အပိုင်း ၂၄၉
ချီရှောက်ရုန်က တူကိုကိုင်ထားသည်။ မေးစေ့ကို လက်ဖြင့်ထောက်ထားလျက် ကျွင်းဟောင်ကိုသာ ကြည့်နေ၏။ သူက တူကို မလှုပ်ရှားတော့ပေ။ ကျွင်းဟောင်က ချီရှောက်ရုန်ကို ကြည့်ကာ မေးလိုက်သည်။
"ဘာလို့မစားတာလဲ၊ စားချင်စိတ်မရှိဘူးလား၊ ဒါတွေက စားကောင်းပါတယ်"
"မင်းကတော့ အရမ်းကို စားကောင်းနေတဲ့ပုံပဲ"
"ထင်ရတာပဲ"
"အားတွေ အရမ်းသုံးပြီးသွားတော့ အားပြန်ဖြည့်ဖို့ လိုအပ်နေတယ်ပေါ့လေ၊ များများစား"
ချီရှောက်ရုန်က ပြုံးကာ ပြော၏။
ကျွင်းဟောင် "..."
"ပင်လယ်သားရဲတွေကို သတ်ပြီး ပိုက်ဆံရှာတာက လွယ်ကူတယ်လို့ထင်လို့လား။ ဘယ်လိုဖြစ်ပြီး ဒီလိုနည်းလမ်းကို တွေးတောမိသွားတာလဲ"
ချီရှောက်ရုန်က ပဟေဠိဖြစ်နေ၏။
"လွယ်လွယ်လေးပါ၊ ဒီအတိုင်း တွေးမိလို့လုပ်လိုက်မိတာပဲ"
ကျွင်းဟောင်က ဂရုပင် စိုက်ပုံမရပေ။
ချီရှောက်ရုန်က ကူကယ်ရာမဲ့စွာဖြင့် ကျွင်းဟောင်ကို ကြည့်ကာ ပြောသည်။
"ဒါပေမဲ့ အဆင့်မြင့် ပင်လယ်မျိုးနွယ်ဝင်တွေကို ဘာကြောင့် သတ်နေရတာလဲ"
"အဆင့်မြင့်မှ တန်ကြေးမြင့်မှာလေ၊ အဆင့်နိမ့်တွေကို သတ်တော့ ဘာလုပ်မှာလဲ၊ စိတ်အေးအေးထားပါ"
"..."
"ဒါလည်းဟုတ်တာပဲ"
"မင်းသားနှစ်က ဒီမှာရှိနေသေးတယ်၊ မင်းတော့ စွမ်းအားကို ထုတ်ပြလိုက်မိပြီ"
ကျွင်းဟောင်၏ အကြည့်များက အေးစက်သွားသည်။
"တော်ဝင်မိသားစုက သံသယဝင်လာတော့ရော ဘာလုပ်ရမှာလဲ၊ ဆိုးတော့မဆိုးပါဘူး"
"..."
...
ပင်လယ်ရေအောက်နန်းတော် အတွင်းတွင်။
ပိုင်လျှိုယွန်က ဟိုင်လင်းကို အေးစက်စွာ ကြည့်နေသည်။
"မင်း ကျွင်းဟောင်ကို ဘာသွားပြောလိုက်လဲ"
