အပိုင်း ၂၀၇
"ပြောရမယ်ဆိုရင် ဟိုင်လန်က အလွန်ကိုကျော်ကြားတဲ့သူ သူ့ရဲ့မျက်နှာက မွေးရာပါအမှတ်က ရုပ်ဆိုးနေခဲ့လို့သာ သူ့ကို လက်ထပ်မဲ့သူမရှိတာ။ အခုတော့ ဟိုင်လန်က အကျော်ကြားဆုံးသူတစ်ယောက် ဖြစ်နေလောက်ပြီ"
"သူက လက်ထပ်ဖို့ မစိုးရိမ်ရတော့တာတင်မကတော့ဘူး၊ အရမ်းကိုကျော်ကြားသွားခဲ့တာနော်။ ငါ ကြားထားတဲ့အတိုင်းဆိုရင် သူ့ကိုလိုက်နေကြတဲ့သူတွေက အပြည့်ပဲတဲ့"
"အရှင်သခင်ကတော့ တကယ်လုပ်နိုင်စွမ်းအားပြင်းထန်တာပဲ"
"ဒါပေါ့ ဒီလိုလူမျိုးက အကျိုးအမြတ်အများကြီးရှာနိုင်မဲ့သူမျိုးပဲ"
...
အယ်လီက ရေသူမျိုးနွယ်နန်းတော် အတွင်းတွင်ရှိနေရာမှ မျက်မှောင်ကြုတ်လိုက်သည်။
"အရှင်မ အရှင်မ အဆင်ပြေရဲ့လား"
အယ်လီက ၀င်လာသည့်သူကိုကြည့်ကာမေးသည်။
"ဟိုင်လင်းပင်လယ်နယ်မြေကို ပြန်လာပြီလား"
"မပြန်လာသေးပါဘူး"
တစ်ဖက်သူက ပြန်ဖြေသည်။
အယ်လီ မျက်မှောင်ကြုတ်၏။
"ကမ်းခြေက ဒီလောက်ခြောက်ကပ်နေတာ နေကလည်း ပူလွန်းတယ်။ ဘယ်လိုဖြစ်ပြီး ဒီကမ်းခြေမှာပဲ တောက်လျောက်နေနေရတာလဲ။ သူ့အသားအရေက လောင်ကျွမ်းပြီး မနာကျင်ဘူးလား။ ပင်လယ်နယ်မြေက အကောင်းဆုံးပဲလေ"
"သခင်လေးဟိုင်လင်းက အရမ်းအလုပ်များပြီး စီးပွားရေးလုပ်ငန်းတွေ အပြည့်ရှိနေတာလေ။ အခုတလောမှာ သခင်လေးဟိုင်လင်းရဲ့စီးပွားရေးလုပ်ငန်းတွေက အရမ်းကျော်ကြားနေလို့ပါ"
အစေခံက ပြန်ဖြေပေးသည်။
အယ်လီက မျက်မှောင်ကြုတ်ကာ မကျေမနပ်ပြောသည်။
"အဲဒီလုပ်ငန်းတွေကို ကိုင်တွယ်ဖို့ လူလွှတ်ထားလို့ရနေတာပဲ။ ဟိုင်လင်းက တစ်ခါတစ်လေတော့ သွားကြည့်နေကြပါ။ အခုတစ်ခါမှ အခုလောက် အရမ်းအကြာကြီးမနေဘူးပဲ၊ အခု နေနေတာက ထူးခြားလွန်းမနေဘူးလား"