237 01
အပိုင်း ၂၃၇
ချီရှောက်ရုန်က အကြီးအကဲ ယိုဒါကို ထိုနယ်မြေကြီးတွင် မှော်သားရဲများထက် ကြောက်မက်ဖွယ် ကောင်းသည့် အရာက မည်သည့် အရာနည်းဟု မေးမြန်းချင်သည်။ သို့သော် သူ ပါးစပ်မဟ နိုင်သေးခင်မှာပင် ထူးဆန်းသော အားလှိုင်းတစ်ရပ်က တိုက်ခတ်လာ၏။ ဒါက သူတို့အားလုံးကို တိုက်သွားခြင်း ဖြစ်သည်။ ထို့နောက် အားလှိုင်းများ ငြိမ်သက်သွားချိန်တွင် သူ့အနားတွင် ကျွင်းဟောင်သည်သာ ကျန်ရစ်တော့သည်။ မြင်ကွင်းကလည်း ပြောင်းလဲသွားခဲ့၏။
"ခုနက အာကာသ မုန်တိုင်း ဖြစ်လိမ့်မယ်" ကျွင်းဟောင် ပြောလိုက်သည်။
"အာကာသ မုန်တိုင်း ဟုတ်လား"
ချီရှောက်ရုန် စိတ်ရှပ်သွား၏။
"ငါ ကြားဖူးတဲ့ အတိုင်းဆိုရင် ဒီရှေးဟောင်း တိုက်ပွဲနယ်မြေမှာ အာကာသမုန်တိုင်း ရှိတယ်။ အဲဒီအချိန်ကျရင် လူတွေကို တကွဲတပြားဆီ ပို့ပေးလိမ့်မယ်"
ကျွင်းဟောင်က ရှင်းပြသည်။
ချီရှောက်ရုန်သည် ဆံပင်ကို ဆောင့်ဆွဲမိမတတ် ဖြစ်သွား၏။ သူ နောင်တရစွာ ပြောလိုက်သည်။
"မင်းငါ့ကို အရမ်း ကာကွယ်ပေးနေတယ်လို့ ထင်နေတာ။ အခု ငါက ပြန်ကာကွယ်ပေးနိုင်မယ်လို့တောင် မထင်တော့ဘူး"
"အကြီးအကဲ ယိုဒါက လူတွေ အများကြီးကို ကိုင်တွယ် စောင့်ရှောက် ပေးနေတာပါ။ ငါ့ထက်စာရင် တော်ပါသေးတယ်"
"ကောင်းပြီ။ အနိမ့်ဆုံး မင်း အခြားနေရာကို မရောက်သွားဘူးလေ"
ချီရှောက်ရုန်က သာမန်ကာလျှံကာ လေသံမျိုးဖြင့် ပြောသည်။
သူ၏ လက်တွင် ရှိသည့် သင်္ကေတကို တစ်ချက် ထိတွေ့လိုက်သည်။ ယခင်က ဆိုလျှင် ထိုသင်္ကေတကြောင့် သူ စိတ်ရှုပ်ထွေးခဲ့ရသည်။ ယခုအခါတွင်မူ ကျင့်သား ရနေခဲ့ချေပြီ။ ကျွင်းဟောင် သူ့အနားတွင် ရှိနေသည်ကို သူသက်သက်သာသာ ခံစားနေရ၏။
ယခုကဲ့သို့သော တစ္ဆေကဲ့သို့သော နေရာမျိုးတွင် ရင်းနှီးကျွမ်းဝင်သည့် သူနှင့်အတူ ရှိနေခြင်းက ကောင်းပေသည်။
