မှာပေါ့"
ချီရှောက်ရုန်ကလည်း ပြောသည်။
ကျွင်းဟောင်က မျက်မှောင်ကြုတ်၏။
"မင်းကို မျက်နှာသာ ပေးစရာမလိုပါဘူး၊ တစ်ယောက်ယောက်က မကျေနပ်တာမျိုး တစ်ခုခု လုပ်လာခဲ့ရင် ငါ ရှိတယ်လေ"
ချီရှောက်ရုန်က ကျွင်းဟောင်ကို ကြည့်သည်။ သူ ကူကယ်ရာမဲ့သွား၏။
"မင်း ထားလိုက်ပါတော့၊ ဟိုင်မျိုးနွယ်က လူတွေက ငါတို့ကို ပြဿနာရှာမှာမှ မဟုတ်တာ"
ကျွင်းဟောင်က တောက်ပသည့်ယူနီကွန်ကို ကြည့်သည်။ သူ စိတ်အချဉ်ပေါက်စွာ တွေးလိုက်၏။
ဒီအကောင်စုတ်ကို ငါ ပေးခဲ့တာဆိုပေမဲ့ ငါ့ထက်တောင် ပိုမျက်နှာသာ ပေးခံနေရသေးတယ်။