အပိုင်း (53)
အဖေ ရီက တူကိုချလိုက်ပြီး;
"ငါတို့ အခု ကမ်းကမ်မဲ့ ဆိပ်ကမ်းဆီ ရွက်လွှင့်ထားလိုက်မယ်"
ဤလှေကလေးမှာ ပြုပြင်ပြီးကာစဖြစ်ပြီး သူတို့မိသားစု၏ ရတနာလေးဆိုလည်း မမှား၊ ထို့ကြောင့် အလွယ်တကူ အဆုံးရှုံးမခံနိုင်ပေ။
အရင်ဘဝကအတွေအကြုံအရဆိုရင် ဇူလိုင်အစမှာ ဘာတိုင်ဖွန်မှတော့ မရှိ၊ ဒါပေမဲ့ သတိဆိုတာ ပိုတယ်မရှိတာမလို့ သူတို့ သွားပြီး အရဲစွန့်လို့မရဘူး...။
"အဖေ၊ ကျွန်တော် အဖေနဲ့ လိုက်ခဲ့မယ်"
"ဘာအလုပ်မှ မလုပ်ဘဲ ရေသာခိုချင်နေတာလား၊ မင်း"
အဖေ ရီက သူ့ကို စွေးကြည့်လာခဲ့၏။
"အဖေ ဘယ်လိုတောင် တွေးလိုက်တာလဲဗျာ၊ ကျွန်တော် ဒီရက်ပိုင်း အလုပ်တွေကြိုးစားနေတာ အဖေ မတွေ့ဘူးလား။ ကမ်းကပ်မဲ့ ဆိပ်ကမ်းက အဲ့လောက်ထိလည်း မဝေးပါဘူး၊ ကျွန်တော့်ကို ခေါ်သွားပြီး တစ်ခုနှစ်ခုလောက်တော့ သင်ပေးလေဗျာ၊ ကျွန်တော်တို့ သွားတုန်းလေး လမ်းမှာ ရွက်လွှင့်နည်းလေး ဘာလေး သင်ပေးပေါ့"
ကမ်းကပ်ထားမည့် ဆိပ်ကမ်းက သူတို့မြို့၏ ရေပြင်ပိုင်နက်တွင်သာ ဖြစ်ပြီး အတော်လေး နီးလေ၏။ သူအ အတွေ့အကြုံရအောင် ခေါ်သွားရမည်က ပြဿနာ တစ်ခု မဟုတ်သဖြင့် ခဏကြာစဉ်းစားပြီးနောက်တွင် အဖေ ရီက သဘောတူကာ ခေါင်းညိတ်ပြလိုက်သည်။
ရီရောင့်သုန်းတစ်ယောက် ရွက်လွှင့်ရန် အဖေ ရီနှင့် လိုက်ပါသွားပြီး တစ်ခြားသူများကတော့ အိမ်ဝိုင်းတွင် အလုပ်ကူလုပ်ရန် နေခဲ့ကြသည်။ ကောင်းကင်ယံထက်တွင် နေမင်းကြီးက တောက်ပနေဆဲဖြစ်ပြီး လေပြေလေညှင်းပင် ကင်းမဲ့နေကာ ကျွန်းပေါ်တွင် မည်သည့် အရိပ်အယောင်မှ ရှိမနေချေ။
သူ လှေပေါ်တက်လိုက်သည့် အခိုက်အတန့်တွင်တော့ တိုင်ဖွန်မုန်တိုင်း တကယ်လာတော့မည်ဆိုတာကို ခံစားလိုက်ရသည်။ ပင်လယ်ရေမျက်နှာပြင်ထက်တွင် လှိုင်းလုံးကြီးများက အလွှာအထပ်ထပ်ဖြင့် လူးလိမ့်လာ၏။
မီတာ အနည်းငယ် အဝေးရှိ ပင်လယ်မျက်နှာပြင်ထက်တွင် သစ်သားလှေငယ်လေးများသည်လည်း မျောနေကြပြီး ရှေးခေတ်အခါက အခြေပြားလှေငယ်များကို အောက်မေ့ သတိရစေ၏။
လှေသမားက လှေကို အားသွန်ခွန်စိုက် လှော်ခတ်ကာ အကာအကွယ် ဆိပ်ကမ်းဆီ ဦးတည်သွားနေပုံရ၏။ ရီရောင့်သုန်းတစ်ယောက် လှိုင်းလုံးကြီးတစ်ခု ဝင်လာပြီး လှေကို မှောက်ချလိုက်မည်အား စိုးရိမ်စွာဖြင့် စောင့်ကြည့်နေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် လှေကာ အတော်လေးကြီးမားပြီး မော်တာနှင့် အခြားတွန်းကန်အား စနစ်များ တပ်ဆင်ထားသောကြောင့် ကိုယ်တိုင် လှော်ခတ်စရာမလိုပေ။
သည်ခေတ်အခါတွင် ဤကဲ့သို့သစ်သားလှေငယ်များက အတော်လေး အသုံး တွင်ကျယ်ကြပြီး တစ်ဖြည်းဖြည်း ပျောက်ကွယ်မသွားခင်အထိ နှစ်အတော်ကြာ အသုံးပြုကြအုံးမည် ဖြစ်သည်။ အနာဂတ်ရှိ ပန်းခြံများတွင်တော့ အပန်းပြေစေရန်အသုံးပြုသည့် လှေငယ်များကပင် ယခုထက်ပို၍ အဆင့်မြင့်လာလိမ့်မည် ဖြစ်သည်။
"အဖေ ကျွန်တော်တို့ အကာအကွယ် ဆိပ်ကမ်းကို သွားကြမှာပဲဆိုတော့ ဘာလို့ ပိုက်မချထားရမှာလဲ။ အခွင့်အရေးကောင်းကို အလဟသမဖြစ်စေနဲ့လေ၊ ငါးတို့ ပုစွန်ဆိတ်တို့လောက်ပဲ ဖမ်းမိလည်း အိမ်အတွက် ဟင်းစားရတာပေါ့"
"အမ်း"
အခွင့်အလမ်းကို အကောင်းဆုံးအသုံးချရန်အလို့ငှာ ခရီးတစ်လျှောက်လုံးတွင် အဖေရီက လှေကို မည်သို့လည်ပတ်ပုံ၊ ပိုက်ကို မည်သို့ချရနည်း သင်ပေးရုံသာမကဘဲ သူ့အား ပေးမောင်းကြည့်စေ၏...။
သူက စိတ်ပါဝင်စားစွာ နားထောင်ချင်ယောင်ဆောင်နေသော်လည်း မနေနိုင်တော့စွာဖြင့် ...
"အဖေ အားကွမ်က အရင်ရက်ကပဲ ကျွန်တော့်ကိုသင်ပေးပြီးသွားပြီဗျ"
"အဲ့တော့ တစ်ခါသင်ဖူးပြီးတာနဲ့ မင်းကအ ားလုံးသိသွားပြီး ထပ်သင်ဖို့မလိုတော့ဘူးပေါ့"
"အာ...မဟုတ်ပါဘူး အဖေရဲ့၊ အဖေက ပိုပြီးအတွေ့အကြုံ ရှိပါတယ်ဗျာ၊ အဖေ ဆက်ပြော....."
အဖေ ရီက ကမ်းကပ်ထားမည့် ဆိပ်ကမ်း ရောက်သည့်တိုင်အောင် ကွန်ကို မဆွဲသေးချေ။
"အိုး၊ ဖမ်းစရာတွေ အများကြီးပဲ။ ကျွန်တော် ကဏန်းပြာ အကောင်ကြီးကြီး တစ်ကောင်ကို တွေ့လိုက်တယ်"
ကောက်လို့ရသမျှ အကုန် သွန်ချလိုက်ပြီးနောက် ရီရောင့်သုန်းက အရင်ဆုံး ပုစွန်နှင့် ကဏန်းများကို ကောက်လိုက်ပြီး ခွဲထုတ်ကာ ...
"ကျူနာငါးဝါ၊ ကျူနာငါးမဲ၊ နွေဦးငါး၊ ရေတိုးငါး၊ စနပ်ပါ၊ ပင်လယ်ငါးရှဉ့်၊ ကင်းမွန်၊ ပိုက်ငါး....အကောင်တွေက တော်တော်ထွားတယ်။ ဗိုက်ကြီးတွေကလည်း ဥတွေ အပြည့်ဗျာ...အဖေ ခဏလောက်ဆွဲထားပါဦး။ ဒီကွန်က တအားမိုက်တယ်ဗျာ"
"ကြည့်ရတာတော့ တိုင်ဖုန်ကြောင့်ပဲနေမယ်၊ ဒီပင်လယ်စာတွေ လှိုင်းနဲ့ပါလာကြတာ"
ဒီပိုက်ကွန်က နည်နည်ရရ မဟုတ်ဖူးပဲ...။
အားလုံး စုဆောင်းပြီးနောက်တွင် လှေက နောက်ဆုံးတော့ အကာအကွယ် ဆိပ်ကမ်းဆီ ဝင်ရောက်လေသည်။
အကာအကွယ် ဆိပ်ကမ်းကာ ပစ္စည်းများ ကုန်တင်ကုန်ချ လုပ်ဆောင်ခြင်း မရှိသည့် ဆိပ်ကမ်းတစ်ခုဖြစ်သည်။ ၎င်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ လှေများအတွက် မုန်တိုင်းကာလအတွင်း လေပြင်း မုန်တိုင်းတိုက်ခတ်ခြင်းနှင့် လှိုင်းဒဏ်မှ ကာကွယ်ပေးရန် ဖြစ်သည်။
သူတို့ မြို့တွင် လှေကမ်းကပ်သည့် ယွီကျင်း၊ ရန်းထုန် နှင့် ဟန်ရှန်းဟူ၍ ဆိပ်ကမ်း (၃) ခု ရှိသည်။ ၎င်းတို့အနက်မှ ဟန်ရှန်းသည် ကျောက်ချရပ်နားရာနေရာမှ ပင်လယ်ဝအထိ ၃ ကီလိုမီတာခန့် ရှည်လျားသည့် အရှည်ဆုံးနှင့် အကျဉ်းဆုံးဆိပ်ကမ်းဖြစ်သည်။ ထို့အပြင် အပိုဆောင်း ကာကွယ်ရန်အတွက် တောင်ပိုင်းကမူတွင် စံပင်လယ်တံတိုင်းတစ်ခုရှိ၏။ တိုင်ဖွန်မုန်တိုင်းများ တိုက်ခတ်နေချိန်တွင် ဤဆိပ်ကမ်း၌ ကမ်းကပ်ထားသည့် လှေများကာ အတော်လေး ဘေးကင်းလုံခြုံလှသည်။
မီတာ ရာဂဏန်းမျှသာ ကျယ်ဝန်းပြီး ကျဉ်းမြောင်းရှည်လျားသည့် အကာကွယ်ဆိပ်ကမ်းတွင် အရွယ်အစား အမျိုးမျိုး ရှိသော လှေများကို မျက်စိတစ်လျှောက် မြင်တွေ့နိုင်လေသည်။
ဘေးပတ်ပတ်လည် ကြည့်လိုက်ရာတွင် ငါးဖမ်းလှေငယ်အချို့ပေါ်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် လည်ပတ်နေသည့် လေတာဘိုင်များမှလွဲ၍ ကျန်ငါးဖမ်းလှေများကို လုံခြုံစွာချည်နှောင်ထားကြပြီး ငြိမ်သက်နေကြ၏။
လှေကို လုံခြုံအောင်ထားပြီးနောက် အဖေရီကလည်း ကြိုးကို အသေအချာ ချည်နှောင်ခဲ့ပြီး ရီရောင့်သုန်းကို ကမ်းပေါ်မတက်မီ ပစ္စည်းများစုဝေးကာ အိမ်ပြန်ကြရန် ပြောလိုက်သည်။
ရီရောင့်သုန်းက ကျောက်စရစ် လမ်းပေါ်လမ်းလျှောက်ရင်း ငါးပုံးကို သယ်လာခဲ့သည်။ သူ့ဘေးနား ဘတ်စ်ကား တစ်စီး ဖြတ်သွားသည်ကို မြင်လိုက်ရသဖြင့် မျက်မှောင် မကြုတ်ဘဲ မနေနိုင်တော့ကာ
"အဖေ ကျွန်တော်တို့ ဘတ်စ်ကားစီးသွားကြရင် ပိုမမြန်ဘူးလား၊ ဆယ်မိနစ်လောက်ပဲ စီးရမှာလေ၊ လမ်းလျှောက်ရင် အကြာကြီး လျှောက်နေရမှာ"
"မင်းက ဘာဘတ်စ်ကားကို စီးဖို့ ကြံနေတာလဲ။ မင်းခြေထောက်တွေက ခြေတစ်လှမ်းလှမ်းရုံနဲ့ အရမ်းအဖိုးတန်နေပြီလား၊ အိမ်ပြန်ရောက်ဖို့ တစ်နာရီလောက်လေး လမ်းလျှောက်ရမှာကို"
တစ်နာရီ ... ဟမ် ...
သူက သက်ပြင်းချလိုက်ပြီး လူသားများ၏ ခြေထောက် မည်မျှ အရေးပါးကြောင်းကိုလည်း နားလည်လိုက်တော့သည်။
မျိုးဆက်သစ် လူငယ်များအတွက် ခြေထောက်မှာ လွန်စွာ အဖိုးတန်လှ၏။ ရွာတွင်တောင် ငါးမိနစ်လမ်းလျှောက်စာလေးကို လျှပ်စစ်စကူတာလေးဖြင့် မောင်းသွားကြသည်။
ရောင့်သုန်း သူ့အဖေ အနောက်လိုက်လျှောက်ရင်း၊ အိမ်ပြန်ရောက်လာချိန်မှာတော့ သူ့ခြေထောက်မှာ ထုံကျဥ်လုနီးပါး ဖြစ်လာတော့သည်။
အဖေ ရီက ရောင်းချနိုင်မည့် တန်ဖိုးရှိပစ္စည်းများကို ထုတ်လိုက်ပြီး ပုံးထဲသီးသန့်ခွဲထည့်ကာ ...
"မင်းအမေကို ငါးဆေးဖို့ သွားခေါ်လိုက်၊ မင်းလည်းရှိနေမှတော့ ဟိုမှာ အလုပ် ဝိုင်းကူပေးလိုက်အုံး၊ ငါ ဒါတွေ သွားရောင်းလိုက်အုံးမယ်"
အဖေ ကျွန်တော့်ကို အသက်ရှုဖို့ ခဏလေးတောင် ပေးမထိုင်နားခိုင်းတော့ဘူးလား။
ဘေးမှ အဖွားက ;
"ဘာတွေ လောနေတာလဲ။ ရေလေးဘာလေးသောက်ပြီး နားပါအုံး၊ ငါ အခုမှ လက်ဖက်ရည်ကြိုထားတာ အေးဖို့ နည်းနည်း လိုသေးတယ်၊ ရောင့်သုန်း တစ်ခါတည်း ယူသွားလိုက်ရင် အတော်ပဲ"
သူတို့ကို ကြည့်ရင်း အဖေ ရီမှာ စကား အများကြီး ပြောမနေတော့ဘဲ ပုံးကို ဆွဲကာ တံခါးဝမှ ထွက်သွားလေတော့သည်။
မနက်ပိုင်းတွင် နေက တောက်ပဖြာထွက်နေသော်ငြားလည်း နေ့လယ် အရောက်တွင်တော့ တိမ်စိုင်တိမ်မည်းများက အုံဖွဲ့လာကာ ကောင်းကင်တစ်ပြင်လုံး မည်းမှောင်သွားစေ၏။ သို့ရာတွင် ညနေခင်း ရောက်လာသည်နှင့် နေမင်းကြီးက သက်ဆင်းသွားရင် လှပသည့် နေဝင်ချိန်လေးအား ကောင်းကင်ပြင်ကြီးက ရောင်စုံလှသောတိမ်စိုင်များဖြင့် ဖြည့်စွက်ပေးထားလေသည်။ တိုင်ဖွန်အတောအတွင်း ရာသီဉတုမှာ ခန့်မှန်း၍ မရနိုင်ပေ။
တိုင်ဖွန်မုန်တိုင်း စတင်ဖြစ်ပေါ်ချိန်မှစ၍ ကုန်းတွင်းပိုင်းအထိ ရက်ပေါင်းများစွာ ကြာတတ်သည်။ တိုင်ဖွန်မုန်တိုင်း၏ လမ်းကြောင်းပေါ် မူတည်၍ ကမ်းရိုးတန်းမြို့များကို ဒီဂရီအမျိုးမျိုး သက်ရောက်မှုရှိနေ၏။
တိမ်မည်းတွေ စုပြီး မိုးသည်းထန်စွာရွာသည့် သုံးရက်မြောက်နေ့အထိတိုင်အောင် နှစ်ရက်အထိ တိမ်ထူလိုက်၊ နေသာလိုက်ဖြင့် တစ်လှည့်စီလှည့်ပတ်နေသည်။ အိမ်ဝိုင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများမှာလည်း တစ်ဝက်ခန့်ပြီးနေပြီဖြစ်ကာ အလုပ်ပြန်မစမီ တိုင်ဖွန်ပြီးသွားသည့်တိုင်အောင် သူတို့စောင့်ရပေအုံးမည်။
မနက်စာ စားပြီးနောက်တွင် ရီရောင့်သုန်းတစ်ယောက် ပျင်းလာသဖြင့် တံခါး အနီးရှိ ကော်ရစ်ဒါတွင် ဆောင့်ကြောင့်ထိုင်ချကာ ရာသီဥတုအခြေနေကို စူးစမ်းကြည့်နေ၏။ သူ မနက်စာ စားပြီးရုံလေးရှိသေးတာကို နေကဖြင့် ပူနေပြန်ပြီ...။
အိမ်ရှိကလေးများမှာလည်း ငြိမ်ငြိမ်မနေနိုင်ကြတော့ချေ။ မိုးစဲသွားသည်ကို မြင်သည်နှင့် သူတို့အားလုံး ဗွက်အိုင်များကို ပြေးနင်းရန် ထွက်လာကြသည်။ ရီရောင့်သုန်းက သူတို့ကို အကြိမ်ကြိမ် ကြိမ်းမောင်းလိုက်သော်လည်း မတားနိုင်တော့သည်ဖြစ်ရာ ဆက်ပြီး ပြောမနေချင်တော့ချေ။ မည်သို့ပင်ဆိုစေ သူတို့ ရေစိုပြီး နောက်ပိုင်းတွင် အတူတူ ရိုက်နှက်ခံရလျှင် သူ့ ပြဿနာ မဟုတ်။
"အားချင်း အခုမိုးမရွာတော့ဘူးဆိုတော့...မင်း ကမ်းခြေဘက် လမ်းလျှောက်ကြည့်ချင်လား"
သူက အိမ်ထဲတွင် ပိုက်ရက်နေသည့် လင်းရှို့ချင်းအား အော်မေးလိုက်သည်။
"တိုင်ဖွန်ဝင်နေပါတယ်ဆိုကာမှ ဘာလို့ ကမ်းခြေဘက်သွားချင်နေရတာလဲ။ လှိုင်းနဲ့တင် ရှင်ပါ,ပါသွားလိမ့်မယ်"
"ဒီရေက ကျနေပါပြီကွာ၊ အခုအဆင်ပြေသွားပြီ နေကလည်း ထွက်နေပြီ၊ သွားစို့လေ......"
"ကျွန်မ အလုပ်များနေတယ်...."
"ပိုက်ရက်တာက ဘယ်ချိန်ရက်,ရက်ရတာပဲကွာ၊ လမ်းပတ်လျှောက်ပြီး လှိုင်းတွေသွားကြည့်ရအောင်ပါ"
သူက သူ(မ)အား စကားပြောရင်းဖြင့် ဆွဲခေါ်လိုက်သည်။
အိမ်ထဲတွင် မိသားစုဝင်အများကြီးဖြင့် သူတို့နှစ်ယောက် ယခုလို စကားများလိုက်၊ ဆွဲလိုက်, လုပ်နေကြသည်က အမြင် မတော်လှချေ။ လင်းရှို့ချင်းတစ်ယောက် သူနှင့် လိုက်သွားရန်မှ တစ်ပါး ရွေးချယ်စရာ မရှိတော့ကာ သူ(မ)ရဲ့အလုပ် နှောင့်နှေးတော့မည် ဖြစ်ကြောင်း အကြိမ်ကြိမ်ပြောဆို၍ ပါသွားတော့သည်။
ရလဒ်အနေဖြင့် သူတို့အိမ် အပြင်ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် သူ(မ)အား ချက်ချင်းဒေါသထွက်သွားစေသည့် ဗွက်အိုင်ထဲတွင် ဆော့ကစားနေကြသည့် ကလေးတစ်အုပ်ကို မြင်လိုက်ရကာ ...
"အကြီးဆုံး အစ်မ၊ ဒုတိယ အစ်မ၊ ဒီအကောင်စုတ်လေးတွေ ရေထဲမှာကစားနေကြတာ အကုန်လုံးစိုကုန်ပြီ"
အိမ်ထဲမှ အရိပ် နှစ်ခုက ပြေးထွက်လာပြီး သိပ်မကြာလိုက်ခင် ကလေးများ၏ အော်သံကို ကြားလိုက်ရလေသည်။
လင်းရှို့ချင်းက ကလေးများအား ဆူငေါက်ကာ အဝတ်အစား လဲပေးပြီးနောက်တွင် သူ(မ)မှာ ကမ်းခြေဆီသို့ ရီရောင့်သုန်း၏ ဆွဲခေါ်ခြင်းကို ခံရလေသည်။
သူတို့ နှစ်ဦး လမ်းလျှောက်ရင်း သူ(မ)က
"ဒီလို မုန်တိုင်းတွေ တိုက်နေတာကို ခဏနေ မိုးကပြန်ရွာတော့မှာ၊ ရှင် ဘာလို့ ကျွန်မကို ဆွဲခေါ်လာရတာလဲ။ ကမ်းခြေနဲ့ ဝေးဝေးနေတာ မဟုတ်ဘဲနဲ့၊ အားလုံးလည်း အထဲမှာနေနေကြတာ ရှင်ပဲ အပြင်ထွက်ချင်နေ...."
"တော်ပါတော့ မိန်းမရယ်၊ ငါ မင်းကို ခေါ်လာတယ်ဆိုတာကလည်း ကောက်လို့ရမဲ့ အကောင်လေးများ ရှိမလားလို့လေ"
"ဘာကို သွားကောက်ရမှာလဲ။ ကောက်ဖို့ အကောင်ရှိတယ်ဆိုတာ ရှင်က ဘယ်လိုသိလဲ"
"ငါတို့ သွားကြည့်တဲ့အခါ မင်း သိလိမ့်မယ်"
"ကျွန်မတို့ ပုံးလည်း မယူမိဘူး...."
"ငါ့အိတ်ကပ်ထဲမှာ အိတ်ပါလာတယ်"