Part 218

1.9K 218 3
                                    

အပိုင်း ၂၁၈

ချီရှောက်ရုန်က ပိုင်လျှိုယွန်ကို ကြည့်သည်။ ပိုင်လျှိုယွန်က ချီရှောက်ရုန်ကို ပြန်ကြည့်ကာ ပြော၏။

"သခင်လေးက ကျွင်းဟောင်အကြောင်းကို ပြောနေတာပဲ"

ချီရှောက်ရုန်က ပခုံးတွန့်သည်။

"ငါ ဒီအတိုင်း စိတ်ထဲရှိတာ ပြောရုံပါပဲ"

"သခင်လေး သခင်လေး စိတ်အေးအေးထားပါ၊ ကျွန်တော် ဒီအတိုင်း မအိပ်ချင်ရုံပါပဲ"

ချီရှောက်ရုန်က သိချင်သွားသည်။

"အချစ်ကြောင့် မဟုတ်ဘူးဆိုရင် ဘာကြောင့်လဲ"

ပိုင်လျှိုယွန်က မျက်နှာကို တည်ကာ ဒေါသအပြည့်ဖြင့်ပြောသည်။

"အဲဒီအသုံးမကျတဲ့အကောင်က ကျွန်တော့်ကို စီးပွားရေးအရ ဆုံးရှုံးသွားအောင် လုပ်လိုက်တယ်လေ၊ ကျွန်တော် အခု အိပ်လို့မရတော့ဘူး"

ချီရှောက်ရုန်က ပိုင်လျှိုယွန်၏ပခုံးကို ပုတ်သည်။ သူက ပြော၏။

"စီးပွားရေးလုပ်တာ ကောင်းတယ်၊ ဒီလိုဆိုရင် မင်းအကျိုးအမြတ်တွေ အများကြီးရှာနိုင်လိမ့်မယ်၊ ဒါပေမဲ့ မင်းရှုံးသွားရင် ပြန်ရှာနိုင်တယ်၊ စိုးရိမ်ဖို့ မလိုဘူးလေ"

"ဒါပေမဲ့ ကျွန်တော် ဒီတစ်ကြိမ်ရှုံးသွားတာက များတယ်၊ သွေးစိမ်းရှင်ရှင် ထွက်တဲ့အတိုင်းပဲ"

ပိုင်လျှိုယွန်က မျက်လုံးကိုမှိတ်သည်။

ဟိုင်ဝမ်ကျူသည် သူ၏မိခင် ချန်ထားရစ်ခဲ့သည့် နောက်ဆုံးသော လက်ဆောင်ပစ္စည်းတစ်ခု ဖြစ်လေရာ တန်ဖိုးကြီးမားလွန်းသည်။ သူက ပေးပစ်လိုက်သည့်အတွက် မည်သည့်နည်းနှင့်မျှ စိတ်သက်သာရာ ရလိမ့်မည် မဟုတ်ပေ။

ချီရှောက်ရုန်က မေးစေ့ကို မော့သည်။

"လျှိုယွန် မင်း ဟိုင်လင်းကို သိတာ ကြာပြီမဟုတ်လား"

ပိုင်လျှိုယွန်က ချီရှောက်ရုန်ကို ကြည့်ကာ မမျှော်လင့်ထားစွာပြော၏။

"သခင်လေး ဘယ်လိုဖြစ်ပြီး ..."

"ငါ ဒီအတိုင်းခန့်မှန်းကြည့်တာပါ၊ ဟိုင်လင်း မင်းကို တွေ့တဲ့အချိန်တိုင်း သူစိမ်းတွေကို မြင်တဲ့ပုံစံမျိုးနဲ့မဟုတ်တဲ့ အကြည့်မျိုးနဲ့ ကြည့်နေခဲ့တယ်လေ"

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Tempat cerita menjadi hidup. Temukan sekarang