Part 273

904 99 0
                                    

273 01

အပိုင်း ၂၇၃

ချီဟန်က ကျော့ယွန်ဖေးကို မကျေမနပ်ကြည့်ကာ သက်ပြင်းချ၏။

"ဘာဖြစ်ပြန်ပြီလဲ။ မင်း ရူးနေရင်လည်း လွှတ်ပေးလိုက်"

"မင်းမှာ မျိုးရိုးနာမည်ကို မရှိသင့်ဘူး၊ ပုံမှန်အတိုင်းဆိုရင် ယောကျာ်းတွေရဲ့ မျိုးရိုးနာမည် နောက်ကိုပဲ လိုက်ရတာလေ။ ဘယ်လိုဖြစ်ပြီး မင်းသခင်လေးရဲ့ မျိုးရိုးနာမည် နောက်ကို လိုက်ထားရတာလဲ၊ အရှက်မရှိဘူးလား"

ချီဟန်က ကျော့ယွန်ဖေးကို ကြည့်သည်။

"လွှတ်စမ်း"

ကျော့ယွန်ဖေးက ချီဟန်၏ ပျက်ယွင်းနေသော မျက်နှာထားကို ကြည့်ပြီး လက်ကို မုန်းတီးစွာ လွှတ်ပေးလိုက်သည်။ ချီဟန်က ကျော့ယွန်ဖေးကို ကြည့်လိုက်သည်။ သူ ခံစားချက် မကောင်းတော့ပေ။

"မင်း တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ။ ငါ့ရဲ့ မျိုးရိုးနာမည်က မင်းနဲ့ ဘာသက်ဆိုင်လို့လဲ"

ချီဟန်က ခေါင်းကို ငုံ့ထားသည်။ သူ့လက်မှ လက်ငါးချောင်းရာကို ကြည့်နေ၏။ သူ ချီရှောက်ရုန် နောက်သို့ လိုက်ခဲ့ချိန်က သူ၏ နာမည်ကို ပြောင်းရန် လိုအပ်ခဲ့သည်။ သို့မှသာလျှင် ကျန်းမိသားစုက သူ့ကို ရှာမတွေ့မှာ ဖြစ်သည်။ ထို့ကြောင့် ချီရှောက်ရုန်၏ မျိုးရိုးနာမည်ကို သုံးခဲ့ပြီး သူ့ညီ၏ နာမည်ကို သုံးခဲ့ခြင်းလည်း ဖြစ်၏။

ကျော့ယွန်ဖေးက ချီဟန်၏ မျက်နှာထားကို ကြည့်ကာ ပြောလိုက်၏။

"ကျွင်းဟောင်နဲ့ ချီရှောက်ရုန်ရဲ့ ဆက်ဆံရေးကို ဘယ်လိုများ ထင်နေတာလဲ"

ချီဟန်က ပြော၏။

"ကျော့ယွန်ဖေး မင်းငါ့ကို ဒီလို မတွေးသင့်ဘူး"

ကျော့ယွန်ဖေးက ချီဟန်ကို ကြည့်သည်။

"ဘယ်လို မတွေးရမှာလဲ"

"ကျော့ယွန်ဖေး မင်းတကယ်ကို သဝန်တိုနေတာလား။ ဘာလဲ ငါ့ကို တကယ် သဘောကျနေတာလား"

ချီဟန်က မေးသည်။

"မင်းရဲ့ မျက်နှာကို ရွှေသုတ်ထားမယ်ဆိုရင်တောင် ဒီလောက် မျက်နှာပြောင်မယ် မထင်ထားဘူး။ ဦးနှောက်ကပါ ဆိုးရွားနေတာပဲ"

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Where stories live. Discover now