အပိုင်း ၂၂၀
"ရီဖန်က ကိစ္စမရှိဘူးဆိုတော့ အရင်ဆုံး ဟိုင်လင်းနဲ့လျှိုယွန်တို့ပဲ စောင့်ကြည့်ရအောင်"
ချီရှောက်ရုန်က ကျွင်းဟောင်ကို ကြည့်ကာ ပြုံးပြန်သည်။
"မင်း ဘာလှည့်ကွက်တွေများ တက်လာခဲ့ပြီလဲ"
"ဟိုင်လင်း ဒီအကောင်က အရမ်း ရိုးသားချင်ယောင်ဆောင်နေတာ၊ အခုတလော အရှက်မရှိတဲ့သူတွေက အရမ်းကို ကျော်ကြားတယ်လို့ ကြားတယ်"
ကျွင်းဟောင်က ပြောသည်။
ချီရှောက်ရုန် "..."
ကျွင်းဟောင်က ချီရှောက်ရုန်ကို စိုက်ကြည့်ကာ တစ်စုံတစ်ရာပြောလိုသော်လည်း ငါးမန်းနက်ကြီးက ထွက်လာကာ ပြော၏။
"မြို့အရှင် ဝိုင်မရှိတော့ဘူး၊ နောက်ထပ် ဝိုင်ကောင်းကောင်းလေ ထုတ်ပါအုံး"
ချီရှောက်ရုန်က ငါးမန်းနက်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ ကျွင်းဟောင်က ငါးမန်းနက်ကို အေးစက်စွာ ကြည့်ပြီးနောက် ထွက်သွား၏။
ငါးမန်းနက်က ကျွင်းဟောင်ကို ကြည့်ကာ ပြော၏။
"မြို့အရှင် အဲဒီမျက်နှာဖြူနဲ့ကောင်လေးက ငါ့ကို အော်ဟစ်ချင်နေတဲ့ပုံပဲ၊ ငါ အသောက်များသွားလို့လား၊ ဒီကလေးက ကပ်စေးနည်းလိုက်တာ၊ ဒီလိုကပ်စေးနည်းတဲ့သူမျိုးကို အိမ်တံခါးဝကို ဖြတ်ဝင်လာခိုင်းဖို့အတွက်ဆိုရင် မင်း သေချာစဉ်းစားသင့်တယ်"
ချီရှောက်ရုန် "..."
ကျွင်းဟောင် "..."
ကျွင်းဟောင်က သိပ်မဝေးသေးသည့်အတွက် စကားလုံးတိုင်းကို ရှင်းလင်းစွာ ကြားလိုက်ရသည်။ သူ နောင်တရသွား၏။
မြို့တော်တွင်....
ရီဖန်၏စံအိမ်...
"သခင်လေးချီဆီက စာလာပြီလား"
မူတင်းရွှယ်က မေးသည်။
ရီဖန်က ခေါင်းည်ိတ်လိုက်၏။
"အင်း သခင်လေး ပြောထားတဲ့အတိုင်းဆိုရင် သူ့ကိစ္စအားလုံး အဆင်ပြေနေတယ်တဲ့၊ လျှိုယွန်က ငယ်စဉ်က ရင်းနှီးခဲ့တဲ့ မိတ်ဆွေကောင်းတစ်ယောက်နဲ့ ပြန်တွေ့နေတယ်၊ ပြီးတော့ သူတို့ရဲ့ စိတ်ခံစားချက်တွေက ရှုပ်ထွေးနေတယ်ဆိုပဲ"
![](https://img.wattpad.com/cover/344407063-288-k81310.jpg)