Part 195

1.5K 208 2
                                    

Unicode
အပိုင်း ၁၉၅

“ပြောရမယ်ဆိုရင် မြို့အရှင်က သေသွားပြီးတော့ အစောင့်တွေ တော်တော်များမာျး သေဆုံးသွားခဲ့တယ်။ ပြီးတော့ စံအိမ်တစ်ခုလုံးကလည်း လုယက်ခံရတာကများတယ်။ ပထမဆုံး လုယက်ခဲ့တဲ့အသုတ်ဆိုရင် အစောင့်တွေ ဖြစ်မယ်ထင်တယ်”
ချီရှောက်ရုန် ကြောင်သွားသည်။
“အစောင့်တွေကလား”
“သခင်လေးဒါကို အပြစ်ပြောလို့ မရဘူးလေ။ သူတို့လည်း ရှင်သန်ဖို့လိုအပ်တာပဲ။ ပိုက်ဆံမှမရှိတာ”
“ချီရှောက်ရုန်က ခေါင်းခါကာပြောသည်။
“ဒါဆိုရင် ဒီစံအိမ်မှာ အစောင့်တွေမရှိတော့ဘူးပေါ့”
ချီဟန်ကလည်း ခေါင်းညိတ်သည်။
“ဟုတ်တယ် သခင်လေး သခင်လေး ပိုင်ဟိုင်ပြင်ကျယ်မှာဆိုရင် အစကနေ စရလိမ့်မယ်”
ချီရှောက်ရုန် မျက်မှောင်ကြုတ်သည်။
“ဒီတော်၀င်မိသားစုက အဲဒီမြေခွေးအိုကြီးက အရမ်းလွန်လွန်းသွားပြီ”
သူ့ကို အရှင်သခင်ရာထူး ပေးလိုက်တယ်။ ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းလိုက်လဲ။
ကျွင်းဟောင်က ချီရှောက်ရုန်ကို ကြည့်ကာ ပခုံးကိုပုတ်လိုက်သည်။ သူက ပြော၏။
“ဖြည်းဖြည်းချင်းသွားရအောင် နည်းလမ်းတစ်ခုတော့ရှိမှာပါ”
ပိုင်လျှိုယွန်က ချီရှောက်ရုန်ကိုကြည့်သည်။
“ဟုတ်တယ်သခင်လေး ဖြည်းဖြည်းချင်းသွားရအောင် နည်းလမ်းတစ်ခုတော့ရှိမှာပါ၊ ပင်လယ်စာစားပြီး စိတ်အခြေအနေကောင်းအောင် လုပ်တာကလည်းမဆိုးဘူး။ ပြောကြတာက ပင်လယ်ပြာပြင်ကျယ်က လမင်းပြာပင်လယ်နဲ့နီးကပ်လို့ ပင်လယ်စားစရာက အရမ်းစျေးပေါတယ်တဲ့”
ကျွင်းဟောင် “…”
ပိုင်လျှိုယွန်ကတော့ တကယ်ပါပဲ။
ချီရှောက်ရုန်က လက်သီးဆုပ်ကာပြောသည်။
“ဒီတော့ ငါတို့ အရင်ဆုံး သွားစားရအောင်၊ ငါတို့ဗိုက်ပြည့်သွားပြီဆိုမှ နည်းလမ်းရှာဖို့ခွန်အားရှိမှာ”
ကျွင်းဟောင် “…”

ချီရှောက်ရုန်နှင့်အခြားသူများက ပင်လယ်စာဆိုင်ထဲသို့၀င်သွားကာ စားသောက်ကြသည်။ ချီရှောက်ရုန်က ဂဏန်း၏အရွယ်အစားကိုကြည့်ကာ သက်ပြင်းချမိ၏။ ဒီလောကရဲ့ဖုန်းရွှေက ဒီနေရာမှာ ပြည့်နှက်နေတာပဲ။ ဂဏန်းတွေတောင် အရမ်းကြီးနေပြီ”
ကျွင်းဟောင်က ဂဏန်းအခွံကိုနွာကာ ချီရှောက်ရုံကိုပေးသည်။
“ဖြည်းဖြည်းချင်းစား”
ချီရှောက်ရုန်က ပုံရိပ်ကိုပင် ဂရုစိုက်ခြင်းမရှိဘဲ ဆက်တိုက်စားသောက်နေသည့် ပိုင်လျှိုယွန်ကို ကြည့်ကာ ချွေးစေးပျံလာပြီး လျှို့ဝှက်စွာရေရွတ်လိုက်၏။
ကံကောင်းတာက အခုသူတို့အင်ပါယာမြို့တော်မှာမဟုတ်နေတာပဲ။ မဟုတ်ရင်တော့ ပိုင်လျှိုယွန်ကို သဘောကျတဲ့သူတွေ သွေးအန်မိလောက်တယ်။
“သခင်လေး ပင်လယ်စာစားပြီး ပင်လယ်ကမ်းခြေမှာ အပန်းဖြေတာရတာက အကောင်းဆုံးခံစားချက်ပဲ”
ပိုင်လျှိုယွန်က ပြောသည်။
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“ဟုတ်တယ် ဟုတ်တယ် ဒါပေမဲ့ လျှိုယွန် ဖြည်းဖြည်းချင်းစားပါ။ ဘယ်သူမှမင်းဆီက လု မစားဘူးလေ”
“သခင်လေးတို့ ထပ်စားချင်သေးရင် ကျွန်တော်ဧည့်ခံပါ့မယ်”
ရုတ်တရက် ထူးဆန်းသည့်အသံကိုကြားလိုက်ရသည်။
ပိုင်လျှိုယွန်က မော့ကြည့်၏။ သူ စိတ်ရှုပ်သွားသည်။
“စိတ်မရှိပါနဲ့ မင်းက ဘယ်သူလဲ”
“ကျွန်တော့်နာမည်က မော့ယွန်နန်ပါ၊ ကျွန်တော်က မိသားစုရဲ့ဒီနေရာက စီးပွားရေးလုပ်ငန်းကို ဦးစီးကွပ်ကဲတဲ့သူပါပဲ”
မော့ယွန်နန်က ပြုံးကာပြောသည်။
ပိုင်လျှိုယွန်က ကြောင်သွားကာ မော့ယွန်နန်ကို ကြည့်ကာပြောသည်။
“ဒါဆိုမင်းက…”
မော့ယွန်စီးပွားရေးလုပ်ငန်းစုရဲ့ပိုင်ရှင်ပေါ့။
ချီရှောက်ရုန်က တစ်ဖက်သူကို ကြည့်ကာ စိတ်၀င်စားသွားသည်။ မူလအားဖြင့် ချီရှောက်ရုန်က အချိန်ယူကာ တစ်ဖက်စီးပွားရေးလုပ်ငန်းစုသို့ သွားချင်နေသေးသည်။ ရလဒ်အနေဖြင့် တစ်ဖက်သူက ကိုယ်တိုင်ကိုယ်ကျ လာတွေ့ခဲ့သည်။
သူတို့အဖွဲ့က နောက်ခံကို ဖုံးကွယ်ထားသည်။ သို့သော် မမျှော်လင့်ထားစွာပင် တစ်ဖက်သူများက လျင်မြန်စွာ ရှာတွေ့သွားခဲ့သည်။
ကျွင်းဟောင်က မော့ယွန်နန်ကို ကြည့်ကာပြောသည်။
“မော့သခင်လေး ကျွန်တော်တို့ ဒီမှာရှိနေတယ်ဆိုတာ ဘယ်လိုသိလဲ”
“ကျွန်တော်က လူကြီးမင်းတို့သုံးလိုက်တဲ့ ပိုက်ဆံကတ်ကိုသတိထားမိလိုက်လို့ပါ။ ကျွန်တော်တို့ မော့ယွန်နဲ့ ရှန်းမာန်စီးပွားရေးလုပ်ငန်းစုက မဟာမိတ်တွေပါ”
မော့ယွန်နန်က ပြောသည်။
ကျွင်းဟောင်လည်း နားလည်သွားသည်။ ဖုန်းယွမ်က ချီရှောက်ရုန်ကို ပေးလိုက်သည့် ပိုက်ဆံကတ်က အဆင့်အမြင့်ဆုံး ငွေအဆင့်ပိုက်ဆံကတ် ဖြစ်လေရာ ရှန်းမန်နှင့် လက်တွဲလုပ်ဖူးသူတိုင်း မြင်ဖူးနေပေလိမ့်မည်။
...

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Where stories live. Discover now