269 01
အပိုင်း (၂၆၉)
ကျွင်းဟောင်က ကျော့ယွန်ဖေးနှင့် ချီဟန်တို့ရှိရာဘက်ကို ကြည့်ကာ ပြော၏။
"ချီဟန်က ကျော့ယွန်ဖေးနဲ့ ထွက်သွားတော့မယ်ထင်တယ်"
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
"ငါ တွေ့သားပဲ"
ကျွင်းဟောင်က မေးစေ့ကိုပွတ်ကာ စဉ်းစားလျက် ပြော၏။
"ကျော့ယွန်ဖေး ဒီကောင်၊ ချီဟန်ကို တကယ်စိတ်ဝင်စားတဲ့ပုံပဲ"
ကျော့ယွန်ဖေးက ကျွင်းဟောင်ရှိရာဘက်သို့ ကြည့်ကာ လှမ်းပြောသည်။
"ဟုတ်တယ်"
အနားတွင်ရှိသော ချီဟန်က ချီရှောက်ရုန်ကို မြင်သည့်အခါ ထူးဆန်းသလို ခံစားလိုက်ရသည်။
"ဒီငှက်ကို ကြည့်အုံး၊ မင်းကို တိုက်ခိုက်ခဲ့တဲ့ငှက်နဲ့ တူမနေဘူးလား"
ကျော့ယွန်ဖေးက ပြောသည်။
"မတူပါဘူး၊ ဘယ်နေရာက တူနေလို့လဲ၊ ခန္ဓာကိုယ်အရွယ်အစား၊ အရောင်တောင် တူမနေတာ၊ မျက်လုံး မကောင်းဘူးလား"
ချီဟန်က အေးတိအေးစက် ပြန်ဖြေသည်။
"တူမနေဘူးလား၊ မတူဘူးဆိုရင်လည်း မတူဘူးပေါ့၊ဒါဆို ဒီကောင်ကို သတ်ပြီးကင်စားရအောင်"
ကျော့ယွန်ဖေးက စိတ်ဝင်တစား ပြောသည်။
ချီဟန်က ကျော့ယွန်ဖေးကို သံသယအပြည့်ဖြင့် ကြည့်လိုက်၏။
"ဘာလို့ အသားကင်ကျွေးချင်နေတာလဲ၊ မင်းက ဒီလိုလူမျိုး မဟုတ်ပါဘူး"
ကျော့ယွန်ဖေးက ချီဟန်ကို ကြည့်ကာ ပြော၏။
"ငါ အမြဲတမ်း ကောင်းပါတယ်"
ထိုသို့ပြောပြီးသည်နှင့် သူက ထိုငှက်ကြီးကို ဖမ်းလိုက်သည်။
"မင်းကို ကိုက်သွားတဲ့အကောင် သေချာပေါက် ကင်စားပစ်မယ်"
ချီဟန် "..."
ကျော့ယွန်ဖေးက ချီဟန်ကို ကြည့်၏။
269 02
"ဘာလို့ ဆက်မပြောတော့တာလဲ"
![](https://img.wattpad.com/cover/344407063-288-k81310.jpg)