Part 280

1.1K 121 0
                                    

အပိုင်း ၂၈၀

နောက်တစ်ရက်တွင် ကျင်းတိုင်းပြည်မှလူများက အခြားတည်းခိုဆောင်၏ အဝတွင် စောင့်နေခဲ့သည်။ ကျန်းချင်းရှင်းက ကျော့ယွန်ဖေး၏ အနားသို့ ကပ်လာကာပြော၏။

"မင်းသားက ငါတို့နဲ့အတူ ပြန်မလိုက်ဘူး၊ အားလုံးပဲ အဆင်သင့်ဖြစ်နေပြီ၊ မင်း သွားလို့ရပြီ"

ကျော့ယွန်ဖေးက လက်ပိုက်ထားသည်။ သူက ခပ်တည်တည်သာ ရပ်နေကာ ရထားလုံးနားတွင် ပျင်းရိပျင်းရွဲ ကပ်နေ၏။

"အရှင့်သား ငါတို့နဲ့ ပြန်မလိုက်မှာငါ သိတယ်၊ ဒီအတိုင်း ငါတို့နဲ့လိုက်မဲ့သူတစ်ယောက်ကို စောင့်နေတာ"

ကျန်းချင်းက မသက်မသာ ပြော၏။

"ကောင်းပြီ"

သည်အနေအထားကို မြင်လိုက်ရကာ မသက်မသာဖြစ်သွားသည်။ ကျော့ယွန်ဖေး၏ အမူအရာက ချက်ချင်းပြောင်းသွားကာ ချီဟန်အနားသို့ ချက်ချင်းရောက်သွားသည်။

"အခြားသူတွေအများကြီးကို အကြာကြီးစောင့်ခိုင်းထားတာက ဟုတ်တော့မဟုတ်ဘူး၊ ဟမ့် တကယ်ကို စိတ်ဝင်စားစရာကောင်းတာပဲ"

ချီဟန်က အသက်ပြင်းပြင်းရှူကာ ကျော့ယွန်ဖေးကို လှည့်ကြည့်ပြီး ပြောလိုက်၏။

"စိတ်မရှိပါနဲ့၊ မင်းသာ ငါ့ကို စောစောပြောခဲ့မယ်ဆိုရင် ငါ နောက်ကျမယ်မထင်ဘူး"

ကျော့ယွန်ဖေးက နှာခေါင်းရှုံ့သည်။

"သူများအပြစ်ဖို့လိုက်တဲ့ အစီအစဉ်ကတော့ အရမ်းကောင်းတာပဲ၊ ငါ မင်းကို စောစော ပြောခဲ့ရင်တောင်မှပဲ နောက်ဆုံး ငါပဲ ပြစ်တင်ခံရမှာပဲမဟုတ်လား၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ ခြေနဲ့လက်တွေက နှေးကိုနှေးနေတာလေ"

ချီဟန်က ကျော့ယွန်ဖေးကို ဒေါသတကြီးကြည့်သည်။ ထို့နောက် ကျော့ယွန်ဖေးအနားမှ ချက်ချင်း ထွက်သွား၏။ သို့သော် ကျော့ယွန်ဖေးက လှမ်းဆွဲကာ ရထားလုံးပေါ်သို့ အတင်းဆွဲတင်သည်။

"မြန်မြန်တက်"

"ရထားလုံးပေါ်ကို ကိုယ်တိုင်ကိုယ်ကျ တင်ပေးတယ်ဆိုတော့ အရမ်းကို သဘောကောင်းလွန်းနေပြီ"

"မင်း အထင်မှားနေပြီ၊ ငါလည်း ဒီအပေါ်မှာ ထိုင်မှာလေ၊ ရထားလုံးတစ်စီးတည်းကို အပိုင်စီးချင်နေတာက အရမ်းကိုများသွားပြီ"

"ချီရှောက်ရုန်က ငါ့ကို ရောင်းထားတာဆိုတော့ ငါကသေချာပေါက် ကောင်းကောင်း ဆက်ဆံပေးရမှာပေါ့"

ကျော့ယွန်ဖေးက အေးစက်စွာပြောသည်။

ချီဟန်က မျက်မှောင်ကြုတ်သည်။

"ငါက မင်းနဲ့ ရထားလုံးတစ်စီးတည်း အတူမစီးချင်ဘူး၊ မင်းအခြားသူတွေနဲ့ ငါ့ကို ပြောင်းစီးခိုင်းလို့ရတယ်"

"ချီဟန် မင်းရဲ့စိတ်အခြေအနေက ဒီလောက်ဆိုးတာ၊ ငါက လွဲပြီး ဒီဒဏ်ကိုဘယ်သူက ခံနိုင်မှာတဲ့လဲ၊ ငြိမ်ငြိမ်ထိုင်"

ထိုသို့ဖြင့် ကျော့ယွန်ဖေးက အထဲသို့ ဝင်ထိုင်လာသည်။

"မျက်နှာမပျက်ချင်ဘူးဆိုရင် ငြိမ်ငြိမ်ထိုင်လိုက်လာတာက အကောင်းဆုံးပဲ"

ချီဟန် "..."

ချီဟန်က ကျော့ယွန်ဖေးကို အေးစက်စွာ ကြည့်ပြီးနောက် အသက်ပြင်းပြင်းရှူကာ ငြိမ်နေလိုက်သည်။

ကျန်းမျိုးနွယ်ဝင်တစ်ယောက်က ကျန်းချင်းရှင်း အနားသို့ ကပ်သွားကာ ပြောသည်။

"ကောင်းပြီ ချင်းရှင်း သွားစို့"

ကျန်းချင်းရှင်း၏ နှလုံးသားထဲ မသက်မသာဖြစ်နေခဲ့သည်၊၊ သူ၏ စိတ်အခြေအနေက မကောင်းတော့ပေ။ အချိန်အတန်ကြာမှသာ တည်ငြိမ်သွားကာ ပြောလိုက်၏။

"ကောင်းပြီ"

သူ နောက်ပြန်လှည့်ကြည့်မိသည့်အခါ ကျော့ယွန်ဖေးတို့ရထားလုံးကလည်း ရှေ့ဆက်လာကြောင်း မြင်လိုက်ရသည်။ ရထားလုံးအနိမ့်အမြင့်အလိုက် သူ၏ ရင်ထဲ မသက်မသာဖြစ်နေခဲ့၏။

...

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Donde viven las historias. Descúbrelo ahora