အပိုင်း ၂၉၂
ကျော့ယွန်ဖေးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"အသုံးမကျတဲ့ဝက်ဝံကိစ္စက ခဏလေးနဲ့ ဖြေရှင်းသွားနိုင်မှာပါပဲ"
ချီဟန်က ကျော့ယွန်ဖေးကို ကြည့်ပြီးနောက် ခေါင်းကိုခါကာ ပြောသည်။
"မင်း နှစ်ဘီလီယံအတွက် အသည်းအသန် လုပ်နေဖို့ မလိုပါဘူး၊ သခင်လေးက မင်းကို နောက်လိုက်တာ"
ကျော့ယွန်ဖေးက လက်သီးကိုဆုပ်ကာပြော၏။
"ဘယ်လိုပဲဖြစ်ဖြစ် ငါ ချီရှောက်ရုန်ကို အလျှော့မပေးနိုင်ဘူး"
ချီဟန် "..."
ကျော့ယွန်ဖေးက ချီဟန်ကိုကြည့်ကာ မေးလာ၏။
"အားဟန် မင်း တကယ်ပဲ ချီရှောက်ရုန် ပြောသမျှကို နာခံမှာလား"
ချီဟန် ကြောင်သွားသော်လည်း ပြန်ဖြေမလာခဲ့ပေ။
ကျော့ယွန်ဖေးက ချီဟန်၏ အမူအရာကိုကြည့်ပြီးနောက် ပြုံးသည်။ ထိုအပြုံးက လျှို့ဝှက်ဆန်းကြယ်နေ၏။
ချီဟန်က မျက်မှောင်ကြုတ်နေချိန်တွင် ကျော့ယွန်ဖေးက နဖူးကို ဖျတ်ခနဲနမ်းလိုက်၏။
"မင်း လာတော့ ငါ ပျော်သွားပြီ"
...
ကျော့ယွန်ဖေးနှင့်ချီဟန်တို့ အခြားသောအဆောင်မှ ထွက်လာချိန်တွင် ကျွင်းဟောင်က ခြံဝန်းထဲတွင် ရပ်နေခဲ့ချေပြီ။
"ကျွင်းသခင်လေး"
ကျော့ယွန်ဖေးက ကျွင်းဟောင်၏ အနားသို့လေပြည်များ တိုက်ခတ်နေသကဲ့သို့ ဖျတ်ခနဲ ရောက်သွားကာ အော်လိုက်၏။
ကျွင်းဟောင်က ကျော့ယွန်ဖေးကို တောက်ပစွာ ပြုံးပြလိုက်ကာ
"ကျော့ယွန်ဖေး ဘယ်သူလာတယ်လို့ မင်း ထင်လဲ"
ကျော့ယွန်ဖေးက လက်ပိုက်ပြီးနောက် သံသယအပြည့်ဖြင့်ပြောသည်။
"ဘယ်သူလဲ"
ချီရှောက်ရုန်က အရိပ်ထဲမှ ထွက်လာသည်။
ကျော့ယွန်ဖေးက ချီရှောက်ရုန်ကို မြင်သောအခါ အံ့ဩသွား၏။
"သခင်လေးလည်း ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"