အပိုင်း (၃)
သူ ပြီးခဲ့သော အတိတ်တွင် သူငယ်ချင်းများနှင့် ပျော်ပါးဖို့သာ တွေးခဲ့သည်။ အိမ်တွင် ဖြစ်ပျက်နေသည်များကို စိတ်မဝင်စားပါ။
မနက်နိုးသည်နှင့် သူငယ်ချင်းများဖြင့် အပြင်သွား၍ သောက်စား ပျော်ပါးသည်။ ညစာ စားပြီး၍ မိုးချုပ်မှသာ အိမ်ပြန်လာသည်။ ငါးပုတ်သင်အား ဖမ်းမိသည်ထိပဲ ကြား၍ မည်မျှ ရောင်းရသည်ကို အမြဲ မသိလိုက်ဘဲ အိပ်ပျော်သွားသည်။
သည်ခေတ်တွင် ရွှေရောင် ငါးပုတ်သင် ရှားသော်လည်း အလွန် စျေးကြီးလှသည်တော့ မဟုတ်။ သာမန်ငါးထက် အနည်းငယ်သာ စျေးပိုကြီးသည်။
အနာဂတ်နှင့် မတူပေ။ အနာဂတ်တွင် ထိုငါး စျေးများသည် မိုးလောက် မြင့်သည်။
၂၀၂၂ တွင် ထို ငါးစျေးသည် ၁ ကျင်းအတွက် ယွမ် ၆၀၀ ဖြစ်သည်။ (၁ကျင်း = ၅၀၀ ဂရမ်)
၁ ကျင်း ၃ လျန် လောက်လေးသည့် ငါးလောက် ယွမ် ၈၀၀ လောက် ရှိမည်။ ၁ ကျင်းနှင့် ၈ လျန်လေးသည့် ငါးသည် ယွမ် ၁ ထောင် ကျော်မည်။ (၁ လျန် = ၅၀ ဂရမ်)
၂ ကျင်းလောက် အလေးချိန် ရှိရင် ယွမ် ၁၅၀၀၊ ၁၆၀၀ လောက်ရှိလောက်မည်။
၂ ကျင်း အထက်ဆိုရင်တော့ ယွမ် ၃ ထောင် ကျော်လိမ့်မည်။
သည်စျေးသည် ပင်လယ်မှ တိုက်ရိုက် လတ်လတ်ဆတ်ဆတ် ဝယ်ယူသော စျေး ဖြစ်သည်။ ဂိတ်မှ ဝယ်လျှင် စျေးနှစ်ဆ တက်လိမ့်မည်။
ပမာဏပေါ် မူတည်၍ စျေး အတက်အကျ ရှိသည်။
သူသည် ရည်မှန်းချက် မရှိသောသူ ဖြစ်သော်ငြား မွေးလာတည်းက သည်နေရာတွင် ကြီးပြင်းလာသူဖြစ်၍ စျေးနှုန်းနှင့် တန်ဖိုးတွေအကြောင်း နည်းနည်းပါးပါး သိသည်။
သူ အတွေးလွန်ရင်း ကိုယ့်ပေါင်ကို ရိုက်လိုက်သည်။အနာဂတ်တွင် ဖြစ်လာမည့် စျေးနှင့်သာ ရောင်းရရင် ကောင်းမှာပဲဟု တွေးနေသည်။