238 01
အပိုင်း (၂၃၈)
ကျွင်းဟောင်သည် မိန်လီ၏ ထွက်ခွာသွားခြင်းကို ကြည့်ကာ တွေးနေသည်။ ချီရှောက်ရုန်မှာ သူ့ကို ကြည့်လိုက်၏။
"မင်း ဘာတွေ ကြည့်နေတာလဲ"
ဒါက မနာလို၍ မဟုတ်ဘဲ ကျွင်းဟောင်၏ စိတ်သဘောထားအရ တစ်စုံတစ်ရာ ထူးခြားနေမှန်း သူသိ၍ဖြစ်သည်။
"သူမက အကာအကွယ်လွှာ နယ်မြေအထိ ရောက်နေပြီ"
ဆိုင်လာ တစ်ချက်ပြုံးကာ ပြောလိုက်သည်။
"ဟုတ်တယ် ယိုဒါ ပြီးရင် သူမက ငါတို့အဖွဲ့ထဲမှာ စွမ်းအား အကြီးဆုံးပဲလေ။ သူတော်စင်အဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ဘူး"
ချီရှောက်ရုန်နှင့် ကျွင်းဟောင်တို့ နှစ်ရက်ခန့် ခရီးဆက်ခဲ့ကြသည်။ ရုတ်တရက် ပင့်ကူကြီးက ဆက်သွားရန် ငြင်းဆို၏။
"ဘာ ကိစ်စလဲ"
ချီရှောက်ရုန် မေးလိုက်သည်။
"ဖိအား"
"ဒီနေရာရဲ့ ဖိအားက အရမ်းပြင်းတယ်။ သာမန် ပင်လယ်မျိုးနွယ်တွေ အထဲ မဝင်ရဲတော့လောက်ဘူး"
"ငါ သိပြီ"
ချီရှောက်ရုန် ထိုဖိအားကို မခံစားရပေ။ သို့သော် ဆိုင်လာ ပြောမှသာလျှင် သူသည်လည်း မသက်မသာ ခံစားလိုက်ရ၏။
ချီရှောက်ရုန်က အောက်သို့ ဆင်းလိုက်သည်။ ကျွင်းဟောင်ကလည်း ရှေးဟောင်း ပင့်ကူကြီးကို ကြည့်ကာ သက်ပြင်းချ၏။ ထိုပင့်ကူကြီးက ကျွင်းဟောင်ကို ကြည့်ကာ ချက်ချင်းပင် ထွက်ပြေးသွားသည်။
"ဘာဖြစ်တာလဲ"
ချီရှောက်ရုန်က မေးလိုက်သည်။
ရှေးဟောင်း ပင့်ကူကြီးမှာ ထိတ်လန့်နေ၏။ သူ ရှေ့သို့ ဆက်၍ မသွားရဲတော့ပေ။ ထို့ကြောင့် ကျွင်းဟောင်သည် ဆက်သွယ်မှုကို ဖြတ်တောက်ပစ်လိုက်ခြင်းလည်း ဖြစ်သည်။
ကျွင်းဟောင်သည် ချီရှောက်ရုန်၏ နားသို့ ရပ်နေရာမှ မေးလိုက်သည်။
"မင်း အတွင်းပိုင်းအထိ ဝင်ချင်လား"
"ဒီနေရာအထိ ရောက်နေမှတော့ ဝင်ရမှာပေါ့" ချီရှောက်ရုန် ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
