Chapter 31

1.4K 116 2
                                    

Chapter 31
November 01, 2023
အပိုင်း (၃၁)

လင်းရှိုချင်း အိမ်ပြန်ရောက်သောအခါ အိမ်နောက်ဘက်မှရုန်းရင်းဆန်ခတ်အသံများကို ကြားရသဖြင့် အမြန်ထွက်လာခဲ့သည်။ သူမ၏ ယောက်ျားသည် စိတ်မချရသဖြင့်အမှန်တကယ် စိုးရိမ်မိပါသည်။

အိမ်နောက်ဖေး တံခါးသို့ ရောက်သည်နှင့် တပြိုင်နက်သူ့၏ ဒေါသထွက်နေသော အသွင်အပြင်ကို တွေ့လိုက်ရသည်။ ဒေါသကြီးပြီး တူဖြစ်သူကို ရိုက်မိမှာ စိုးသဖြင့် "ကျွန်မသားကို ရေချိုး‌ပေးလိုက်မယ်၊ ရှင်ဘာသာရှင် ရေသွားချိုးလိုက်တော့"

"နောက်ဆုံးတော့ မင်း ပြန်လာခဲ့ပြီ။ ကိုယ်ဒီ‌မှာရူးတော့မယ်" ရီရောင်သုန်းသည် စိတ်ပျက်အားငယ်စွာဖြင့် မတ်တပ်ထရပ်လိုက်ပြီး ရွှဲရွှဲစိုနေသော ဆံပင်များကို သုတ်ရန်အင်္ကျီကို တိုက်ရိုက်ချွတ်လိုက်သည်။

သူ့ဒေါသ‌များ ပျောက်သွားသည်ကို မြင်လိုက်ရသဖြင့် လင်းရှိုချင်း စိတ်သက်သာရာ ရသွားသည်။

"အမေ ကြာဇံလုပ်နေပြီ။ ရှင် ရေချိုးပြီးတာနဲ့ စားလို့ရလောက်ပြီ"

"ဟုတ်ပြီ၊ ကိုယ်‌ ခေါင်းအရင် လျှော်လိုက်အုံးမယ်။ မင်းတို့တွေ မြန်မြန်‌ ရေချိုးကြ ပြီးရင် ဇလုံအလွတ်တစ်လုံး ငါ့သုံးဖို့ ထားခဲ့"

ကလေးများသည် တခစ်ခစ်ရယ်ကာ ရွှတ်နောက်နောက်အချင်းချင်းတွန်းကာ အိမ်ထဲသို့ ဝင်သွားကြသည်။ အငယ်ဆုံးဖြစ်သူ ရီချန်းယန်း တစ်ယောက်ထဲ ဘေစင်ထဲတွင် ထိုင်ကာ ကျန်‌နေခဲ့သည်။ တစ်ယောက်ထဲကျန်ခဲ့သဖြင့် စိုးရွံ့စွာ ချက်ချင်း ထရပ်သည်။

"အစ်ကို~အစ်ကို~"

"မင်းက တကယ်ကို လိုက်တုတဲ့ကောင်ပဲကွ၊ အစ်ကိုအစ်မတွေနောက်ပဲ အမြဲလိုက်နေတာ။ မြန်မြန် ရေချိုး ဒါဆို မင်းလည်း အထဲဝင်လို့ရပြီ"

ရီရောင့်သုန်းအတွက်လည်း ရေနွေးမလိုပေ။ သူက

ရိုးရိုးရေပုံး တစ်ပုံးကို ‌ရေဖြည့်ပြီး ဇလုံထဲသို့ လောင်းထည့်လိုက်တယ်။ ဘောင်းဘီတိုကိုပါ ချွတ်ချလိုက်ပြီး သူ့တစ်ကိုယ်လုံးကို ရေ‌လောင်းလိုက်သည်။

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now