Chapter 36

2K 152 1
                                    

Chapter 36
November 05, 2023
အပိုင်း (၃၆)

လှေငှားလို့ရကြောင်း အတည်ပြုပြီးမှ ရီရောင့်သုန်းတစ်ယောက် စိတ်သက်သာရာရကာ အိမ်သို့ပြန်လာခဲ့သည်။ သို့သော်လည်း လမ်းတစ်ဝက်ရောက်ခါမှ ရုတ်တရက် အိမ်ဆောက်လုပ်ရေးသည် နောက်တနေ့တွင် စတော့မည်မှန်း သတိရသွားသည်။ ထို့ကြောင့် ချက်ခြင်းပင် ဦးတည်ချက်ပြောင်းကာ အိမ်ဆောက်ရာ နေရာဆီသို့ သွားခဲ့သည်။

ယနေ့တွင် အစ်ကို အကြီးဆုံးက အိမ်မှာနေပြီး အဖေနှင့် အစ်ကိုငယ်က ပင်လယ်ပြင်ထွက်သည့် အလှည့်ပင်။ မနက်က အစ်ကိုကြီးသည် မနက်စာစားပြီးတာနှင့် မြေဝါသယ်ဖို့ တောင်ပေါ်တက်မည်ဟု သူ့အား ပြောသည်။ မည်မျှ သယ်သည်ကိုရှင်းရှင်းလင်းလင်း မသိသော်လည်း တွေးကြည့်သောအခါ ကိုယ့်ကိုကိုယ် အနည်းငယ် ရှက်မိသည်..။

အချို့လူတွေရဲ့ ဘဝများ ပိုကောင်းမွန်လာရခြင်းသည် အကြောင်းရင်းရှိ၏။ အလုပ်ကြိုးစားခြင်းသည် ချမ်းသာမှုဆီသို့ ဦးတည်သည်။

သို့သော်လည်း ယနေ့သည် နှစ်သစ်ကူး၏ ပထမရက်ဖြစ်သဖြင့် ထူးထူးခြားခြား ဒီရေအလွန်ကျသည်။ လှေကို ငှားပြီးပြီမို့ အစ်ကိုကြီးကို အကြာကြီးကူညီနိုင်မည်မထင်။

ဒါကြောင့် သူ အေးအေးဆေးဆေး နေလို့ မရတော့ဘဲ အရှိန်မြှင့်လိုက်သည်။

အိမ်နေရာသို့ ရောက်သောအခါ လူ၏အရပ်ထက်ဝက်ခန့်ရှိသော အဝါရောင်မြေပုံကြီး ရှိနေသည်။ သို့သော် သူ့အစ်ကိုကြီး၏ အရိပ်အရောင် မတွေ့ရ။ သစ်ပင်ရိပ်အောက်တွင် လက်ဖက်ရည်အိုးကြီး တစ်လုံးတော့ ရှိနေသည်၊ ဒါကြောင့် အစ်ကိုကြီးတစ်ယောက် မြေထပ်သယ်နေမှန်း သူသိလိုက်သည်။ သူသည် သစ်ပင်ကို မှီ၍ ခဏ‌လောက်တော့ ဝင်ကူရန် တွေးမိသည်။

ပြန်လည် မွေးဖွားလာပြီးနောက် သူ၏ စိတ်သည် တည်တည်တံ့တံ့ရှိနေပြီ ဖြစ်သည်။

မိနစ် အနည်းငယ်ပင် စောင့်ရသေးသည် အစ်ကို

အကြီးဆုံးတစ်ယောက် မီးခိုးရောင် နှစ်ဘီးတပ်တွန်းလှည်းကို သူ့ဘက်ဆီသို့ တွန်းလာသည်ကို မြင်လိုက်ရသည်။

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now