အပိုင်း ၂၁၄
ချီဟန်က ချီရှောက်ရုန်အနားသို့ လျှောက်ဝင်လာသည်။ ထို့နောက် ချီရှောက်ရုန်ကို စာရွက်အထပ်လိုက်ပေးကာ ပြော၏။
"သခင်လေး ဒါက ဒီအတောအတွင်း ရောင်းရငွေတွေပါ"
ချီရှောက်ရုန်က ထိုစာရွက်များကို ယူလိုက်ပြီး စိတ်လှုပ်ရှားသွားသည်။
"ဒီလောက်တောင် အများကြီး ရောင်းရလိုက်တယ်လား၊ ချီဟန် မင်း တကယ်တော်တာပဲ"
"အဆင်ပြေပါတယ်၊ သခင်လေး သခင်လေးဆီမှာ ခွဲစိတ်ပြုပြင်ချင်တဲ့သူတွေလည်း ရှိနေပါသေးတယ်"
"ကောင်းပြီ၊ ဒီလူတွေအားလုံးက ပင်လယ်မျိုးနွယ်ကပဲလား"
"ဟုတ်ပါတယ်၊ ပင်လယ်မျိုးနွယ်ဝင်သားတွေကလည်း ခွဲစိတ်ပြုပြင်ကြမယ်လို့ မထင်ထားမိဘူး"
"သခင်လေး ကျွန်တော် ဒီစာရင်းကို ရပ်ထားပြီးပါပြီ၊ ဒါပေမဲ့ လာပြီး စာရင်းသွင်းတဲ့သူတွေက များသထက်များနေတုန်းပဲ"
"ငါ့ရဲ့ကျော်ကြားမှုက တကယ်ကောင်းနေတုန်းပဲကိုး"
ချီရှောက်ရုန်က အံ့ဩသွားသည်။
"ဒါက ဟိုင်လန်ကြောင့်လည်း ဖြစ်နိုင်တယ်"
ဟိုင်လန်ဟာ ဟိုင်မျိုးနွယ်စုမှ ကျော်ကြားလှသည့် စစ်နတ်ဘုရားမဖြစ်သည်။ သူမက ပင်လယ်မျိုးနွယ်တွင် အလွန်ကျော်ကြားခဲ့ကာ ယခုအခါတွင်မူ ပို၍ပင် ကျော်ကြားသွားခဲ့ချေပြီ။ သူမ၏မျက်နှာတစ်ဝက်ကို ဖုံးထားသည့် ထိုမွေးရာပါအမှတ်က ပျောက်သွားသည့်အခါ သူမက အလွန်အမင်းကို လှပသွားခဲ့၏။
ချီရှောက်ရုန်က စာရင်းကို ချီဟန်ကို ပြန်ပေးကာ ပြော၏။
"စည်းမျဉ်းအဟောင်းအတိုင်းပဲပေါ့၊ အမြင့်ဆုံးပေးတဲ့သူက အရင်ဆုံး လုပ်ပေးရမယ်"
ချီဟန်က ခေါင်းညိတ်သည်။
"ကောင်းပါပြီ"
ချီရှောက်ရုန်က တစ်ခဏခန့် တွေးတောပြီးသည့်နောက် ပြော၏။
"အလှအပ ခွဲစိတ်ပြုပြင်တဲ့လုပ်ငန်းကလည်း အဆင်ပြေနေတာပဲ"
"နောက်ပြီး သခင်လေးအခု သုံးဖို့ မလိုသေးဘူးဆိုတော့ အရာအားလုံးက အဆင်ပြေနေတာပဲ၊ သခင်လေး ကိုယ့်ကိုယ်ကို အရမ်းတွန်းအားပေးဖို့ မလိုအပ်ပါဘူး"