Part 229

1.7K 183 0
                                    

229 01

အပိုင်း ၂၂၉

ကျွင်းဟောင်က သူတို့ကို ခန်းမထဲသို့ခေါ်သွားသည်။ ချီရှောက်ရုန်က သူတို့ကို လက်ခံကြိုဆို၏။ ရှန်းယွမ်က သူတို့ကိုမြင်သည့်အခါ ခပ်မတ်မတ်ရပ်ထားသည်။

ခန်းမထဲတွင် မော့ယွန်နန်ကိုယ်တိုင်ကလည်း ရှိနေသေးသည်။ မော့ယွန်စီးပွားရေးလုပ်ငန်းစုက ဖြစ်ကြောင်း သူ သေချာနားလည်ထားပေ၏။ ထို့ကြောင့် ပို၍လန့်နေခဲ့ခြင်းလည်းဖြစ်သည်။

ရှန်းယွမ်ရောက်လာခဲ့ခြင်းက မော့ယွန်နန်ကို လေးစားသွားစေသည်။ မြို့အရှင်က တကယ့်ပုဂ္ဂိုလ်များနှင့်ပင် ပြည့်နှက်နေ၏။ ရှောက်ရုန်တို့ဘက်ကလည်း တစ်မျိုးတွေးသည်။ ချီရှောက်ရုန်က မော့ယွန်စီးပွားရေးလုပ်ငန်းစုမှ သူတွေနှင့်ပတ်သက်နေ၏။

ချီရှောက်ရုန်က ချီရှောက်ဖူနှင့်ရှန်းယွမ်ကို တစ်ချက်ကြည့်သည်။

"တတိယအစ်ကိုနဲ့ ရှန်းသခင်လေး ရောက်လာကြပြီပဲ"

ချီရှောက်ရုန်တို့က ထိုင်ခုံတွင် အသီးသီး ဝင်ထိုင်လိုက်ကြသည်။ မော့ယွန်နန်နှင့် ချီရှောက်ရုန်တို့က စီးပွားရေးကိစ္စကို ပြောပြီးနောက် မော့ယွန်နန်က ပြန်သွားသည်။ ရှန်းယွမ်က ချီရှောက်ရုန်ကို ကြည့်သည်။

"ရှောက်ရုန် မင်းနဲ့မော့ယွန်နဲ့ စီးပွားရေးက မဆိုးဘူးထင်တယ်"

ချီရှောက်ရုန်က ပျင်းပျင်းရိရိဖြင့် မေးမော့ကာပြော၏။

"ဒါပေါ့၊ ငါတို့က စီးပွားရေအရ လုပ်ဖော်ကိုင်ဖက်တွေလေ"

"မင်း တကယ်ပဲ ဘယ်နေရာမှာမဆို ကောင်းကောင်းကျင်လည်နိုင်တာပဲ။ မမျှော်လင့်ထားတာက ပိုင်ဟိုင်နယ်မြေကတောင်မှ သိပ်မကြာသေးခင်မှာပဲ မင်းရဲ့ စီးပွားရေးပိုင်နက်နယ်မြေကြီး ဖြစ်သွားပြီ"

ရှန်းယွမ်က ချီကျူးလိုက်သည်။

ချီရှောက်ရုန်က ရှန်းယွမ်ကိုကြည့်၏။

"ရှန်းသခင်လေးက နစ်နာနေပါပြီ၊ ရှန်းသခင်လေးရဲ့မျက်နှာက ဝိုင်းသထက် ဝိုင်းလာတာပဲ၊ ကောင်းကောင်းနေနေရတဲ့ပုံပဲ"

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Where stories live. Discover now