Part 301

528 66 0
                                    


အပိုင်း၃၀၁


ကော့ရင်းက ခွေးလိုက်ဆွဲသကဲ့သို့ အလျင်အမြန် ထွက်ပြေးသွားသည်။

ကျော့ယွန်ဖေးက ကော့ရင်း၏ထွက်သွားသောပုံရိပ်ကို ကြည့်ပြီးနောက် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

"ကျားလန်ဂူဘုရားကျောင်းအရှင် ပြေးတာ မြန်လိုက်တာ"

"သူ့ကို လွှတ်ထားလိုက်ပါ၊ မြန်မြန်ထွက်ရအောင်၊ ငါတို့ နောက်ကျသွားရင် မင်္ဂလာပွဲရက်နဲ့ တိုက်သွားလိမ့်မယ်"

ချီရှောက်ရုန်က သက်ပြင်းချသည်။

ကျော့ယွန်ဖေး "..."

ပိုင်ဟိုင်ပြင်ကျယ် ...။

"သခင်လေး နောက်ဆုံးတော့ ရောက်လာပြီလား"

ပိုင်လျှိုယွန်က ချီရှောက်ရုန်ကို စိတ်လှုပ်ရှားစွာပြေးဖက်သည်။

ချီရှောက်ရုန်က သက်ပြင်းချကာပြောလိုက်၏။

"လမ်းခရီးမှာ ကိစ္စအနည်းငယ်ရှိသွားတာနဲ့ ငါ အရမ်းနောက်ကျသွားတယ်"

ပိုင်လျှိုယွန်က ပြုံးကာပြောသည်။

"သခင်လေး ကျားလန်ဂူဘုရားကျောင်းက အရှင်သခင်နဲ့ တွေ့ခဲ့သေးတယ်ဆို၊ သူတောင် ပါလာမယ် ထင်နေတာ"

ချီရှောက်ရုန်က ပိုင်လျှိုယွန်ကိုကြည့်သည်။

"မင်း သိထားတာလား"

"သိထားတာပေါ့ သခင်လေးရဲ့ ...သခင်လေးတို့ ဒီကိုလာမယ်ဆိုကလည်း လူတိုင်းက သခင်လေးတို့ကိုပဲ အာရုံစိုက်နေကြတာလေ"

ချီရှောက်ရုန်က ပြုံးလိုက်သည်။

"ဒီလူက တကယ်သဘောကောင်းတဲ့လူ၊ သူက ငါတို့ကိုလမ်းမှာ အသားကင်ကျွေးတဲ့အပြင် ရက်နှစ်ဆယ်လုံးလုံး အားဟောင်နဲ့ တိုက်ခိုက်ပေးခဲ့သေးတယ်လေ၊ သူက အများကြီးလည်း မစားနိုင်ဘူး၊ သူတော်စင်အဆင့်ကို ရောက်နေပြီး များများမစားနိုင်တာကတော့ တကယ်ကိုနှမြောစရာပဲ၊ နောက်ပြီး သူတော်စင်အဆင့် တိုက်ခိုက်ဖော်တစ်ယောက်ကို အလကားနီးပါး ရလိုက်တယ်ဆိုတော့ တကယ်ကံကောင်းတယ်လို့ ပြောရမယ်"

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Where stories live. Discover now