အပိုင်း ၂၄၇
ထို့နောက် ဟိုင်လင်းက ချီရှောက်ရုန်ကို ကြည့်လိုက်ပြီး ပြောလိုက်ပြန်သည်။
"ချီသခင်လေး ကျွန်တော်နဲ့ လျှိုယွန်တို့ ကိစ္စကို သခင်လေး နားလည်မှာပါ"
"ငါ နားမလည်တာက လျှိုယွန် ကလေးဘဝတုန်းက တကယ်ကို ကံဆိုးခဲ့တယ် ဆိုတာပဲ"
ကျွင်းဟောင်က ဝင်ပြောသည်။
ဟိုင်လင်း "..."
ဟိုင်လင်းကို ကြည့်နေရင်းနောက် ချီရှောက်ရုန်က ပြောလာသည်။
"ဟိုင်သခင်လေး ကျွန်တော် ကူညီပေးနိုင်မယ်လို့ မထင်ဘူး၊ ကျွန်တော်က အမြဲတမ်း လွတ်လပ်တဲ့ ချစ်ခြင်းကိုပဲ အထောက်အပံ့ ပြုတာပါ၊ ဒါက လျှိုယွန်ရဲ့ကိစ္စပဲ၊ လျှိုယွန်ကို ကိုယ်တိုင် ဆုံးဖြတ်ခိုင်းတာက ကောင်းမယ်လို့ ထင်တယ်၊ ဖိအား မပေးချင်ဘူး"
ဟိုင်လင်းက ပြုံးသည်။
"ဖြောင့်မတ် မှန်ကန်တဲ့သူပဲ၊ ကျွန်တော် နားလည်ပါပြီ၊ တကယ်လို့ ချီသခင်လေး အကူအညီ လိုအပ်တယ်ဆိုရင် ကျွန်တော့်ကို အချိန်မရွေး ပြောပြပါ၊ ကျွန်တော် ကူညီပေးပါ့မယ်"
ဟိုင်လင်းက ရတနာ သေတ္တာသုံးခုကို ထုတ်ကာ သူ့ကို ပေးလာသည်။ ထိုထဲတွင် ပင်လယ်လူမျိုးစုမှ ရတနာတွေ အပြည့်ပါ၏။
"ဟိုင်သခင်လေး၊ ကျွန်တော့်အတွက် ဒါတွေ ဝယ်ပေးဖို့ မလိုပါဘူး"
ချီရှောက်ရုန်က ငြင်းလိုက်သည်။
ဟိုင်လင်းက ခေါင်းခါ၏။
"ဒါက ကျွန်တော်ရဲ့ ရိုးသားမှုကို ပြတဲ့အနေနဲ့ပါ၊ နောက်ပြီး တစ်ယောက်နဲ့တစ်ယောက် အရမ်းကို မှီခိုအားထားရတဲ့ အခြေအနေမျိုးမှာ ကျေးဇူးတင်ကြောင်းကို ပြဖို့အတွက် ဒါက အကောင်းဆုံး အခြေအနေလို့ ထင်တယ်၊ ကျွန်တော် ကြားတာတော့ သခင်လေးကျွင်းက လူကောင်းတဲ့၊ သခင်လေးကျွင်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကျွန်တော်က သည်ထက်ပိုပြီး ကောင်းတဲ့လူတစ်ယောက် ဖြစ်နိုင်ပါတယ်"
ကျွင်းဟောင်သည် ဟိုင်လင်းကို ကြည့်ကာ ဒေါသထွက်လာသည်။
"မင်းက ဘာများ ငါ့ထက် ပိုကောင်းမှာလဲ၊ ဘယ်နေရာက ပိုကောင်းမှာလဲ"