အပိုင်း၃၀၇
"မင်း ဒီကို ဘာလို့ ရောက်လာတာလဲ"
ချီရှောက်ရုန်က မေးသည်။
"ကျွန်တော် အစ်ကိုရှောက်ရုန်ကို စိုးရိမ်လို့လေ ဒါကြောင့် ကျွန်တော် လာကြည့်တာ"
ကျွင်းချန်က ပြောသည်။
ချီရှောက်ရုန် "..."
ကြည့်ရတာ ကျွင်းဟောင်နဲ့ပတ်သက်ပြီး ကောလာဟလတွေ အများကြီးထွက်နေခဲ့တဲ့ပုံပဲ။
ချီရှောက်ရုန်က လက်ကာပြသည်။
"မင်း မင်းရဲ့အစ်ကိုကို အထင်မသေးသင့်ဘူး မင်းရဲ့အစ်ကိုက ဆွဲဆောင်မှုမရှိတာမှမဟုတ်တာ"
ကျွင်းချန်က ပြောလိုက်သည်။
"ကျွန်တော့်အစ်ကိုက ဆွဲဆောင်မှုမရှိဘူးဆိုပြီး အထင်မသေးပါဘူး၊ ဒီအတိုင်း သခင်လေးကိုက ဆွဲဆောင်မှုပြင်းထန်လွန်းနေတာ"
ချီရှောက်ရုန်က ကျွင်းချန်မျက်နှာကိုသွားဆွဲသည်။
"ကောင်လေး ကောင်းကောင်းပြောတတ်သားပဲ"
ကျွင်းချန်က ရှက်ပြုံးပြုံးလိုက်၏။
စစ်ယာက ကျွင်းချန်ကို ကြည့်ပြီးနောက်ပြော၏။
"မင်းက ဘယ်သူလဲ"
ကျွင်းချန်က ကို့ရို့ကားယားပြုံးကာ ဘာစကားမှဆိုမလာခဲ့ပေ။
ချီရှောက်ရုန်"..."
မမျှော်လင့်ဘဲရောက်လာသောသူများကို ကြည့်ပြီးနောက် ချီရှောက်ရုန်က ပြောသည်။
"ဟိုင်လင်း မင်း ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"
"လျှိုယွန်က မင်းတို့ ဒုက္ခရောက်နေတယ်ဆိုတာကြာပြီး ကျွင်းဟောင်တို့က မင်းကို ပြန်ခေါ်လာပြီလို့ ကြားတာနဲ့ ချက်ချင်းရောက်လာချင်တော့တာပဲ"
ပိုင်လျှိုယွန်က ဟိုင်လင်းကို ကြည့်ကာပြော၏။
"မင်း ဘာပြောလိုက်တယ်"
"ဒီအတိုင်း အပြင်မှာဖြစ်နေတဲ့အကြောင်းရာကို ပြန်တွေးမိသွားလို့ပါ"
ဟိုင်လင်းက အပြစ်မကင်းသလို ပြောသည်။
ချီရှောက်ရုန်က မျက်မှောင်ကျုံ့၏။ သူပျောက်သွားသည်နှင့်ပတ်သက်ပြီး ထွက်ပေါ်နေခဲ့သော ကောလာဟလက အလွန်ပြင်းထန်သည်။ ပိုင်လျှိုယွန်က ဟိုင်လင်းကို စူးရှစွာကြည့်ပြီးနောက် ချီရှောက်ရုန်ကို ကြည့်သည်။